နိုင်ငံခြားအလုပ်သွားလုပ်ရန် လ၀ကရုံးတွင်မှတ်ပုံတင်ပြုလုပ်သူ များပြား

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်အတွင်း နေထိုင်သောပြည်သူလူထုများသည် ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ရန် ဆီဆိုင်မြို့ လ၀ကရုံးတွင် အမျိုးသား အများအပြား မှတ်ပုံတင်လာပြုလုပ်ကြကြောင်း သိရသည်။

“စိုက်ပျိုးတဲ့ သီးနှံတွေ ဈေးမရှိဘူး။ ဈေးမရှိတော့ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိဘူး။ စားဝတ်နေရေးအတွက် မလုံလောက်တော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့၊ မှတ်ပုံတင် လာပြုလုပ်ရခြင်း ဖြစ်တယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။

လ၀ကရုံးတွင် မှတ်ပုံတင်လာရောက်လုပ်ကိုင်သူများသည် ပအိုဝ်းနှင့် ရှမ်းလူမျိုးများ အများဆုံးဖြစ်ပြီး ။ အများစုသည် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် မှတ်ပုံတင် လာပြုလုပ်ခြင်းဖြစ်ကြောင်း လ၀ကရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မှတ်ပုံတင်ပြုလုပ်ရာမှာ ရဲထောက်ခံစာ လိုအပ်တယ်၊ ရဲထောက်ခံစာ သွားယူရာမှာ ရန်ပုံငွေအတွက် ငွေကြေးတောင်းခံတယ်။ လ၀ကရုံးရောက်တော့ မှတ်ပုံတင်ပြုလုပ်တဲ့အခါမှာလည်း ရန်ပုံငွေအတွက် ငွေကြေးပေးရတယ်” ဟု မှတ်ပုံတင်ပြုလုပ်သူ ခွန်ရမ်ဗိုက ပြောသည်။

No comments: