ပြန်လည်လုပ်ကိုင်ခွင့်ရမြေယာကို အေဒင်ကုမ္ပဏီမှာလာကန့်ကွက်

နန်းဒီမိုကရေစီ | မေလ ၃၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ဂေါက်ကွင်းအနောက်ဘက်ရှိ နောင်အင်ရွာသားများ ပိုင်ဆိုင်သော မြေယာများကို အမှတ်(၂) စစ်တပ်က ၂၀၀၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ယခုအခါ မြေယာအချို့ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးသော်လည်း မေလ ၂၈ ရက်နေ့တွင် မြေယာ ပိုင်ရှင်ဖြစ်သူ ဦးခွန်တပိုးက ပြန်လည်လုပ်ကိုင်ရာ အမည်မသိသူတချို့က လာကန့်ကွက်ကြောင်း သိရသည်။

“မသိမ်းဆည်းခင်က လယ်စပါး၊ ကြံ သီးနှံများ စိုက်ပျိုးကြတယ်၊ စစ်တပ်က ဂေါက်ကွင်းတည်ဆောက်ရန်ဆိုပြီး သိမ်းဆည်းခဲ့တဲ့နောက်ပိုင်းမှာ လုပ်ကိုင်စရာမရှိတော့သဖြင့် စားဝတ်နေရေးလည်း အဆင်မပြေတော့အတွက် သားသမီးတွေက ယိုးဒယားနိုင်ငံမှာ အလုပ်သွားလုပ်ရတယ်၊ အခက်အခဲများကြုံတွေ့ရတယ်၊” လယ်မြေအသိမ်းခံရသူ ဦးတပိုးက ပြောသည်။

ဧကပေါင်း ၇၀ သိမ်းယူ၍ ၂၀၁၃ ခုနှစ်တွင် သက်ဆိုင်ရာဌာနထံ ပြန်လည်တောင်းခဲ့သည်။ မေလ ၁၅ ၇က် ၂၀၁၄ ခုနှစ်တွင် ၄၂ ဧက ပြန်လည်လုပ်ပိုင်ခွင့်ရသည်ဟု အေးသာယာ အုပ်ချုပ်ရေးမှူးက လယ်ယာမြေပိုင်ရှင်ဦးတပိုးကို အကြောင်းကြားခဲ့သည်။

မေလ ၂၈ ရက်တွင် ဦးတပိုးက လူတစ်ဦးအား မြေယာကို မြေထွန်ခိုင်းခဲ့ရာတွင် အမည်မသိ အေဒင်ကုမဏီအဖွဲ့သားများ ရှစ်ဦးက မြေယာမထွန်သေးရန် ဦးတပိုးနှင့် စကားပြောဦးမည်ဟု လာကန့်ကွက်သည်။

လယ်ယာမြေကို ပြန်ရနိုင်ရန် မြို့နယ်ထွေအုပ်ရုံးကို သွားပြီးဆက်လက်ဆောင်ရွက်ဦးမည်ဟု ဦးခွန်တပိုးက ဆက်လက်ပြောသည်။

No comments: