လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာမီးရှူး (ဒုံး) ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး လက်ပြတ်ဒဏ်ရာရရှိ


နန်းဟွမ်စု (ပင်လောင်း) | မေလ ၃၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တင်းထက်ရွာတွင် လူအများက လူးဖဲုင်းခေါ် ပအိုဝ်းရိုးရာ မီးရှူး (ဒုံး) ပြုလုပ်နေစဉ် မတော်တဆကြောင့် မီးရှူး(ဒုံး) ပေါက်ကွဲပြီး လူတစ်ယောက်ဒဏ်ရာရရှိကြောင်း သိရသည်။

ပအိုဝ်းရိုးရာမီးရှူး (ဒုံး) ပေါက်ကွဲပြီး ဒဏ်ရာရရှိသူတစ်ဦးသည် ညာလက်မောင်းတစ်ဖက်တွင် ယမ်းမီးထိခိုက်မှုဒဏ်ရာကြောင့် လက်ခလယ်နှင့် လက်သန်းနှစ်ချောင်းပြတ်သွားပြီး တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် ၁၉ ရက်ကြာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

မီးရှူး (ဒုံး) ပေါက်ကွဲရခြင်းမှာ မီးရှံးပြုလုပ်ရာတွင် သေသေချာချာမစစ်ဆေးခြင်းနှင့် ပေါ့ဆမှုကြောင့် ယမ်းကို မီးဖြင့် ထိမိပြီး ပေါက်ကွဲရခြင်းဖြစ်သည်ဟု ဒေသခံ ခမ်းမူက ပြောသည်။

မီးရှူး (ဒုံး) လွတ်တင်ရာတွင်လည်း မီးရှူးစင်ပေါ် မီးရှူးရှို့သည့်နေရာတွင် လူတွေအတွက် ထိခိုက်မှု အန္တရာယ်ရှိကြောင်း၊ မီးရှူး (ဒုံး) လွတ်တင်ခြင်းကို ကြည့်သောပရိတ်သတ်လည်း အန္တရာယ်ရှိကြောင်း သိရသည်။

ပအိုဝ်းရိုးရာမီးရှူး ( ဒုံး) လူးဖဲုင်သည် ပအိုဝ်းဒေသများတွင် တစ်နှစ်တစ်ခါ ပြုလုပ်ပြီး မိုးခေါ်ခြင်းနှင့် ရိုးရာဓလေ့ဟု အများက လက်ခံထားပေမဲ့ တစ်ကဲ့ လူးဖဲုင်း၏ သမိုင်းကို သေချာရေရာ မသိကြကြောင်း၊ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း အလွန်များပြားကြောင်း၊ ဥပမာ လောင်းကစားပြုလုပ်ခြင်း၊ အရက်သေစာ သောက်စားသူများ ပိုမိုများပြားလာခြင်းတို့ ဖြစ်လာကြောင်း သိရသည်။



No comments: