လူငယ် နှင့် တက္ကသိုလ်ကျောင်းသူ/သားများအတွက် လူငယ်များကယ်တင်ခြင်း ဖြစ်သော “Youth Class” အတန်း စသည်ခြင်း။

ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်သည် ၂၀၁၀ ခုနှစ်မှစတင်ပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန် First Semester နှင့် Second Semester ကာလတွင်တက္ကသိုလ်ကျောင်းသသူ/သားများအတွက် အင်္ဂလိပ် စာနှင့် အခြားလူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး ၊ နိုင်ငံခြားပညာတော်သင်အခွင့်အလမ်းများစည့် အထွေထွေ ဗဟုသုတများကို လေ့လာနိုင်ရန် Youth Class ဆိုသော ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေရာတစ်ခု ဖန်တီးပေးနေပါသည်။

ရည်ရွယ်ချက်

- အနယ်နယ်အရပ်ရပ်မှတက်ရောက်ပညာသင်ယူနေသော တက္ကသိုလ်ကျောင်းသူ/သားများ အချင်း ချင်းတွေ့ဆုံပြီး ၀ါသနာတူ လူငယ်များအကြားဆက်သွယ်မှုကွန်ယက်များအားကောင်း လာစေရန်။
- အင်္ဂလိပ်စာဘာသာရပ်သင်ယူမှုအပြင် လူငယ်များ အနေဖြင့် မိမိတွင်ရှိနေသောအရည်အချင်းများ ကိုဖော်ထုပ်ပြီး မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တတ်သော အလေ့အထများရှိလာစေ ရန်။
- လူငယ်များ အချိန်ကိုကောင်းမွန်စွာအသုံးချပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု၊ အများရှေ့စကားပြောခြင်း (Public Speaking)၊ တာဝန်ယူမှု/ခံမှု စသော အသိစိတ် ဓာတ်များ နှင့် အရည်အချင်းများဖွံ့ဖြိုးလာစေရန်။

သင်ကြားမည့် ဘာသာရပ်များ

1. Basic English
2. Introduction to Democracy
3. Active Listening
4. Smart Talk
5. Inter-Culture Communication
6. Assets Based Community Development (ABCD)
7. What is peace?
8. Media (Social & Mass)
9. What is Federalism?
10. Gender
11. Team Building
12. Leadership Skills
13. Human Rights
14. Public Speaking

အခြား Activities များမှာ စနေ၊ တနင်္ဂနွေနေ့အပတ်စဉ်တိုင်းတွင် Reading Club, Touch Stone Discussion, Music Class, Field Trip, စသည့်လူငယ်များစိတ်ဝင်စားနိုင်သော အရာများကိုသာ အခြေခံပြီး စီစဉ်ထားပါ သည်။

Reading Club သည် လူငယ်များစာဖတ်စွမ်းရည်အားကောင်လာစေရန် နှင့် လူငယ်အချင်းချင်းကြား အမြင် များကိုဖလှယ်ပြီး စာအုပ်များတွင်လည်း ကောင်ရွေရုံးတွင် စာကြည့်တိုက်သေးသေးလေးလည်းဖွင့် ထားပေးပါသည်။

Touch Stone Discussion သည် ခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီး သင်ပြသူတစ်ဦးက တာဝန်ယူပြီး အပတ်စဉ်တိုင်းတွင်အင်္ဂလိပ်ဝန်းကျင်းတစ်ခုဖြစ်သောကြောင့် အင်္ဂလိပ်လိုဖြင့် ဆွေးနွေးသွားသည်။ ဤဆွေးနွေးပွဲ ပထမပိုင်းတွင် အုပ်စုလိုက်ဆွေးနွေးပြီး ဒုတိယပိုင်းမှာ ခေါင်းစဉ်ကိုတာဝန်ယူထားသော သူသည် သူ့ရဲ့အမြင်သဘောထားကိုတင်ပြီးနောက်မှာ အပြန်အလှန်မေးခွန်းများဖြင့် ဆွေးနွေးသွားသည်။

Music Class & Field Trip သည် လူငယ်များမပျင်းရိသွားအောင် ဂိတအနုပညာ အတန်းမှာ ဂီတအတူတူသီးပြီးသီးချင်းသီဆိုခြင်း၊ လူငယ်များအချင်းချင်းကြား ခရီးအတူတူသွာားခြင်းစသည် အစီစဉ်များကိုလည်းပါဝင်သည်။ ထို့ကြောင့်ပါဝင်တက်ရောက်လိုသော လူငယ်များအနေဖြင့် အောက်ပါအတိုင်း အမြန်ဆုံးလာရောက်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ဤလုပ်ဆောင်ချက်များအားလုံးသည် ကျတော်တို့ American Center နှင့် Diplomatic School စသည် ကျတော်တို့မိတ်ဖက်အဖွဲ့အစည်းများ လုပ်ဆောင်ချက်များကိုလေ့လာပြီးကျတော်တို့အသိုင်းအ၀ိုင်းလည်း လွန်စွာအရေးကြီးသည်ကိုသေချာလေ့လာပြီးဆောင်ရွက်သွားရခြင်းဖြစ်သည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်။ ။ ၂၃.၆.၂၀၁၄ မှ ၁၀.၈. ၂၀၁၄ထိ
အချိန် ။ ။ အပတ်စဉ် တနင်္ဂလာနေ့ မှ တနင်္ဂနွေထိတွင် လုပ်ငန်းစဉ်အသီးသီးရှိကြသည်။
နေရာ ။ ။ အမှတ် ၃၀ ၊ သစ္စာလမ်း၊ အရှေ့ပင်စင် ၊ ကျောင်းကြီးစုရပ်ကွက် တောင်ကြီးမြို့၊ ကောင်ရွေရုံး၊ (story Café) အပေါ်ဘက်။

ဆက်သွယ်ရန်

- ခွန်ဝင်းဦး ( ၀၉၂၅၀၆၂၆၈၉၁)
- ခွန်ထွန်းကြည် ( ၀၉၄၂၈၃၂၀၁၂၆)

မှတ်ချက် ။ ။ သင်တန်းကာလတွင် အသုံးပြုမည့်စာရွက်စာတမ်းများအတွက် (၅၀၀၀) ကျပ်နှုန်းဖြင့် ကောက်ယူသွားပါမည်။

No comments: