သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာပံ့ပိုးရေးအဖွဲ့တို့မှ ပူးပေါင်းစီစဉ်ပြီး ရှမ်းပြည်နယ်ရှိ သတင်းသမားများ အတွေ့အကြုံနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၈ ရက် တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု စာသင်ဆောင်တွင် ကျင်းပကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ထုတ်ပြန်ထားသော မီဒီယာကျင့်ဝတ်မူကျမ်းများကို စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များဖြစ်သော ဆရာဒေါက်တာမျိုးသန့်တင့်နှင့် ဆရာဦးရဲမင်းဦးတို့က တင်ပြ ဆွေးနွေးပြီး အနှစ်သာရ နှင့်ချဉ်းကပ်သွားကြောင်း၊ တက်ရောက်လာသော ရှမ်းပြည်နယ်မှ သတင်းသမားများအား ဆွေးနွေးခြင်း အကြံပြုခြင်းများ ပြုလုပ်ကာ ရှေ့ဆက်လုပ်ဆောင်ရမည့် အချက်များ ဆက်လက်ဆွေးနွေးကြောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီများသည် နိုင်ငံသားတိုင်း သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊ အငြင်းပွားမှုများကို နှစ်ဘက်ညှိနိုင်းဖြေရှင်းပေးရန်၊ မီဒီယာသမားများအား ကြားခံအနေဖြင့် ဖြစ်ပေါ်လာမည့် ပဠိမက္ခများကို ဆွေးနွေးညှိနိုင်းမှုများ ပြုလုပ်ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ သတင်းသမားများ ၃၀ ကျော် တက်ရာက်ပြီး၊ ဆရာဦးရဲမင်းဦး (ယာယီ) ကောင်စီအဖွဲ့ဝင်မှ ဒီမိုကရေစီစနစ်တွင် သတင်းစာဆရာများ၏ အခန်းကဏ္ဍ၊ သတင်းစာဆရာများ အရေးပါမှု၊ သတင်းစာဆရာများ၏ ရည်မှန်းချက်များ၊ သတင်းကျင့်ဝတ်၏အရေးကြီးမှုများကို ဆွေနွေးသွားခဲ့ပြီး၊ ဆွေးနွေးပွဲကို ညနေ ၄ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

No comments: