တောင်ကြီးမြို့ မြို့မဈေးကြီးအနီးက အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဆိုင်ကယ်ရပ်နားတဲ့နေရာမှာ ကားတွေဖြင့် ပြည့်နှက်နေ

By ဖိုးဇေ | ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ မြို့မဈေးကြီးမှာ ယခင်က ဆိုင်ကယ်အပ်နှံရန်နေရာများဖြင့် ပြည့်နှက်နေလျှက်ရှိသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ဈေးကြီးပတ်ဝန်းကျင်တွင် မော်တော်ဆိုင်ကယ်မျာနဲ့ ပြည့်နှက်နေလျှက်ရှိပြီး ကန်ထရိုက်တို့ရဲ့ ဆိုင်ကယ်အပ်နှံဖို့ ပြောဆိုအော်ဟစ်နေတာတွေဟာလည်း ဈေးသွားဈေးလာများနှင့်တကွ အများပြည်သူများရဲ့ စိတ်ကို အနှောက်အယှက်ဖြစ်စေခဲ့တာဟာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီလို့တောင် ပြောလို့ရပါတယ်။

သို့သော်လည်း ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၉ ရက်နေ့လောက်ကစပြီး မော်တော်ဆိုင်ကယ်တွေဟာ လမ်းဘေးမှာ စည်းကမ်းမဲ့စွာ အပ်နှံရပ်ထားခြင်းများကို မမြင်တွေ့ရတော့ပဲ ခမ်းလီရွေဆိုင်ရှေ့ရှိ ယခင်တပ်မတော်အစိုးရလက်ထက်က ဈေးဆိုင်ခန်းပြုလုပ်ဖို့အတွက် ဆောက်လုပ်ရန် လျာထားတဲ့ နေရာမှာ စနစ်တကျ ရောက်ရှိသွားခဲ့လို့ သိရပါတယ်။

ယင်းကဲ့သို့ အခြေခံလူတန်းစားများနဲ့ နိုင်ငံ့ဝန်ထမ်းများ အများစု စီးနင်းအသုံးပြုလျှက်ရှိတဲ့ မော်တော်ဆိုင်ကယ်တွေဟာ စနစ်တကျနဲ့ နေရာရ တင့်တည်သွားသော်လည်း ငွေရှိရင်ဘာမဆို ဖြစ်တယ်လို့ များသောအားဖြင့် ခံယူထားကြတဲ့ လူချမ်းသာတဲ့ အသိုင်းအ၀ိုင်းများ အများဆုံးအသုံးပြုတဲ့ မော်တော်ယာဉ်များကတော့ ဖြူနီကြားမရှောက် ပိုလို့တောင် များပြားလာခဲ့တယ်လို့ သိရှိရပါတယ်။

မော်တော်ယာဉ်များ ဈေးအနီး လမ်းမကြီးပေါ်မှာ ရပ်တန့်ထားခြင်းကြောင့် ယာဉ်ကြောရှုတ်ထွေးနေ
လျှက်ရှိသည့်အပြင် မြို့တော်တောင်ကြီးကို ပိုလို့တောင် ဂုဏ်သရေမှေးမှိန်စေလျှက်ရှိတယ်လို့ ငြီးငြူသံတွေ ကြားသိလာရပါတယ်။




9 comments:

ဗညား said...

ယာဉ်ထိန်းတွေကဘာလုပ်နေကြတာလဲ။ပိုက်ဆံရမဲ့ယာဉ်တွေဘဲဖမ်းစားမှာလား။မင်းတို့အဘကားတွေကြမပြောတော့ဘူးလား။ကန်းနေတာလား။အနေတာလား။

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေလဲ။ပိုက်ဆံလိုက်ရှာနေလား

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေလဲ။ ပိုက်ဆံရှာနေလား

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေလဲ။ပိုက်ဆံရှာနေလား

ဗညား said...

ယဉ်ထိန်းတွေဘာလုပ်နေလဲ။ပိုက်ဆံရှာနေလား

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေလဲ။ ပိုက်ဆံရှာနေလား

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေလဲ။ ပိုက်ဆံဘဲရှာနေတော့မှာလား

ဗညား said...

ဘာလုပ်နေလဲ ။ပိုက်ဆံဘဲရှာနေမှာလား

ဗညား said...

ယာဉ်ထိန်းတွေဘာလုပ်နေကြလဲ။ပိုက်ဆံဘဲရှာနေတာလား