ဥရုကွေးအိမ်ပြန်၍၊ နယ်သာလန် ဗိုလ်လုပွဲမှာ စောင့်နေပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၆) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ယနေ့စီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရာမှာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကတည်းက တစ်ပွဲမှ မရှုံသေးတဲ့ နယ်သာလန်အသင်းက တောင် အမေရိကတိုက်မှ နောက်ဆုံးကျန်ရှိတဲ့ ဥရုးကွေးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ခြေအသာနဲ့ အနိုင်ယူကစားခဲ့ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖိုင်နယ် ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ တက်လာမည့် ဂျာမနီ သို့မဟုတ် စပိန်အသင်းတို့ကို အရင်ဦးဆုံး ကြိုစောင့်နေပါပြီ။

ပြိုင်ပွဲစစချင်း ၁၅ မိနစ်လောက်ကြာသည့်အထိမှာတော့ ဟိုဘက် ဒီဘက် အပြန်အလန် တိုက်စစ်ဆင် ထိုးဖေါက်ကစားခဲ့ပြီးတော့ ခြေတွေ သိပ်မကွာခဲ့ပေမယ့် ပထမပိုင်း (၁၈) မိနစ်လောက်မှာ ကျောနံပါတ် ၅ အသင်းခေါင်းဆောင် ဗဲန်ဘရော့ခေါတ် မှ ဘယ်ဘက်ကနေ စွဲတက်လာပြီးတော့ ဘယ်ခြေနဲ့ ပဲန်နယ်တီဧရိယာအပြင်ဘက် ၃၅ ကိုက် လောက်ကနေ ကန်သွင်းလိုက်ရာ ဟော်လန်မှ ဦးဆောင်ဂိုး အရင်သွင်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ နယ်သာလန်က ပိုပြီးဖိကစားလာပြီးတော့ ဥရုကွေးရဲ့ နောက်တန်းကို မကြာခဏ ဒုက္ခပေးခဲ့ပါတယ်။

ဥရုကွေးအသင်းဟာ အဖရိကတိုက်က ဂာာနာအသင်းနဲ့ ကွာတားဖိုင်နယ်မှာ ကစားခဲ့တုန်းက ပြိုင်ပွဲပြီးဖို့ နောက်ဆုံး မိနစ်မှာပဲ Black Stars လို့ ခေါ်တဲ့ ကာနာအသင်းရဲ့ ခေါင်းတိုက်သွင်းပြီး အနိုင်ယူမည့်ဂိုးကို ရှေ့တန်းကစားသမား လူးဝစ်ဆွာရဲစ်မှ လက်နဲ့ကာကွယ်ပုတ်ထုတ်ခဲ့လို့ ကာနာအသင်းကို ဂိုးအပေး မခံခဲ့ရပဲ ယနေ့ယှဉ်ပြိုင်ခဲ့တဲ့ စီမီးဖိုင်နယ်အဆင့်ကို ရောက်လာခဲ့တာပါ။

ဥရုကွေးရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ လူးဝစ်ဆွာရဲစ် ကလဲ အဲဒီမှာပဲ အနီကပ်နဲ့ ပြိုင်ပွဲကနေ ထုတ်ခံရပြီးတော့ ကာနာအသင်းက ပဲန်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ၀င်အောင်မကန်နိုင်ခဲ့လို့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ပဲန်နယ်တီ အဆုံးအဖြတ်နဲ့ ကာနာအသင်းကို အနိုင်ယူပြီးတော့ စီမီးဖိုင်နယ်အဆင့်ကို ရောက်လာခဲ့တဲ့ တောင်အမေရိကတိုက်က လက်ကျန်အသင်း တစ်သင်းပါ။

နယ်သာလန်အသင်းဟာ ဒုတိယပိုင်းအချိန်မှ ၀က်စလီစနီဒါနဲ့ အာဂျန်ရောဘင်တို့ သွင်းခဲ့တဲ့ ဂိုးနဲ့ ဥရုကွေးအသင်းကို အနိုင်ယူပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံး ဖိုင်နယ်အဆင့်ကို နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပထမဆုံးအကြိမ်ပြန်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ်ဗိုလ်လုပွဲကို ၁၉၇၄ ခုနှစ်မှာတုန်းက အနောက်ဂျာမနီကို ၂ ဂိုး ၁ ဂိုး၊ ၁၉၇၈ ခုနှစ်မှာက အာဂျင်တီးနားကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနှိမ့်ခဲ့ပြီးတော့ ဒုတိယနေရာကို နှစ်ကြိမ်ဆက်တိုက် ရခဲ့ပါတယ်။ ယခုနှစ်အကြိမ်အပါအ၀င်ဆိုရင် ဖိုင်နယ်ရောက်တာ ၃ ကြိမ်ရှိပြီးဖြစ်ပါတယ်။

ပထမပိုင်းပြီးဖို့ ၅ မိနစ် အလိုလောက်မှာ ဒီယာကိုဖေါ်လန်မှ ပဲန်နယ်တီ ဧရိယာအပြင်ဘက် ရှေ့တည့်တည့် ကိုက် ၃၅ လောက်မှာပဲ နယ်သာလန်နောက်တန်းကို ဘယ်ပြန် ညာလှည့်ပြီး ဘယ်ခြေနဲ့ သွင်းလိုက်ရာ ခြေပဂိုး ပြန်သွင်းနိုင်ခဲ့သည်။ ပြိုင်ပွဲပထမပိုင်းမှာ နှစ်သင်းစလုံးမှ အသင်းခေါင်းဆောင်ကသာ ဘောကို စွဲယူကစားပြီးတော့ အဝေးဘောကနေ တစ်ဂိုးစီသွင်း၍ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတဲ့အချိန်မှာ နယ်သာလန်အသင်းမှ ဆက်တိုက် တိုက်စစ်ဆင်ဖိကစားရင်းနဲ့ ၆၉ မိနစ်မှာ ကျောနံပါတ် (၁၀) စနစ်ဒါမှ ပဲန်နယ်တီဧရိယာကနေ သွင်းလိုက်ရာ နယ်သာလန်အတွက် ဒုတိယဂိုး ပြန်ရခဲ့ပါတယ်။ နောက်ထပ်မကြာဘူး ၇၃ မနစ်မှာ လီဗာပူးတိုက်စစ်မှူး ကျောနံပါတ် (၇) ဂတ် က ညာဘက်မှ ကန်တင်ပေးပြီး ရောဘင်မှ ခေါင်းတိုက်သွင်းခဲ့ရာ ဂိုးအတွင်း ဘယ်ထောင့်ကနေ၀င်သွားပြီး ဥရုကွေးဂိုးသမား Muslera က မကာကွယ်နိုင်ပဲ နယ်သာလန်မှ တတိယဂိုး ထပ်ရခဲ့ပါတယ်။

အချိန်ပိုအပါအ၀င် ပြိုင်ပွဲပြီးခါနီး ၉၂ မိနစ်မှာ ပါရီရာ တိုက်ရိုက်ကန်တင်တဲ့ပြစ်ဒဏ်ဘောမှ တဆင့် ဥရုကွေးက ဒုတိယ ခြေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒုတိယခြေပဂိုး ပြန်သွင်းပြီးတော့ ဥရုကွေးက မျော်လင့်ချက်လေး နဲနဲပြန်ရှင်လာခဲ့ပြီးတော့ နောက်ဆုံးအချိန်လေးမှာ လူကုန် အားကုန်ရှေ့တက်ပြီးတော့ အသကုန်ကြိုးစားခဲ့ပေမယ့် အချိန်မမီတော့ပေ။ ၉၅ မိနစ်လောက်မှာ ကွင်းလယ်တိုင်က ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတယ်။

နယ်သာလန်အသင်းက ရှေ့တန်း ညာတောင်ပံ ကစားသမား အာဂျန်ရောဘဲန်နဲ့ ဘယ်တောင်ပံက ကျောနံပါတ် (၇) ဂတ်တို့မှ နှစ်ဘက်ညပ် တည်တင်ပေးပြီး ရှေ့တန်းအလယ်တိုက်စစ် ဘန်ပါစီနဲ့ စနီဒါတို့နှစ်ယောက် ထိုးစစ်ကို ဥရုကွေးရဲ့ နောက်တန်းသမားတွေက ကြာရှည် မခံနိုင်ခဲ့ပေ။

ကွာတားဖိုင်နယ်အဆင့်ထိ ၄ သင်းတောင် တက်ရောက်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲကို ခရီးလမ်း တ၀ှက်အထိ အရှိန်ကောင်းစွာ ကြီးစိုးလာခဲ့တဲ့ တောင်အမေရိကနိုင်ငံက အသင်းတွေဟာ ကွာတားဖိုင်နယ်အဆင့်ကိုတော့ တစ်သင်းသာ ကျော်လွားနိုင်ခဲ့ပြီး စီမီးဖိုင်နယ်အဆင့်ကို ရောက်ပြန်တော့ လုံးလုံးပြောင်သွားပါတော့တယ်။ နောက်ဆုံးတော့ ဥရောပမှ အသင်းကပဲ ၂၀၁၀ ရဲ့ဖလားကြီးကို ဆက်လက်ပြီးတော့ သယ်ဆောင်သွားရှာပါတယ်။

No comments: