အစကောင်းလဲ အနှောင်းမသေချာတဲ့ ဘရာဇီးအသင်း သရဖူနဲ့ဝေးရပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၂) ရက်၊ ၂၀၁၀။ သောကျာနေ့

နယ်သာလန်အသင်းက ၅ ကြိမ်ကမ္ဘာ့ဖလားချန်ပီယံပိုင်ရှင် နာမည်ကြီး ဘရာဇီးအသင်းကို ပြိုင်ပွဲဒုတိယပိုင်းအချိန် သွင်းယူခဲ့တဲ့ဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို ကျော်လွား၍ လာမည့် စီမီးဖိုင်နယ်ပွဲ အဆင့်မှာ တက်ရောက်လာမည့် ကာနာသင်း သို့မဟုတ် ဥရုကွေးအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


ကျန်ရှိတဲ့ အသင်း ၈ သင်းများအနက် ဘရာဇီးအသင်းသာ သရဖူဆောင်းနိုင်ဖို့ အလားလာအကောင်းဆုံး အသင်းဖြစ်ပြီးတော့၊ ယနေ့ကွာတားဖိုင်နယ်ပွဲမှာလည်း ဘရာဇီးသာ အနိုင်ယူလိမ့်မယ်လို့ ပြိုင်ပွဲမစခင် ကမ္ဘာ့ဖလားဘော်လုံးပရိတ်သတ်များ၊ ပြိုင်ပွဲအပေါ် အချိန်မလပ် စောင့်ကြည့်ပြီးတော့ ထင်မြင်ချက် သုံးသပ်ချက်များ ပြုလုပ်တဲ့ ဘော်လုံးဂုရုများ၊ ဘော်လုံးအားကစားသတင်း တင်ပြသူများ စတဲ့ ဘော်လုံးဝါသနာရှင် အများစု ကောက်ချက်ချမှု ထင်မြင်သုံးသပ်မှုများကို နယ်သာလန်အသင်းက အကုန်လုံး ပြောင်းပြန်လန်ပစ်လိုက် ပါတယ်။

ပြိုင်ပွဲစလို့ ၁၀ မနစ်မှာပဲ ကွင်းလယ်မှ ကျောနံပါတ် ၅ ဖိလစ်ပ်မဲလို တင်ပို့လာတဲ့ဘောကို နယ်သာလန် နောက်တန်းအလယ်တည့်တည့်မှာပဲ ရောဘင်ဟိုမှ အမိအရဖမ်းယူပြီးတော့ သွင်းလိုက်ရာ ဘရာဇီးမှ ဦးဆောင်ဂိုး တဂိုးသွင်းလိုက်ပြီးတော့ ပထမပိုင်း ၄၅ မိနစ် ပြီးတဲ့အထိ ဘရာဇီးအသင်းက ခြေအသာနဲ့ ကစားခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စလို့ ၅၂ မနစ်မှာ အာဂျန်ရောဘင်အပေါ်ကျူးလွန်တဲ့ ပြစ်ဒဏ်ဘောမှ တဆင့် ဘရာဇီးနောက်တန်းလူ ဖီလစ်မဲလိုကို ထိပြီးတော့ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းသလိုဖြစ်ပြီးတော့ နယ်သာလန်က ခြေပဂိုး ပြန်သွင်းလိုက် ပါတယ်။

ပြိုင်ပွဲဒုတိယပိုင်းမှာ နယ်သာလန်က တိုက်စစ်ဆင် ဖိအားကစားပြီးတော့ ဘရာဇီးဘက်မှ ခံစစ်ကနေတဆင့် သန်ပြန်ထိုးစစ်နဲ့ ပြန်လည်ကစားနေရတဲ့ အနေအထားမှာရောက်သွားပါတယ်။

၅၈ မိနစ်လောက်မှာ အာဂျန်ရောဘင် ကန်တင်တဲ့ ဒေါင့်ကန်ဘောကနေတဆင့် ကျောနံပါတ် (၁၀) ၀က်စလီ စနီဒါမှ ခေါင်းတိုက်သွင်းပြီး နယ်သာလန်မှ ဒုတိယဂိုးသွင်းပြီး ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၇၂ မိနစ်မှာ ဖိလစ်မဲလိုက ရောဘင်အပေါ် ကြမ်းတမ်းစွာဖြင့် ကစားသမားမဆန်တဲ့ အပြုအမှုကြောင့် အနီကပ်ပြခံရပြီး ပြိုင်ပွဲကနေ ထုတ်ခံရတော့ ဘရာဇီးက ၁၀ ယောက်နဲ့သာ ဆက်ကစား ရပါတော့တယ်။ ဘရာဇီးအသင်းက ကစားသမား ၁၀ ယောက်နဲ့ ခံစစ် ကစားရပြီးတော့ တစ်ယောက်လျှော့ နေတဲ့ ဘရာဇီးအသင်းကို အခွင့်ကောင်းယူပြီးတော့ နယ်သာလန်မှ အသာဖိကစားနေပါတယ်။

ပထမပိုင်းမှာတော့ ဘရာဇီးအသင်းက ရောဘင်ဟို အစောပိုင်းသွင်းတဲ့ဦးဆောင်ဂိုး တဂိုးနဲ့ ခြေအသာ တိုက်စစ်ဆင်ဖိကစားပြီး ဂိုးသွင်းတဲ့အခွင့်အလမ်းတွေ ရရှိခဲ့သော်လည်း နောက်ထပ်ဂိုးတွေ မသွင်းနိုင်ခဲ့ပေ။ ဦးဆောင်ရရှိထားတဲ့ ဂိုးကို မကာကွယ်နိုင်တဲ့အပြင် ဒုတိယပိုင်းမှာ နယ်သာလန်က ဘေယန်မြူနစ် တိုက်စစ်မှူး ရှေ့တန်းကစားသမား ကျောနံပါတ် (၁၁) အာဂျန်ရောဘင် ညာတောင်ပံကနေ အားယူပြီးတော့ ဆက်တိုက်ထိုးဖေါက်လာတာကို ဘရာဇီးက အတော်အလူးအလဲဖြစ်စေခဲ့ပါတယ်။

တိုက်စစ်ဆင်လာတဲ့ နယ်သာလန်အသင်း နောက်ထပ် ဒုတိယဂိုး အနိုင်ဂိုးသွင်းပြီးတော့ ပြိုင်ပွဲပြီးဖို့ ၁၇ မိနစ်အလိုလောက်မှာ ကစားသမားတစ်ယောက် အနီကပ်ထိ ထုတ်ခံရတော့ ဘရာဇီးအတွက် သရူရဖို့ မျော်လင့်ချက်တွေ ပိုပြီးတော့မေးမြိန်စေပါတော့တယ်။

၂၀၁၀ ခုနှစ်၊ မေလ ၂၆ ရက်၊ ကမ္ဘာ့ဘော်လုံးအဖွဲ့ ချုပ် (FIFA) ရဲ့ နောက်ဆုံး အမှတ်ပေး တိုင်းသာချက်အရ ဆိုရင် ဘရာဇီးအသင်းဟာ လက်ရှိကမ္ဘာ့ထိပ်ဆုံးအဆင့်ဖြစ်ပြီးတော့ နယ်သာလန်အသင်းဟာ အဆင့် ၄ မှာ ချိပ်ထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့ ကမ္ဘာ့ဖလားပြိုင်ပွဲစတည်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ နယ်သာလန်သင်းက တပွဲမှ မရှုံးသေးပါဘူး။ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲ ၅ ပွဲများအနက် ၃ ပွဲနိုင်၊ ၁ ပွဲ သရေ နဲ့ ၁ ပွဲရှုံးပြီးတော့ အလာကောင်းခဲ့ပေမယ့်လဲ အနှောင်းမှာ ကံမကောင်းခဲ့တဲ့ ဘရာဇီးခမျာ နောက်ဆုံးတော့ အိပ်ပြန်ရရှာပါတော့တယ်။

No comments: