ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ဖွဲ့စည်း

သြဂုတ်လ ၈ ရက်နေ့၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ (Pa-O University Old Students Organization) ကို တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ (၅) ရက်နေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ယင်းအဖွဲ့အား နယ်အရပ်ရပ်ရှိ ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများ၏ ကိုယ်စားလှယ်နဲ့ စုစည်း ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ဥက္ကဌကတော့ ဦးခွန်သန်းရွှေဖြစ်ပြီး အတွင်းရေးမှူးက ဦးခွန်ကျော်ဇေယျ (ခ) ဦးခွန်ရဲသွေးတို့ကို ရွေးချယ်တင်မြောက်ထားပါတယ်။

အဖွဲ့အစည်း ဖွဲ့စည်းရသည့် အဓိကရည်ရွယ်ချက်အသေးစိတ်ကိုတော့ ဆက်လက်တင်ပြသွားမယ်လို့ အတွင်းရေးမှူး ဦးခွန်ကျော်ဇေယျက ပြောပါတယ်။

ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်အသီးသီးဖြင့် ဖွဲ့စည်းထားပါတယ်။

ဥက္ကဋ္ဌ
ဦးခွန်သန်းရွေ B.A Eco (1963), လက်ထောက်ကထိက (ငြိမ်း) ဗဟိုနိုင်ငံရေးတက္ကသိုလ်

ဒု-ဥက္ကဋ္ဌ
ဦးခွန်ညွန့်မောင် B.Sc , ညွန်ကြားရေးမှူး(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးခွန်ရန်အောင် B.Ed (1968), HGP, လက်ထောက်ကထိက (ငြိမ်း) ပညာရေးကောလိပ်

အတွင်းရေးမှူး
ဦးခွန်ကျော်ဇေယျ (ဦးခွန်ရဲသွေး)
B.Eco (1973), မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း

တွဲဖက်အတွင်းရေးမှူး
ဦးခွန်ညွန့်ဝေ (သွား-ကျွမ်းကျင်သူ)
ဦးခွန်စိန်ဝင်း LLB (1980) တရားလွတ်တော် ရှေ့နေကြီး

ဆက်သွယ်ရန် ဖုန်းနံပါတ်
ဦးသန်းရွှေ ၀၈၁ ၂၁၄၆၄၊ ၀၉ ၅၂၁ ၂၀၇၀
ဦးခွန်ကျော်ဇေယျ (ဦးခွန်ရဲသွေး) ၀၈၁ ၂၃၉၄၈၊ ၀၉ ၅၂၈ ၁၀၁၉

No comments: