Letter from Informed Citizen

သို့
နိုင်ငံတော်အကြီးအကဲများ နှင့်တကွ
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ မြန်မာနိုင်ငံရဲချုပ် ၊
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊
ဟိုပုံးမြို့နယ် ၊ နမ့်ခုတ်ကျေးရွာအုပ်စု ၊ နမ့်ခုတ်ကျေးရွာမှာနေတဲ့
ကိုစိုင်းပိပါ ၊ သူ့ရဲ့ဖုန်းနံပါတ်က 0949360673 ပါ ။ သူဟာ ချဲလုပ်ငန်းကို
ယခင် စစ်အစိုးရလက်ထက်ကတည်းကနေပြီး ဂုတ်စီးအဖြစ် လုပ်ကိုင်ခဲ့တဲ့သူပါ ။
သူဟာ ချဲဂုတ်စီးအဖြစ် လုပ်ကိုင်ခွင့်ရရှိအောင်လို့ ရှမ်းပြည်နယ်ရဲ ၊
တောင်ကြီးခရိုင်ရဲ ဟိုပုံးမြို့နယ်ရဲတို့ဖြစ်တဲ့ ဒန ၊ မှုကူ ၊ ပြေးလေးပြေး
၊ မြို့နယ်မှူး ၊ စခန်းမှူး ၊ နယ်ထိန်းတို့ကို ချဲတစ်ပတ် (၁၅)ရက်ကို
ငွေအနည်းဆုံး ၁၀ သိန်းခန့်ပေးပြီးတော့ လုပ်ကိုင်ခဲ့တာပါ။ အခုအစိုးရသစ်
လက်ထက်မှာလည်း ယခင်ကထက် ပိုမို လုပ်ကိုင်လာခဲ့ပြီး အရင်ကလို
ကိုယ်တိုင်ဝင်ပြီး ရဲတွေကို မပေးတော့ဘဲ ဟိုပုံးမြို့က
ရဲနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းစိုး ကို ငွေပေး
တဆင့်ခံခိုင်းပြီး လုပ်ကိုင်နေတာပါ ။ သူက ရဲတွေကို ငွေပေးပြီး ရဲတွေနဲ့
အဆင်ပြေတော့  အခြားမြို့မှာ ရှိနေတဲ့ ရပ်မိရပ်ဖတွေကို ဂရုမစိုက်တော့ပါဘူး
၊ သူရဲ့ ချဲလုပ်ငန်းကို ကော်မရှင်အဖြစ်နဲ့ လုပ်ကိုင်နေတဲ့
ဟိုပုံးဒေသခံတွေကလည်း (၂၀၀)ဦးခန့်ရှိနေတာပါ ၊ အစိုးရသစ်လက်ထက်မှာ
လောင်းကစား ကင်းရှင်းရမယ်ဆိုပြီး စစ်အစိုးရထက် ပိုဆိုးနေတာကို
မြင်တွေ့နေရတာပါ ၊ အဲဒါကြောင့် ငွေယူပြီး လောင်းကစားကို ခွင်ပြုတဲ့
ရဲတွေကို ဖြုတ်ရင်ဖြုတ် ၊ ချဲရောင်းတဲ့ စိုင်းပိနဲ့အဖွဲ့ကို ဖမ်းရင်ဖမ်း
၊ လောလောဆယ်တော့ အားလုံးသိအောင် တင်ပြလိုက်ရပါတယ်။

ကျေးဇူးအထူး တင်စွာဖြင့်

ပအိုဝ်းတိုင်းရင်းသား တစ်ဦး

No comments: