ဟိုပုံးမြို့နယ်၌ ကျားကိုက်ခံရသဖြင့် ရွာသားတစ်ဦးဒဏ်ရာများရရှိ

မတ်လ ၃၀ ၊ ၂၀၁၁

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်၊ နမ့်ပါစီကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာနေ စိုင်းသောန (အသက် ၂၅ နှစ်) သည် မတ်လ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် နောင်မွန်ကျေးရွာမှ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ၎င်းပိုင်စိုက်ပျိုးရေးခြံသို့ သွားရောက်စဉ် လမ်းခရီးတနေရာ၌ လေးတောင်ခန့်ရှိ ကျားတစ်ကောင်က ၀င်ရောက်လုံးထွေး သတ်ပုတ်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ဖြစ်၍ စိုင်းသောန၏ ယာဘက်ပေါင် လက်ယာဖျံတို့၌ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

ကြေးမုံသတင်းစာ စာမျက်နှာ (၁၁)

1 comment:

Unknown said...

ကျားရှိသေးတာပဲ. သွားကြည့်ဦးမှ....