အစိုးရမှ ချပေးသည့် ၁၅၀၀ တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက ၆၀၀၀၀ ကျပ်ဖြင့်ရောင်းချ

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ဒုတိယသုတ် မေလ ၂၃ ရက်တွင် အစိုးရက ကျေးရွာအုပ်စုအလိုက် ဖုန်းကဒ်ချပေးရာ မဲနိုက်စနစ်ဖြင့် ကျေးရွာရပ်ကွက်ရုံးတွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့မြောက်ဘက် နန်းဟူးကျေးရွာအုပ်စုတွင် မဲနိုက်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ရွာ (၁၁) ရွာရှိ ရွာသူကြီးနှင့် လူငယ်ခေါင်းဆောင်များကို ခွဲဝေပေးတာ အကုန်မရကြောင်း၊ ပြည်သူသို့ သုံးပုံတစ်ပုံသာ ခွဲဝေရောင်းချပြီး ကျန်သောကဒ်များကို ကျပ် (၆၀၀၀၀) ခြောက်သောင်း ပေါက်ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။

ဖုန်းကဒ်လိုချင်၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာတွင် “ဒါ ငါတို့အခွင့်အရေးပါ၊ ဒီလိုမှ မလုပ်လျှင် စားပေါက်မရှိတော့ဘူး” ဟု နန်းဟူးကျေးရွာ အုပ်ချုပ်ရေးမှုး စာရေးဦးမောင်သိန်းက ပြောကြောင်း၊ ဖုန်းကဒ်လိုချင်သော ဒေသခံတစ်ဦးက ဆိုသည်။

ပြည်သူများ အမှန်တကယ်အသုံးပြုစေပြီး လာဒ်စားခြင်းမရှိအောင် နိုင်ငံတော်အစိုးရက စည်းကမ်းချမှတ်ပေးသော်လည်း မဟုတ်မမှန်လုပ်ကိုင်နေသော တာဝန်ရှိပုဂ္ဂိုလ်များကြောင့် အမှန်တစ်ကယ် အသုံးပြုချင်သော ပြည်သူများက မျော်တော်ဇော်ဖြင့် မောနေရကြောင်း သိရသည်။

ထိုနည်း၎င်းပဲ ဘန်းကွေးကျေးရွာအုပ်စုမှာလည်း ဖုန်းကဒ် (၂၆) လုံး ချပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ခရီးသွားနေစဉ် စာရေးက အေးသာယာဘက်သို့ တစ်ကဒ်ကို တန်ဖိုးခြောင်းသောင်းဖြင့် ရောင်းစားနေကြောင်း၊ အမှန်တကယ်ဖုန်းလိုချင်သော ဒေသခံများ သွားရောက်မေးမြန်းရာတွင် ခရီးရောက်နေ၍ စာရေးက ရောင်းလိုက်ခြင်းဖြစ်ကြောင်း နောက်တစ်ခေါက် အမှန်တကယ်ချပေးမည်ဖြစ်ကြောင်း သိရသည်။

5 comments:

နိုင်နိုင် said...

တောင်ကြီးမြို့နယ် ဘန်းကွေးကျေးရွာ အုပ်စုတွင် တန်ဖိုးနည်း ဖုန်ကဒ် 26 လုံး ချပေးခဲ့ရာ မဟုတ်ကြောင်းနှင့် အမှန်ုတကယ် ရရှိသည်မှာ 17 လုံးသာ ဖြစ်ကြောင်းနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးမှာလည်း ခရီးသွားနေသည်မှာ မဟုတ်ကြောင်းနှင့် ချပေးသည့် အလုံးရေ 17 လုံးမှာလည်း ဘန်းကွေး အုပ်ချုပ်ရေးမှူးရုံးတွင် အများပြည်သူများရှေ့တွင် မဲနှိုက် စနစ်ဖြင့် ရရှိသည့် လူဦးရေစာရင်းကို ရပ်ကွက် အုပ်ချူပ်ရေးရုံးတွင် ကပ်ထားပြီးဖြစ်သည်ြဖင့် လာရောက်ကြည့်ရှု့နိုင်ပါသည်။ မည်သည့်နေရာမှ ရောင်းစားခြင်းမရှိခဲ့ပါဘူးခဗျား မမှန်မကန် သတင်းတင်သူအား ဥပဒေ အရ အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်

winko said...

စားထားကြ ခုဘဝ။ ပြန်ဆပ်ကြ နွားဘဝ။

Unknown said...

ခွန်ကောင်း
ဒီလို လာဘ်လာဘမက်မောလွန်းတဲ့ အုပ်ချုပ်ရေးမှူးကို အရေးယူသင့်တယ်၊ အာဏာကိုအလွဲသုံးစားတယ်၊ ကြီးထက်ငယ်နိုင်နေတယ်၊ မတရားတာတွေ တော်တော်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူး၊ လူ့ပြည်မှာ မထားသင့်ကြောင့် သူ့မိသားစုလဲ ရှိနေတာပဲ၊ တစ်ချိန်မဟုတ် တစ်ချိန်ချိန်တော့ သူ့အလှည့်ဆိုတာ ပြန်ရောက်လာမှာပဲလေ စေတနာမှန်ရင် ရောင်ပြန်ဟပ်မယ်ဆိုတာကိုလဲ မမေ့နဲ့ဦးပေါ့ အုပ်ချုပ်ရေးမှူးတို့

Burma Campaign Japan said...

aaaaaaaaaaaaav

Burma Campaign Japan said...

လေးစာပါတယ် ညီနောင်တော်များသို့-
ညီညွှတ်ခြင်း ဖေးမခြင်းဆိုတာ မြန်မာပြည်နဲ့ မဆိုင်ဘူး လား။ ဘာကြောင့်လဲwhy