၂၀၁၄ ခု ASEAN Civil Society Conference/ASEAN People’s Forum ကို မြန်မာနိုင်ငံတွင် ကျင်းပမည်


ဧပြီလ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

၂၀၁၃ ခုနှစ် ဘရူနိုင်းနိုင်ငံ အာဆီယံလူထု အဖွဲ့အစည်း ညီလာခံနှင့် အာဆီယံပီးပေါးဖိုရမ် (ASEAN Civil Society Conference/ASEAN People’s Forum) ကို ဘရူနိုင်းနိုင်ငံ ဘန်ဒါစရီဘီဂါဝန်မြို့တွင် ဧပြီလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပသွားခဲ့ကြောင်း သိရသည်။


ယင်းညီလာခံအား အာဆီယံနိုင်ငံအတွင်း၌ရှိသော အရက်ဘက်လူ့အဖွဲ့အစည်းများနှင့် လူထုများ ၃၀၀ ကျော် တက်ရောက်ပြီး ပထမရက်တွင် အာဆီယံသမိုင်းအကျဉ်းနှင့် ဘရူးနိုင်းနိုင်ငံသမိုင်းအကျဉ်းကို တင်ပြဆွေးနွေးခဲ့သည်။ အာဆီယံသမိုင်းအကြောင်းကဏ္ဍမှာ Building Our Future Together ဆိုသည့် ခေါင်းစဉ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။

ASEAN Civil Society Conference/ASEAN People’s Forum သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအတွင်း နှစ်စဉ်နှစ်တိုင်း တစ်နိုင်ငံပြီးတစ်နိုင်ငံ အလှည့်ကျ ကျင်းပသွားသည်။



ထိုသို့ ကျင်းပရာမှာ အာဆီယံနိုင်ငံအတွင်း၌ ဖြစ်ပျက်နေသောအခြေအနေများကို အာဆီယံ အရက်ဘက် လူ့အဖွဲ့အစည်းများနှင့် လူထုများပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သဘာဝပတ် ဝန်းကျင်၊ လယ်ယာမြေ၊ အမျိုးသမီးနှင့်ကလေး၊ လူငယ်၊ လူ့အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမား၊ တိုင်းရင်းသားလူနည်းစုများ၊ ဌာနေတိုင်းရင်းသားများ၊ ပြည်တွင်းအိုးအိမ်စွန့်ခွာ ထွက်ပြေးသူများ၊ ဒုက္ခသည်များ၊ ဘာသာရေးလူနည်းစုများ၊ အစရှိသော ခေါင်းစဉ်များကို ဆွေးနွေးပြီး ကြေညာစာတမ်းများကိုလည်း ထုတ်ပြန်လေ့ရှိသည်။

ဤအာဆီယံညီလာခံတွင် အဆီယံနိုင်ငံအတွင်းရှိသော အရပ်ဖက်လူ့အဖွဲ့အစည်းများသည် သူတို့နိုင်ငံအသီးသီး၏ အခြေအနေများကို တင်ပြရာမှာ၊ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြောင်းကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံဒေါ်ခင်ဥမ္မာမှ ဆွေးနွေးတင်ပြခဲ့သည်။



ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာကဏ္ဍနှင့် ပြည်တွင်းစစ်ဖြစ်ပွာနေသည့် အကြောင်းများကို National Youth Congress အဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဖွေးယုမွန်ကနေမှ ဦးဆောင်ဆွေးနွေးခဲ့သည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအလည့်ကျ ASEAN Civil society Conference/ASEAN People’s Forum ကို ဘူရူနိုင်းနိုင်ငံကနေမှ မြန်မာပြည်အရပ်ဘက် လူ့အဖွဲ့အစည်းများကို လွဲပြောင်းပေးခဲ့ရာမှာ မြန်မာနိုင်ငံအရက်ဘက် အဖွဲ့အစည်းဖြစ်သော မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ၊ ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်၊ Myanmar People Forum, Myanmar Youth Forum, အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံနှင့် ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံမှကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၂ ဦး တက်ရောက်ပြီး လွဲပြောင်းပေးသောဆုတံဆိပ်ကို တက်ယူခဲ့သည်ပာု ညီလာခံတက်ရောက်သည့် ကောင်ရွှေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက်အဖွဲ့ ခွန်ခေတ်စံ က ပြောသည်။



No comments: