ကယန်းလူငယ်ညီလာခံသို့ ပအိုဝ်းလူငယ်များ တက်ရောက်လေ့လာ

ဧပြီလ ၂ ရက်နေ့၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ လွယ်ယေးကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်ခ်ျလ ၂၄ ရက်မှ ၂၆ ရက် နေ့အထိ ကျင်းပခဲ့သည့် ကယန်းလူငယ်များ ညီလာခံသို့ ခွန်ခမ်းကောင်ဦးစီးသည့် ပအိုဝ်းလူငယ် ကိုယ်စားလှယ်များ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် ကယန်းလူငယ်များနှင့် ပအိုဝ်းလူငယ်များကြား ချစ်ကြည်ရင်းနှီးမှု ပိုခိုခိုင်မာလာစေရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆက်သွယ်မှုကွန်ယက် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး ကယန်းလူငယ်ညီလာခံသို့ တက်ရောက်လေ့လာရန် ကယန်းလူငယ်မှ ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံကို (၃) ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပအိုဝ်းလူငယ်ကိုယ်စားလှယ်တစ်ဦးမှ ညီလာခံ ပထမရက်တွင် တက်ရောက်အမှာစကားပြော ကြားခဲ့သည်။

“ကျနော်တို့ အခုဒီညီလာခံကို တက်ရောက်ရတဲ့ အကြောင်းကတော့ ကယန်းလူငယ်များနဲ့ ပအိုဝ်းလူငယ်များကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ဆက်သွယ်မှုကွန်ယက်အား ကောင်းဖို့ဖြစ်တယ်။ ကျနော်တို့ပအိုဝ်းလူငယ်တွေနဲ့ ကယန်းလူငယ်တွေ ယခင်ကတည်းက ဆက်သွယ်မှုကွန်ယက်တွေ ရှိထားပြီးဖြစ်တယ်။ ကျနော်တို့တောင်ကြီးမှာ လှုပ်ရှားမှုတစ်ခုခုလုပ်ရင် သူတို့ကို အမြဲတမ်းဖိတ်တယ်။ ပိုပြီးတော့လည်း ချစ်ကြည်ရင်းနှီးမှု ရအောင်နဲ့ အနာဂါတ်မှာ ဆက်လက်ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေမှုများကို အသိတရားနဲ့ ယှဉ်ပြီး သတိတရားဖြင့် ပေါင်းစပ် သုံးသပ် ဆောင်ရွက်နိုင်ဖို့ ဒီတစ်ခေါက် ကယန်းလူငယ်ညီလာခံကနေ ကျနော်တို့ သွားရောက်ရတာပဲဖြစ်တယ်။ ကျနော်တို့ပအိုဝ်းလူငယ် တွေအနေနဲ့လည်း မကြာမှီအချိန်အတွင်းမှာ ပြည်ထောင်စုအဆင့် ပအိုဝ်းလူငယ်ညီလာခံတစ်ရပ် ကျင်းပတော့မယ်ဖြစ်တယ်ဆိုတော့ ကယန်းလူငယ်တွေ ပြုလုပ်တဲ့ညီလာခံကို လေ့လာရင်း အားနည်းချက် အားသာချက်တွေကို သင်္ခဏ်းစာအဖြင့် လာမယ့် ပြည်ထောင်စုအဆင့် ပအိုဝ်းလူငယ်ညီလာခံအတွက် အများကြီးအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်တယ်။”
 ဟု ညီလာခံကို တက်ရောက်လာတဲ့ ပအိုဝ်းလူငယ်ကိုယ်စားလှယ်တစ်ဦးက ပြောခဲ့သည်။





No comments: