အမျိုးသားအတွက်အကြောင်းပြပြီး တောင်ကြီးအနီးရှိမြေယာများကို အကွက်ချ၍ရောင်းဖို့ရန်ပြင်

အမြင်ဆောင်းပါး | ဇွန်လ ၁၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ တောင်ဘက် ဂနိုင်ရေးရပ်ကွက် ကန်ကြီးရပ်ကွက်၊ (ယခင် ကန်ကြီးရွာ) ကန်ကြီးနယ် မြေတွင် PNO က အများနှင့် သက်ဆိုင်သည့် သဘာဝရေထွက်ရာ ရေကန်ဧရိယာကို ပအိုဝ်းအမျိုးသား တပေါင်းကွင်း လုပ်ငန်းခွင်ကို အကြောင်းပြ၍ အကွက်ချ ရောင်းချရန် ပြုလုပ်နေကြပါသည်။ (ပုဂ္ဂိုလ်တချို့၏ ပုဂ္ဂလိက စီးပွားရေး အကွက်ထွင်ခြင်းသာ ဖြစ်ပြီး တကယ့် PNO အတွက် ပအိုဝ်းအမျိုးသား အတွက် မဟုတ်ဟု အခိုင်အမာ ပြောဆို သူများလည်း ရှိသည်။)

PNO မှ သိမ်းသောမြေကိစ္စ ဖြေရှင်းမပေး၍ တောင်သူများ ကြံခိုင်ရေးပါတီသို့အကူညီတောင်း

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ 12 ရက်၊ 2013 ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ နောင်ကားဈေးအရှေ့ဘက်နှင့် ကျောက်တလုံး လွယ်ခေါ် လမ်းထောင့်၌ PNO အဖွဲ့အစည်းမှ သိမ်းသောမြေကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် တိုင်ကြားသော်လည်း ဖြေရှင်းမှုမရှိ၍ မြေသိမ်းခံတောင်သူများ ကြံခိုင်ရေးပါတီရုံးသို့ အကူညီတောင်းပြီး သမ္မတထံသို့ တိုင်စာများ တင်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

အစိုးရမှ ချပေးသည့် ၁၅၀၀ တန်ဖုန်းကဒ်ကို အောက်ခြေ၀န်ထမ်းက ၆၀၀၀၀ ကျပ်ဖြင့်ရောင်းချ

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ ၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စုတွင် ရွာပေါင်း (၁၁) ရွာကို အစိုးရက တန်ဖိုးနည်းဖုန်းကဒ် (၆၀) ချပေးရာ သုံးပုံတစ်ပုံမျှသာ ပြည်သူသို့ ရောင်းချပြီး ကျန်သောဖုန်းကဒ်များကို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှ ခြောက်သောင်းနှုန်းဖြင့် ရောင်းစားနေကြောင်း အမှန်တကယ်ဖုန်းလိုချင်သော အောင်မင်္ဂလာကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

NLD ပါတီဝင်များ ဖိအားပေးနုတ်ထွက်စေခြင်းနှင့် ထိမ်းသိမ်းခြင်းကိစ္စ မဟုတ်မှန်ကြောင်း PNA ငြင်းဆို

ခွန်ရာဇာ(တောင်ကြီး) | ဇွန်လ ၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

မေလ ၁၅ ရက်တွင် PNA ပြည်သူ့စစ်က မောက်စံရွာရှိ NLD ပါတီရုံးကို ဝိုင်းထားခြင်းနှင့် NLD ပါတီအဖွဲ့ဝင်ရွာသား ငါးဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ဇွန်လ ၃ ရက်တွင် PNO လက်အောက်ခံ အသွင်ပြောင်းပြည်သူ့စစ် (PNA) နှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို နန်းဟောင်ကျေးရွာအုပ်စု ကျောင်းတောစခန်း၌ ပြုလုပ်ကြောင်း သိရသည်။

မျိုးချစ်စိတ်နှင့် အမှန်တရား

အမြင်နှင့်ပေးစာကဏ္ဍ | သစ္စာရှင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းမျိုးချစ်လူငယ်တစ်ယောက်ဟု ဆိုကာ မျိုးချစ်စိတ်ဖြင့် ဖြေရှင်းလာသည့် ခွန်ပအိုဝ်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။ သို့သော် အရာရာတိုင်းကို ဖြေရှင်းရာတွင် အမှန်တရားကို ရှေ့တန်းတင်နိုင်ပါမှ ကောင်းပါသည်။ တကယ့်အမှန်တရားကို မရှာဖွေပါဘဲ မျိုးချစ်စိတ် တစ်ခုတည်းဖြင့် မျက်စိစုံမှိတ်ပြီး ဖြေရှင်းမည်ဆိုလျှင် ဖြေရှင်းရာ မရောက်ဘဲ အတင်းဇွတ်ငြင်းရာ ရောက်ပါသည်။ ထိုမျိုးချစ်စိတ်မျိုးကိုလည်း မျက်ကန်းမျိုးချစ်စိတ်ဟုသာ အမည်နာမ တပ်ပြောရပေမည်။

RCSS/SSA (S) အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ၇ ဦးကို ပြန်ပေးဆွဲ

ခွန်စိမ်းမောင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က အပစ်မဲ့ပစ်သစ်ပြီး ကျန်ရွာသား (၇) ဦးကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

ပအိုဝ်းလူထုတစ်ရပ်လုံးသိစေရန်နှင့် သက်ဆိုင်သူများသို့

အမြင်ဆောင်းပါး | ရေးသူ - ခွန်ပအိုဝ်း | ဇွန်လ ၁ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ကျွန်တော်ပာာ မျိုးချစ်ပအိုဝ်းလူငယ်တစ်ယောက်ပါ။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က သစ္စာရှင် (တောင်ကြီး) အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ရပါသည်။ ကျွန်တော်ပအိုဝ်းလူငယ် တစ်ယောက်အနေဖြင့် ၄င်းဆောင်းပါးဖတ်ပြီးတော့ အဲ့ဒီဆောင်းပါးရေးသူပာာ တောင်ကြီးကဆိုတော့ ပအိုဝ်းလူမျိုးကို ဘယ်လိုလူမျိုးဆိုတာ ခရေစေ့တွင်းကျ သိတယ်ဆိုတာကို သိထားပါတယ်။ မသိလို့ရေးတာလာ၊ “မမြင်မတွေ့လို့ ရေးတာလား”၊ မကြည့်လို့ပဲ မမြင်တာလား၊ သိသင့်သိထိုက်သလောက်တော့ သိမယ်ထင်ပါတယ်။

မြေယာမှုခင်း မဖြေရှင်းပေး၍ ပြဿနာအခြေနေပိုဆိုးလာ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့မြောက်ဘက် ပလီလင်းရွာတွင် မတရားမြေယာသိမ်းဆည်းပြီး ပုဂ္ဂလိကသို့ ပြန်လွဲ၍ မြေယာမှုခင်းဖြစ်ပွားရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းက အချိန်ရွေ့ပြီး ဖြေရှင်းမှု မပေးသောကြောင့် အခြေအနေပိုဆိုးလာကြောင်း မေလ ၃၀ ရက်တွင် ပလီလင်းရွာနေမြေသိမ်းခံရသူ ခွန်မောင်လွန်းက ပြောသည်။

စံချိန်တင် ပအိုဝ်းဘာသာစာပေယဉ်ကျေးမှု သင်တန်းဆင်းပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၀၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တစ်နှစ်တစ်ခါကျင်းပသော ပအိုဝ်းဘာသာစာပေယဉ်ကျေးမှုသင်တန်းကို သင်တန်းသားဦးရေ အများဆုံးစံချိန်တင် သင်တန်းဆင်းပွဲကို မေလ ၂၉ ရက်တွင် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

ထွန်မြတ်လေး ဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်မှ တအာင်း(ပလောင်) ရွာသားတစ်ဦး ပစ်သတ်

၃၁-မေလ-၂၀၁၃ | palaungland.org

ထွန်းမြတ်လေးဦးဆောင်သော ငွန်းဆိုင်းပြည်သူ့စစ်အဖွဲ့မှ အပစ်မဲ့ တအာင်း (ပလောင်)ရွာသားတစ်ဦးကို ၂၉ ရက်နေ့ မေလ ညနေ့ ၅ နာရီအချိန်တွင် အိမ်အတွင်းသို့ဝင်ရောက်ပြီ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားဖြစ်ရေးမှသည် မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့် စိန်ခေါ်မှုများ

ခိုင်လင်း(မေဃ၀တီ) | မေလ ၃၀ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

"စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့် တွေ့ဆုံပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိအောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။

ပလောင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ် ရဲတပ်သား သုံးဦး သတ်ဖြတ်ခံရ

ရက်စွဲ။ ။ ၃၀ ရက် မေ ၂၀၁၃

ယမန်နေ့ ၂၉ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ်မှ မန်ပါတ်ရွာရှိ ရွှေလီတာဝါလျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ပစ်သတ်ခံရသည်ဟု သတင်းရရှိပါသည်။

ပအိုဝ်းလူငယ်များနှင့်တွေ့ဆုံခြင်း (သို့) PNO ဘာလဲ? PNO ဘယ်လဲ?

သစ္စာရှင် (တောင်ကြီး) | မေလ ၂၆ ၊ ၂၀၁၃ | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကြီးတစ်ကြောတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဆိုသည့် PNO ၏ အမည်နာမ အတော်လေးကို ထင်ရှားလာသည်။ လူသိလည်း များလာခဲ့သည်။ ပအိုဝ်းတိုင်းရင်းသား ဆိုသည်မှာ အင်မတန်ရိုးသားသော လူမျိုး၊ အင်မတန်သစ္စာရှိသော လူမျိုးဟု သိထားကြသူများသည်လည်း PNO ဆိုသည်မှာ ထိုလူမျိုးများကို ဆိုလိုကြောင်း နဂိုရ်က မသိသေးသူများပါ သိသွားကြသည်။

Marriage of Convenience

By Kanbawza Win | May 26, 2013

In Burma young people got married through love but lamentably I discovered that in West some people got married for their mutual convenience. Once the inconvenience set in they usually parted their ways without any remorse. This seems to be the case of America and Burma now that President Thein Sein has met with President Obama at the White house the marriage of convenience has been sealed. 

PNA ပြည်သူ့စစ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးခွန်ကုလားနှင့် ဦးခွန်ထွက်မောင် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းလေး(တောင်ကြီး) | မေလ ၂၄ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၁၅.၅.၂၀၁၃ ရက်နေ့ ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာမှ PNA ပြည်သူ့စစ်မှ ဗိုလ်လေးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က NLD ပါတီဝင်ဖြစ်သူ ဦးခွန်ကုလားအပါအ၀င် ရွာသားသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဦးခွန်ကုလား မောက်စံရွာအစည်းအဝေးမှအပြန် ကောင်ထိုရွာအတွင်းမှာ ၁၅ ရက်နေ့ ညနေခင်း ၄ နာရီအချိန်ခန့်မှာ ဖမ်းဆီးခဲ့ပါတယ်။ သက်သေအထောက်အထား ခိုင်လုံမှုမရှိပဲ ၂၄ နာရီနီးပါးခန့် ကြာတဲ့အထိ ဖမ်းဆီးထိန်းချုပ်ခဲ့တယ်လို့ ဦးခွန်ကုလားက ပြောပါတယ်။