RCSS/SSA (S) အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ၇ ဦးကို ပြန်ပေးဆွဲ

ခွန်စိမ်းမောင်(တောင်ကြီး) | ဇွန်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့က အပစ်မဲ့ပစ်သစ်ပြီး ကျန်ရွာသား (၇) ဦးကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ပွန်ချောင်းအနီးရှိ သစ်မြစ် သစ်ငုတ်တူးစားနေသည့် ကျေးရွာသားအား အပစ်မဲ့သတ်ဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု လွယ်ခြယ်ကျေးရွာသားတဦးက ပြောသည်။

“ဟုတ်ကဲ့ပါ၊ လွန်ခဲ့တဲ့ မေလ (၁၇) ရက်နေ့မှာ ကျနော်တို့ လွယ်ခြယ်ရွာနဲ့ လွယ်ခြယ် နောင်ကောင်ရွာမှာ ရွာသား (၇) ဦးကို RCSS လက်အောက်ခံ SSA-S စိုင်းတိုး ဦးဆောင်တဲ့အဖွဲ့က မတရားဖမ်းဆီး ခေါ်ဆောင်ပြီးတော့ လမ်းခရီးမှာ ဟမ်းဗွာရွာသား အသက် (၂၅) နှစ်အရွယ်ရှိတဲ့ ခွန်တဦးကို အပြစ်မဲ့ ပစ်သတ်သွားခဲ့ပါတယ်” ၎င်းရွာသားက ပြောခဲ့သည်။

ထို့အတူ မေလ (၂၃) ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသော လွယ်ခြယ်ရွာသား (၇) ဦး အတွက် RCSS လက်အောက်ခံ SSA-S စိုင်းတိုး ဦးဆောင်သည့် အဖွဲ့က ရွာသူကြီးထံ စာတစ်စောင်ရေးလာကာ မေလ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ရွာသားတစ်ဦးလျှင် ကျပ်သိန်း (၄၀) နှုန်းဖြင့် လာရောက်ရွေးထုတ်ရန် တောင်းခံထားကြောင့်လည်း သိရပါတယ်။

RCSS လက်အောက်ခံ SSA-S စိုင်းတိုး ဦးဆောင်သောအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လွယ်ခြယ်ရွာသား (၇) ဦးတို့မှာ ယနေ့ထိ မည်သည့်သတင်းမျှ မကြားရကြောင်း သိရသည်။

RCSS လက်အောက်ခံ SSA-S တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အစိုးရနှင့် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

1 comment:

winko said...

အမိုက်မဲဆုံးသူတောင်းစား