လားရှိုးရှိစစ်ဘေးသင့်ပြည်သူများ ကူညီရန် ကျောင်းသားသမဂ္ဂအဖွဲ့များပြင်ဆင်

နင်းခမ်းဟေမာန်၊ သထွုံးပေး
ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၅ ခု| တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ် လားရှိုးဒေသရှိစစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် သွားရောက်ကူညီပေးရန်အတွက် ရှမ်းပြည်ကျောင်းသားသမဂ္ဂအဖွဲ့ထံ ခရိုင်ငါးခုမှကျောင်းသား သမဂ္ဂများက လာရောက်ပူးပေါင်းပြီး ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဝင်းနို်င်ဦးမှ “စစ်ပွဲနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ် စဲရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ တဖက်သတ်အပစ်ခတ်ရပ်စဲရေးသဘောမျိုးနဲ့တော့ မဖြစ်ဘူး၊ လက်နက်နဲ့ ညိမ်းချမ်းရေးလဲလို့မရဘူး၊ ညိမ်းချမ်းရေးကို ညိမ်းချမ်းရေးနဲ့ပဲ လဲလို့ရတယ်၊ လက်နက်နဲ့ညိမ်းချမ်းရေး လဲလှယ်ဖို့အဖွဲ့ရှိရင်တော့ ဒါကိုတဖက်က အဖွဲ့အစည်းတွေလည်း လက်နက်ချသွားမှာ မဟုတ်ဘူး၊ ညိမ်းချမ်းရေးဆိုတဲ့ဟာ ရလာမှာမဟုတ်ဘူး၊ နှစ်ဦးနှစ်ဖက် လက်နက်ကိုင်အားလုံး နိုင်ငံရေးဆွေးနွေးပွဲကို စေ့စပ်ညှိနိုင်းတဲ့လမ်းကြောင်းပေါ်ပဲ သွားစေချင်တယ်၊ တဖက်နှင့်တဖက် ပစ်ခတ်နေတဲ့ကြားမှာ ပြည်သူတွေ မြေစာပင်ဖြစ်နေရတဲ့ကိစ္စ ဒီလောက်နှင့်ရပ်သင့်ပြီ” ဟု ပြောသည်။

ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂနှင့် လာရောက်ပူးပေါင်းသော မြင်းခြံ၊ မုံရွာ၊ တောင်းတွင်းကြီး၊ ကလေး၊ မန္တလေး ခရိုင်ငါးခု ကျောင်းသားသမဂ္ဂများစုစုပေါင်း (၃၅) ပါဝင်ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး စစ်ပွဲတွေက ဖြစ်နေဆဲပဲ၊ ပြည်သူတွေကို ကူညီချင်တဲ့ စိတ်ဓါတ်လည်းပါတယ်၊ ချပြချင်တာလည်းပါတယ်၊ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့ပြောပြီး ဒီစစ်ပွဲတွေဖော်ဆောင်နေတာ ငြိမ်းချမ်းရေးမလိုချင်ဘဲနဲ့ စစ်အစိုးရအာဏာကောင်းအောင် လုပ်နေတယ်လို့မြင်ပါတယ်၊ ဒီလိုစစ်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ဒီအစိုးရတာဝန်မကျေမှုပဲ၊ ဒီအစိုးရရဲ့ဖောက်ပြန်မှုဘဲ၊ အစိုးရကို ရှုံ့ချတယ်၊ ဘယ်သူမှစစ်ဘေးအတွက် အာရုံမစိုက်သေးခင်း ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ စစ်ဘေးအလှူခံဆိုပြီး ခရိုင်တွေတိုင်းမှာ ထွက်လိုက်တယ်၊ ကျွန်တော်တို့နောက်မှာ လူငယ်တွေအများကြီးပါလာတော့ ပြည်သူတွေ အတွက် ထိရောက်တယ်” ဟု မန္တလေးခရိုင်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ဉာဏ်လင်းထက်က ပြောသည်။

ကျောင်းသားသမဂ္ဂအဖွဲ့များမှ မိမိတို့အနေဖြင့် ကူညီပေးနိုင်မှုနည်းပါးကြောင်းနှင့် ဆန် ဆီ ပဲဲ ဆေးနှင့် အခြားလိုအပ်သောပစ္စည်းများ သိန်းတစ်ရာကျော်သာ တန်ဖိုးရှိပေမဲ့ အဓိကပြည်သူများအား စိတ်ပိုင်းဆိုင်ရာ မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်ဘေးသင့်ပြည်သူများကို သွားရောက်ကူညီရန် ဒီဇင်ဘာ ၁ ရက်နေ့တွင် လောကမာန်အောင်ကျောင်း၌ စုဝေးပြင်ဆင်ချိန်တွင် ကျောင်းသားသမဂ္ဂအဖွဲ့များမှ ပြောဆိုခဲ့သည်။

====================================




ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ၀င်းနိုင်ဦးမှ “စစ်ပွဲနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ် စဲရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ တဖက်သတ်အပစ်ခတ်ရပ်စဲရေးသဘောမျိုးနဲ့တော့ မဖြစ်ဘူး၊ လက်နက်နဲ့ ညိမ်းချမ်းရေးလဲလို့မရဘူး၊ ညိမ်းချမ်းရေးကို ညိမ်းချမ်းရေးနဲ့ပဲ လဲလို့ရတယ်၊ လက်နက်နဲ့ညိမ်းချမ်းရေး လဲလှယ်ဖို့အဖွဲ့ရှိရင်တော့ ဒါကိုတဖက်က အဖွဲ့အစည်းတွေလည်း လက်နက်ချသွားမှာ မဟုတ်ဘူး၊ ညိမ်းချမ်းရေးဆိုတဲ့ဟာ ရလာမှာမဟုတ်ဘူး၊ နှစ်ဦးနှစ်ဖက် လက်နက်ကိုင်အားလုံး နိုင်ငံရေးဆွေးနွေးပွဲကို စေ့စပ်ညှိနိုင်းတဲ့လမ်းကြောင်းပေါ်ပဲ သွားစေချင်တယ်၊ တဖက်နှင့်တဖက် ပစ်ခတ်နေတဲ့ကြားမှာ ပြည်သူတွေ မြေစာပင်ဖြစ်နေရတဲ့ကိစ္စ ဒီလောက်နှင့်ရပ်သင့်ပြီ” ဟု ပြောသည်။


“ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး စစ်ပွဲတွေက ဖြစ်နေဆဲပဲ၊ ပြည်သူတွေကို ကူညီချင်တဲ့ စိတ်ဓါတ်လည်းပါတယ်၊ ချပြချင်တာလည်းပါတယ်၊ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့ပြောပြီး ဒီစစ်ပွဲတွေဖော်ဆောင်နေတာ ငြိမ်းချမ်းရေးမလိုချင်ဘဲနဲ့ စစ်အစိုးရအာဏာကောင်းအောင် လုပ်နေတယ်လို့မြင်ပါတယ်၊ ဒီလိုစစ်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ဒီအစိုးရတာဝန်မကျေမှုပဲ၊ ဒီအစိုးရရဲ့ဖောက်ပြန်မှုဘဲ၊ အစိုးရကို ရှုံ့ချတယ်၊ ဘယ်သူမှစစ်ဘေးအတွက် အာရုံမစိုက်သေးခင်း ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ စစ်ဘေးအလှူခံဆိုပြီး ခရိုင်တွေတိုင်းမှာ ထွက်လိုက်တယ်၊ ကျွန်တော်တို့နောက်မှာ လူငယ်တွေအများကြီးပါလာတော့ ပြည်သူတွေ အတွက် ထိရောက်တယ်” ဟု မန္တလေးခရိုင်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ဥာဏ်လင်းထက်က ပြောသည်။

ကျောင်းသားသမဂ္ဂအဖွဲ့များမှ မိမိတို့အနေဖြင့် ကူညီပေးနိုင်မှုနည်းပါးကြောင်းနှင့် ဆန် ဆီ ပဲ ဆေးနှင့် အခြားလိုအပ်သောပစ္စည်းများ သိန်းတစ်ရာကျော်သာ တန်ဖိုးရှိပေမဲ့ အဓိကပြည်သူများအား စိတ်ပိုင်းဆိုင်ရာ မြင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ စစ်ဘေးသင့်ပြည်သူများကို သွားရောက်ကူညီရန် ဒီဇင်ဘာ ၁ ရက်နေ့တွင် လောကမာန်အောင်ကျောင်း၌ စုဝေးပြင်ဆင်ချိန်တွင် ကျောင်းသားသမဂ္ဂအဖွဲ့များမှ ပြောဆိုခဲ့သည်။

No comments: