ကျေးသီးမြို့နယ် ဗုံးပေါက်ကွဲရာမှ ဦးဇင်းတစ်ပါးနှင့် ကိုယ်ရင်သုံးပါး ဒဏ်ရာရ

နန်းခမ်းဟေမာန် (သထွုံးပေး) | ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၅ ခု | တောင်ကြီးတိုင်းမ်

လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ကုန်းတော်ဘုန်းတော်ကြီးကျောင်းမှ ဦးဇင်းတပါးနှင့် ကိုယ်ရင်သုံးးပါးတို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ရေသွားခပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်၍ ထိခိုက်ဒဏ်ရာရရှိကြောင်း ရှမ်းပြည်နယ် ဒုရဲမှူးကြီး ဦးသန်းလွင်ထံမှ သိရှိရသည်။

"ထိခိုက်ဒဏ်ရာရတဲ့ ဦးဇင်းကတော့ သက်တော် ၂၅ နှစ်ဖြစ်ပါတယ်၊ ည ၅ နာရီခွဲအချန်မှာ မိုင်းနောင် ဆေးရုံကိုလာပို့သွားတယ်၊ ဦးဇင်းတစ်ပါးနဲ့ ကိုယ်ရင် နှစ်ပါးကိုတော့ လွိုင်လင်ဆေးရုံကို ဆက်ပို့ထားတယ်၊ ကိုယ်ရင်တစ်ပါးကတော့ မိုင်းနောင်ဆေးရုံမှာ ကျန်ခဲ့တယ်" ဟု ၄င်း ရဲမှူးကြီးကပြောသည်။

မိုင်းနောင်၊ ကျေးသီး မိုင်းရျူး ဒေသတို့တွင် တိုက်ပွဲများကြောင့် ဗုံးများဆက်တိုက်ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူများကိုထိခိုက်ဒဏ်ရာရပြီး၊ အခြားမြို့များသို့ စစ်ဘေးရှောင်ထွက်ကြရကြောင်း သိရှိရသည်။










No comments: