RCSS/SSA အဖွဲ့မှ လွယ်တိုင်းလျှံပွဲတော်အတွက် ရွာသားများ အဓမ္မ ခေါ်ယူစုဆောင်း

စနေနေ့ | ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

လွိုင်လင်ခရိုင် ပင်လုံမြို့နယ်မြောက်ဘက်ခြမ်း၊ မိုင်းပွန်မြောက်ဘက်ခြမ်း၊ မိုင်းကိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်မြောက်ဘက်ခြမ်းဒေသရှိရွာများတွင် စက်တင်ဘာလမှ စပြီး RCSS အဖွဲ့မှ
ရွာသားများကို ခေါ်ယူစုဆောင်းပြီး လွယ်တိုင်းလျှံသို့ အတင်းဓမ္မခေါ်ဆောင်လျှက်ရှိနေကြောင်း ရွာသားများပြောကြားချက်အရ သိရှိရသည်။

RCSS/SSA တပ်မဟာ ၃၆၂ စိုင်းပန် ခေါင်းဆောင်သည့်အဖွဲ့သည် လဲချားမြို့နယ်၊ ပင်လုံမြို့နယ်၊ နမ်းစန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ကျေးရွာသား (၄၀၀) ကျော်ကို ၁၇၊ ၁၁၊ ၂၀၁၂ ရက်နေ့တွင် နမ်းစန်မြို့နယ်မှတဆင့် လွယ်တိုင်းလျှံသို့ လည်းကောင်း၊ ဟိုပုံးမြို့နယ် ပန်ဟ၊ မိုင်းယွန်း၊ မိုင်းပွန်မြောက်ဘက်ခြမ်း ကျေးရွာအုပ်စုများနှင့် မိုင်းကိုင်အနောက်တောင်ခြမ်းရှိ ကျေးရွာများမှ ရွာသား (၁၀၀) ကျော်ကို လည်းကောင်း၊ တပ်မဟာ ၂၀၇ ချိုဖခေါင်းဆောင်သောအဖွဲ့မှ လွိုင်လင်မြို့နယ် တောင်ဘက်ခြမ်းကျေးရွာများမှ ရွာသား (၄၀) ကျော်ကို လည်းကောင်း၊ လွယ်တိုင်းလျှံသို့ လူများစုဆောင်းကာ အတင်းအဓမ္မပို့ဆောင်လျှက်ရှိကြောင်းသိရသည်။

ယခုနှစ် စက်တင်ဘာလမှ စပြီး ရွာသားများကို အတင်းအဓမ္မခေါ်ယူမှုကြောင့် ရွာသားများ ရွာတွင်မနေထိုင်ရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဒီဇင်ဘာ (၁၃) ရက်နေ့ RCSS/SSA မှ လွယ်တိုင်းလျံတွင် လူအင်အား (၂) သောင်းဖြင့်
ပွဲတော်တခုကျင်းပရန်အတွက် ယင်းသို့ ရွာသားများကို အတင်းအဓမ္မခေါ်ယူခြင်းဖြစ်ကြောင်း၊ ခေါ်ယူသည့်ရွာသားများ၏ ကုန်ကျသည့်ခရီးစရိတ်ကိုလည်း သက်ဆိုင်ရာ ကျေးရွာအသီးသီးမှ ကျခံပေးနေရကြောင်း ရွာသားတစ်ဦးမှ ဆိုသည်။





2 comments:

Andrew Kham said...

Is that true? So what? What are worry about? It

Andrew Kham said...

Is that true? So what? What are worry about? It