အာဏာရှင်တို့ သဘောသဘာ၀

စစ်အာဏာရှင်အားလုံးက လက်ထဲမှာအာဏာရှိရင် သူတို့မိသားစုအကျိုးစီးပွားအတွက် အတားအဆီးမဲ့ အစစ်အဆေးမဲ့ စိတ်တိုင်းကျ ကိုင်တွယ်ချယ်လည်နိုင်တယ်။ အဲဒီထင်သလိုချယ်လည်ခွင့်ကို လက်လွတ်ဆုံးရှုံးရမှာ သူတို့အကြောက်ဆုံးပဲ။

သူတို့လက်ထဲမှာ အာဏာမရှိတော့တဲ့အခါ ထင်ရာချယ်လှယ်လို့မရတော့ဘူး။ ကိုယ်ကျိုးအတွက် အတားအဆီးမဲ့ လုပ်ချင်တိုင်းလုပ်ဖို့က သိပ်အဆင်မပြေတော့ဘူး။ ဥပဒေအောက်မှာ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်လုပ်နေရတော့ သူတို့အတွက် အခက်အခဲဖြစ်လာတယ်။

တိုင်းပြည်ရဲ့ ဥပဒေအားလုံးက သူတို့အောက်မှာပဲ အမြဲရှိနေရမယ်။ သူတို့က ဥပဒေ အထက်မှာပဲ ရှိရမယ်လို့ အမြဲခံယူထားတယ်။

အဲကြောင့်ပဲ အခု တိုင်းပြည်အာဏာကို မတရားလုယူလိုက်တာဟာ သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက်သက်သက်ပဲဖြစ်တယ်။ မည်သည့်အခြားအကြောင်းကြောင့်မှ မဟုတ်ပါ။

သူတို့ပိုင်ဆိုင်ထားတဲ့ ချမ်းသာကြွယ်၀မှုတွေမှန်သမျက တိုင်းပြည်ရဲ့အမွေအနှစ်ပစ်စည်းတွေ အလွဲသုံးစားလုပ်ပြီး မတရားခိုးယူလို့ထားတဲ့ဟာတွေဖြစ်တယ်။ ဒီအတွက် သူတို့က ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာနဲ့ နေနေရတဲ့လူတွေမဟုတ်ဘူး။ လက်ထဲမှာ အာဏာမရှိရင် အဲဒီချမ်းသာမှုတွေ လက်လွတ်ဆုံးရှုံးသွားမှာ သိပ်ကြောက်တယ်။

အဲဒါကြောင့်ပဲ သူတို့ချမ်းသာမှုကို ကာကွယ်ဖို့က သူတို့လက်ထဲမှာ အာဏာရှိနေဖို့က အဓိကကျလာတယ်။ တိုင်းပြည်ရဲ့အုပ်ချုမ်မှုအာဏာကို မရ ရတဲ့နည်းနဲ့ လုပ်နေတာ ဖြစ်တယ်။

၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို သူတို့ကိုယ်တိုင်ပဲ စိတ်တိုင်းကျရေးခဲ့တယ်။ ပြီးတော့ အဲဒီဥပ‌ဒေကို သူတို့ပဲ မတရားနည်းနဲ့ အတင်းအကျပ်လုပ်ပြီး အတည်ပြုလိုက်တယ်။ သူတို့အာဏာတည်မြဲအောင် သူတို့ချမ်းသာမှုကို မထိပါးလာနိုင်အောင် အာမခံချက်ပေးထားတဲ့ ဥပဒေပဲဖြစ်တယ်။

သို့သော် မတရားနည်းနဲ့ သူတို့‌စိတ်ကြိုက်ရေးဆွဲ အတည်ပြုပြဌာန်းထားတဲ့ အဲဒီဥပ‌ဒေကို သူတို့ပဲပြန်ဖျက်ဆီးလိုက်တယ်။ အကြောင်းက ရှင်းတယ်။ သူတို့အတည်ပြုထားတဲ့ ဥပဒေအတိုင်း သူတို့စိတ်တိုင်းကျဖြစ်မလာဘူး။ သူတို့လိုချင်တဲ့ တိုင်းပြည်အုပ်ချုပ်မှုအာဏာ ရမလာဘူး။

သူတို့ကိုယ်ကျိုးကို ထိပါးလာပြီလို့ ခံစားရတယ်။ အဲတော့ အာဏာကို မရ ရတဲ့နည်းကို သုံးလာတယ်။ တရားနည်းကျကျနဲ့မရတော့ မတရားနည်းနဲ့သိမ်းတာပေါ့။ အာဏာရှင်တို့ရဲ့ သဘောသဘာ၀ကရှင်းရှင်းလေးပဲ အဖြေက။

သူတို့လက်ထဲ အာဏာရောက်တာနဲ့ သူတို့ကို‌‌ေ၀ဖန်တဲ့ ဆန့်ကျင်တဲ့သူ မည်သူမဆို သူတို့ရန်သူလို့ပဲသတ်မှတ်တယ်။ သူတို့အာဏာကို ခြိမ်း‌ခြောက်မှုပြုလာပြီလို့ ယူဆရင် မည်သူ့ကိုမျှ ကွက်ပြီးချမ်းသာမပေးဘူး၊ အမျိုးမျိုးညင်းပန်းနှိပ်စက်မယ် ဖမ်းဆီးထောင်ချမယ် ပစ်သတ်ရင်ပစ်သတ်မယ် စတာတွေလုပ်မယ်။

No comments: