ကျောက်စာ သက်သေ (၂)

By ခိုင်လင်း (မေဃ၀တီ) | ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ရာဇ၀င်ကို အခြေခံပြီး “ မြန်မာအစ တကောင်းက “ လို့  စကားပုံဖြစ်လာတယ်။ တကောင်းရာဇ၀င်က အားလုံးသိပြီးတဲ့အတိုင်း သာကီဝင်မင်းမျိုးနဲ့စခဲ့တာဖြစ်တယ်။ အဲဒီ သာကီဝင်မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွားလို့ ဇာတိမြေ အိန္ဒိယကို စွန့်ခွါပြီး မြန်မာ နိုင်ငံ တကောင်းကိုထွက်လာကာ တိုင်းပြည်တည်ထောင်တယ်။ အဲဒီ မင်းမှာ အမွေခံသားနှစ်ယောက် နန်းလုကြတယ်။ အငယ်က အထက်အညာကို အနိုင်ရပြီး အကြီးက ဓည၀တီ(ရခိုင်)ရောက်သွားတယ်လို့ ဆိုတယ်။ ဒီရာဇ၀င်ကို အခြေခံပြီး ရိုဟင်ဂျာအမည်ခံ ဘင်္ဂ လီတွေက မြန်မာတိုင်းရင်းသားတွေကို ကုလားတွေဖြစ်တယ်လို့ ပြောနေကြတယ်။

ဆိုတော့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ရေးထားတဲ့ သမိုင်းတွေကို အခြေခံမပြောဘဲ အထောက်အထားမရှိဘဲ ရေးထားတဲ့ သမိုင်းတွေကို အခြေခံပြီးပြောခြင်းဟာ ရိုးသားမှု မရှိခြင်းကို ပြနေသလို တဘက်မှာလည်း တကယ်တမ်းသမိုင်းကို နားလည်ထားတဲ့လူတွေအတွက်တော့ ရီစရာတခုဖြစ်နေပြန်တယ်။ ပြောချင်တာက မှန်းဆပြီး အထောက်အထားမဲ့ ပြောနေကြ ရေးနေကြတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ လုပ်ကြံသမိုင်းတွေဟာ မြန်မာတိုင်းရင်းသားတွေရဲ့ အမျက်ဒေါသကိုသာ ဖြစ်စေတယ်ဆိုတာ ပြောချင်တယ်။ ခေတ်သစ်မှာ အထောက်အထားမဲ့တဲ့ သမိုင်းတွေကို အထောက်အထားရှိတဲ့ သမိုင်းတွေက ချေဖျက်ပစ်သလို အထောက်အထားနည်းတဲ့ သမိုင်းတွေကိုလည်း ခိုင်မာတဲ့ အထောက် အထားရှိတဲ့ သမိုင်းတွေက ချေဖျက်ပစ်တတ်ပါတယ်။

ဆက်ရရင် အစဉ်အလာအရ ပြောနေတဲ့ မြန်မာအစ တကောင်းက သမိုင်းဟာ မှားယွင်းကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သူ့ရဲ့ “အစောဆုံးအက္ခရာတင် တိုင်းရင်းမြန်မာ မှတ်တမ်းများ” စာအုပ်မှာ ဆရာက “ ၀မ်းနည်းစရာ ကောင်းတဲ့အချက်က ရှေးဟောင်း သုတေသနက တူးဖော်လိုက်လို့ အရင်က အများကြီးနှစ်သက်ခဲ့တဲ့ အဖြစ်အပျက်တချို့ဟာ မမှန်တာတွေ့လို့ စွန့်ရတဲ့အဖြစ် ရောက်သွား ပါတယ်။

ဥပမာ - တကောင်းဟာ ဘုရားမပွင့်မီ ကာလကြာမြင့်စွာကပဲ ရှိခဲ့တယ်လို့ ကျေကျေနပ်နပ် ပြောနေခဲ့ရာက အခုတူးဖော်ကြည့် တဲ့အခါ ခရစ် (၁၁)ရာစု နှစ်ထက် စောတဲ့ပစ္စည်း ဘာတခုမျှ ထွက်မလာပါ။ ဂြီ့က္ဗေတြဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်တစ်ရာ (အရင်နှစ်ပေါင်း ၂၄၀၀)မှာ တည်ခဲ့တယ်ဆိုတဲ့ စကားနဲ့ တူးဖော်ရေးက (အရင်နှစ် ၂၀၀၀ ထက်) မပိုဘူးလို့ ပြနေပြီ။ “ လို့ ခိုင်မာတဲ့ သမိုင်းအထောက်အထားတွေနဲ့ ချေဖျက်ခဲ့ပါတယ်။

တနည်းအားဖြင့် ပြောရရင် ခိုင်မာတဲ့ သမိုင်းအထောက်အထားတွေအရ မြန်မာအစ တကောင်းက ဆိုတဲ့ အစဉ်အလာသမိုင်းကိုရော သာကီမျိုးဟေ့ တို့ဗမာကိုလည်း ဒေါက်တာသန်းထွန်းကပယ်ခဲ့တယ်။ ကုလားတွေနဲ့ အမျိုးမတော်ချင်တာ မျိုးချစ်စိတ်ကြောင့် မဟုတ်ဘူးလို့ ဆရာ့စာအုပ်တော်တော်များများမှာ မှာထားခဲ့တယ်။ဆိုတော့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ အထောက်အထားမရှိဘဲ မှန်းဆပြောနေ တဲ့ သမိုင်းတုတွေဟာလည်း ချေဖျက်ပြီးသားဖြစ်ပါတယ်။

ပျူက ပျူစာ မတီထွင်ခင် ရခိုင်က ရခိုင်စာ မတီထွင်ခင် မွန်က မွန်စာ မတီထွင်ခင် မြန်မာက မြန်မာစာ မတီထွင်ခင် အိန္ဒိအက္ခရာတွေကို သုံးခဲ့ရတယ်။ အဲဒီအက္ခရာတွေနဲ့ သမိုင်းမှတ်တမ်းတင်ခဲ့တယ်။ အန္ဒိယ ယဉ်ကျေးမှုလွှမ်းမိုးခြင်းက အဲဒီခေတ်က သိပ်အပြန့်ကျယ် တယ်။ ဒီနေရာမှာ ဆက်စပ်လို့ ဒေါက်တာသန်းထွန်းစာကို ကိုးကားချင်တယ်။

ဆရာက “ ခရစ်တစ်ဆယ့်နှစ်ရာစုဦးအထိ တွေ့ရသော ခေတ်ဟောင်း မွန်ကျောက်စာဟူ၍ (၆၀)ရှိသည်မှ (၄၇)ခုကို ပုဂံ၌ တွေ့ရ၏။ သို့သော် ခေတ်လယ်မွန်ကျောက်စာပိုင်းသို့ ရောက်သောအခါ အစုစု (၅၉)ခုတွင် ပုဂံ၌ တခုသာ တွေ့ရပါတော့သည်။ ယင်းအချက်တစ်ချက်မျှပင်လျှင် ယဉ်ကျေးမှုသြဇာ၏ အတက်အသက်သမိုင်းကို အကဲဖြတ်နိုင်လောက်စရာရှိပါသည်။“ လို့ ထောက်ပြခဲ့တယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက လက်ရှိ ရှာဖွေတွေ့ရှိသလောက် ခေတ်ဟောင်းမွန်ကျောက်စာ ခြောက်ဆယ်မှာ လေးဆယ့်ခုနှစ်ခက ပုဂံမှာရှိနေပေမယ့် ပုဂံဟာ မွန်တိုင်းပြည်မဟုတ်ဘူး။ မြန်မာတွေရဲ့တိုင်းနိုင်ငံသာဖြစ်တယ်။ ထို့အတူ သိင်္ဃသူသမီးကျောက်စာမှာ “ အချင်ချင် အမျက်အဤ တစိယ် မဟိယ် “ ဆိုတာ ရှိတယ်။ အဲဒီမှာ “တစိ”နဲ့ “မဟိ”ဆိုတာ ရခိုင်တွေ ဒီနေ့အချိန်ထိ သုံးနေတဲ့ နေ့စဉ်သုံးဝေါဟာရဖြစ်တယ်။ ဒါ့အပြင် ပုဂံကျောက်စာမှာ ရခိုင်ဝေါဟာရတွေ အများကြီးရှိသေးတယ်။ ပုဂံကျောက်စာတွေမှာ ရခိုင်ဝေါဟာရတွေ့တိုင်း ပုဂံဟာ ရခိုင် တိုင်းပြည် မဟုတ်ဘူး။ မြန်မာတွေရဲ့တိုင်းပြည်သာဖြစ်တယ်။

ဘုရင့်နာမည် မြို့ နာမည် တိုင်းပြည်နာမည်တွေကို (ဒေါက်တာသန်းထွန်းလေသံနဲ့ ပြောရရင် ) ကုလားလိုဘဲပေးတယ်။ ပုဂံက လည်း အရိမဒ္ဒနပုရ ဖြစ်သလို မွန်ကလည်း သူ့တိုင်းပြည်ကို သုဝဏ္ဏဘူမိလို့ပေးတယ်။ ပျူကလည်း သရေခေတ္တရာလို့ပေးတယ်။ ရခိုင်က လည်း ဓည၀တီ၊ ဝေသာလီ စသည်ဖြင့် ပေးတယ်။ ဘုရင်နာမည်တွေလည်း ဒီအတိုင်းဘဲ။ဥပမာ အနိရုဒ္ဓက ပုဂံပြည့်ရှင်ဘုရင် တပါးဖြစ်တယ်။ ဒီဘုရင်နာမည်က ကုလားနာမည်ဖြစ်တိုင်း ကုလားဖြစ်တယ်လို့ပြောဖို့ခက်တယ်။ မြန်မာတွေဟာ ကုလား ပုဆိုးမ၀တ်ခင်က ဘောင်းဘီဝတ်တယ်။

ယခု မြန်မာနိုင်ငံဘက်ကို ဆင်းလာပြီးမှ ရာသီဥတုအပြောင်းအလဲတွေနဲ့အတူ အိန္ဒိယယဉ်ကျေးမှု သြဇာ လွှမ်းမိုးမှုတွေကြောင့် ပုဆိုးကို ၀တ်လာတာဖြစ်တယ်။ ၀တ်စား ဆင်ယင်မှုတွေ ၊ အိန္ဒိယအက္ခရာသုံးစွဲမှုတွေ ၊ ယဉ်ကျေးမှုက အစ အိန္ဒိယ ယဉ်ကျေးမှုများလွှမ်းမိုးခံခဲ့ရတယ်။

သို့ပေမယ့် တရုတ်ယဉ်ကျေးမှုတွေကိုလည်း ယူငင်သုံးစွဲခဲ့တာ တွေလည်းရှိတယ်။ မြန်မာတွေဟာ မြန်မာနိုင်ငံထဲက မဆင်းလာခင် တရုတ် အနောက်မြောက်နဲ့ တိဗက် အရှေ့မြောက်မှာ ရှိတဲ့ ကန်စုနယ် ထောင်မြစ်ဝှန်းမှာ နေခဲ့ တဲ့ တိဗက်မြန်မာနွယ်ဝင်အုပ်စုတွေဖြစ်တယ်။ တိဗက် မြန်မာအုပ်စုတွေထဲမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်။ ဒီအထဲက လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မျိုးနွယ်စုအနည်းငယ်ကို ပြောရရင် ကုကိ ချင်း ၊ သက် ၊ ဓနု ၊ အင်းသား၊ ထားဝယ်၊ ရခိုင် ၊ မြန်မာတွေဖြစ် တယ်လို့  ပညာရှင်တွေက ထောက်ပြတယ်။ဓနု၊အင်းသား၊ထားဝယ်၊ ရခိုင်စကားများဟာ မြန်မာစကားနဲ့ အလွန်နီးစပ်တယ်။ ရခိုင် စကားဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီစကားနဲ့ မိုးနဲ့မြေလိုကွာခြားပါတယ်။

ပညာရှင်တွေကတော့ ရခိုင်တွေဟာ မြန်မာတွေထက်စောပြီး လက်ရှိ မြန်မာနိုင်ငံထဲကို စောပြီးဝင်လာသူတွေဖြစ်ပြီး နီပေါဘက်မှ စစ်တကောင်းကို ဖြတ်၍ ၀င်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ ဆိုတော့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေပြောသလို ရခိုင်တွေဟာ အသားမဲတာနဲ့ ကုလားစပ်တွေဖြစ်တယ်လို့ စွပ်စွဲချက်တွေဟာ မီးလောင်ရာကို ဓါတ်ဆီလောင်းထဲ့ သလိုဖြစ်လိမ့်မယ်။ အညာသားတွေနဲ့ ရခိုင်ရုပ်တွေတူသလို ကုလားရုပ်တွေနဲ့ ဘာမှ တူနိုင်စရာမရှိတဲ့ အလွယ်တကူကြည့်နိုင်တဲ့ ရခိုင်အချို့ကို ပြချင်တယ်။ ဥပမာ မင်းသားနေတိုး၊ မင်းသားကြီး ဦးအောင်လွင်၊ အဆိုတော် ရတနာမိုင်၊ စာရေးဆရာ ဖေမြင့် စတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ရင် သိသာတယ်။ ပြောချင်တာက သမိုင်းကို အထောက်အထားရှိစွာနဲ့ချပြခြင်းက ပြဿနာမဖြစ်ပေမယ့် အထောက်အထားမယ့် လိမ်ညာတဲ့ သမိုင်းတုတွေဟာ မြန်မာတိုင်းရင်းသားတွေရဲ့ ဒေါသကို ဆွပေးသလို ဖြစ်စေတယ်ဆိုတာ ပြောချင်တယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတယ်ဆိုရင် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်တဲ့ အပြုအမူတွေကို ပြုမူ ကျင့်ကြံဖို့လိုအပ်တယ်။ ကုလား သတင်းဌာနဖြစ်တဲ့ အယ်လ်ဂျာဇီးရားက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်လို့ ပြောဆိုချက်မျိုးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုကြီးထွားအောင်လုပ်သလိုမျိုး မလုပ်ဖို့အထူးလိုအပ်တယ်။ ဒီလောက် ဖောင်းပွနေတဲ့ ဘင်္ဂလီလူဦးရေကို ကြည့်ခြင်းအားဖြင့်ဖြစ်ဖြစ် ဘလီတွေ မှိုလိုပေါက်နေတဲ့ အချက်ကို ကြည့်လို့ဘဲဖြစ်ဖြစ် အယ်လ်ဂျာဇီးရားက ပြောဆိုချက်တွေဟာ မှားယွင်းကြောင်းကို အလွယ်တကူ သိနိုင်တယ်။

ပြောချင်တာက လိမ်ညာတဲ့ သတင်းတွေ၊ သမိုင်းတုတွေဟာ မြန်မာတိုင်းရင်းသားတွေရဲ့ ဒေါသကို ဆွပေးနေခြင်းသာဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ ရခိုင်ဘုရင်ခေတ်မှာ ဒီဘက်စကားနဲ့ပြောရင် ဧည့်နိုင်ငံသားအဖြစ် ၊ ပုဂံခေတ်မှာ ဧည့်နိုင်ငံသားအဖြစ် နေထိုင်ခဲ့တဲ့ သမိုင်းကို ပြောင်းပြန်လှန်ပြီး မြန်မာ၊မွန်၊ရှမ်း၊ကရင်၊ ရခိုင်တွေထက် ဒီမြေမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ အရင်ရှိနေတယ်။ သို့မဟုတ် မွန်၊မြန်မာ၊ ရခိုင်တွေရဲ့ ဘုရင်နာမည်တွေ၊ မြို့တွေ ၊ ကျောက်စာတွေဟာ ကုလားလိုရေးထားတာကြောင့် ကုလားတိုင်းပြည်ဖြစ်တယ်လို့ပြောရင် အရှက်မဲ့တဲ့ သိက္ခာမဲ့တဲ့ ပြောဆိုချက်တွေဖြစ်တယ်။ ရခိုင်ဘုရင်ခေတ်မှာ မွတ်ဆလင်တွေ လေးသည်တော်အဖြစ် အမှုထမ်းဖူးသလို ဂျပန်အမှုထမ်း တွေတောင်ရှိတယ်လို့ ဂျပန်မှတ်တမ်းတွေမှာရှိတယ်။

ပုဂံခေတ်မှာတော့ ဒေါက်တာသန်းထွန်းက သူ့ရဲ့ “အစောဆုံး အက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ” မှာ ဆရာက “ ရာဇကုမာရ်ကျောက်စာ၌ ဟေဗိုဝ်ဟု ဖော်ပြပါရှိဘူးသော ယှဉ်ပိုဝ်ကဲ့သို့ မြစ်ဝကျွန်းပေါ်ရှိ ဆိပ်ကမ်းမှ တစ်ဆင့် ကုလားကျွန်အမြောက်အများခေါ်ယူကြောင်းသိရ၏“ လို့ ကျောက်စာအထောက်အထားနဲ့ပြောတယ်။ ဒီစကားအရ မြန်မာတိုင်းရင်းသားတွေမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ခေတ်ဦး မြန်မာကျောက်စာတွေဖြစ်တဲ့ ပျူ၊ ရခိုင်၊ မွန်၊ မြန်မာကျောက်စာတွေဟာ သက္ကတဘာသာနဲ့ရေးထိုးသလို အန္ဒိယယဉ်ကျေး မှုတွေဟာလည်း မြန်မာနိုင်ငံအပါအ၀င် အခြားတိုင်းပြည်များကိုလည်း စာပေနဲ့အတူ ပြန်နှံ့ခဲ့ပါတယ်။ အဲဒီလို ပြန့်နှံ့ခဲ့တဲ့အတွက် မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယားစတဲ့ နိုင်ငံတွေဟာ ကုလားတွေရဲ့တိုင်းပြည်ဖြစ်တယ်။ ဒီလူတွေဟာ ကုလားစပ်တွေလို့ပြောနေခြင်းတွေဟာ လုပ်ကြံတဲ့သမိုင်းတုတွေဖြစ်တယ်ဆိုတာကို သမိုင်းပညာရှင်တွေရဲ့ သုတေသနပြုချက်တွေနဲ့ ချေဖျက်ခဲ့ပါတယ်။

နောက်ဆုံး ဂလိုဘယ်ယဉ်ကျေးမှုအရ အနောက်တိုင်း ယဉ်ကျေးမှုတွေဟာလည်း မြန်မာပြည်ရဲ့တောတောင်တွေထဲထိရိုက်ခတ်ခဲ့သလို တချိန်က အိန္ဒိယယဉ်ကျေးမှုဟာလည်း အာရှကို တရုတ်ယဉ်ကျေးမှုနဲ့အပြိုင် သြဇာသက်ရောက်ခဲ့တာကို ၀န်ခံရမယ်။

သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းရဲ့ “ပျူတွေ ဘယ်ပျောက်သွားသလဲ” စာအုပ်မှာ “တရုတ်မှတ်တမ်းများအရ ယင်းသို့ ပြောင်းလဲရခြင်းကား ကုလားတို့ ပေါက်ရောက်လာသောကြောင့် ဖြစ်ပါသည်ဟု ယူရန်ရှိ၏။ တရုတ်နိုင်ငံ၌ သုံးရာစုနှစ်ဦးတွင် ဟန်မင်းဆက် ကျဆုံးသည်။ ယင်းသည့် အခါမှ စ၍ ယနေ့ (ယခုဆောင်းပါးရေးသော ၁၉၃၆) တိုင် မြန်မာနိုင်ငံ၌ ကုလားဓလေ့ သြဇာအလွှမ်းမိုးဆုံး ဖြစ်ပါတော့သည်။

ထုထည်ကြီးမားလှသော ကုလားဓလေ့ကို ကြိုက်သလို ယူငင်သုံးစွဲပေတော့ဟု စုပုံ၍ ပေးအပ်လာစအခါက နှစ်သက်စွာယူငင် သုံးစွဲနိုင်လောက်အောင် တိုင်းရင်းသားတို့၌ ဓါတ်ခံမရင့်သန် သေးသဖြင့် ကုလားအမူအကျင့်ကို အငှားယူ၍ သုံးစွဲနေရမှန်း ယခုထက်မြင်သာပေမည်။

အခြေခံအားဖြင့် အက္ခရာနှင့်စာရေးနည်း၊ စာဖွဲ့ရန်အကြောင်းအရာ၊ အနုပညာ၊ အတွေးအခေါ်နှင့်သာသနာယုံကြည်မှုမှစ၍ ပစ္စည်းအသုံးအဆောင်များ စွာကိုပင် ကုလားနိုင်ငံမှ ယူငင်သုံးစွဲလာကြသည်။ ကုလားတို့၏ ကျေှးဇူးကြီးသည်ကို ထိုက်သလောက် ၀န်ခံရမည်ဖြစ်သော်လည်း အကဲအပိုဖြစ်အောင် မချဲ့ထွင်သင့်ချေ။” ဟု ဆရာက တပ်လှန့်ခဲ့ပါတယ်။

နောက်ဆုံးပြောချင်တာက ကုလားစာတွေနဲ့ ရေးထားတယ်ဆိုတဲ့ ရှေးခေတ် ရခိုင်ကျောက်စာတွေဟာ ယေဓမ္မာဟေတုပဘာဝါ စတဲ့ကျောက်စာတွေဟာ ဗုဒ္ဓရဲ့ ဓမ္မတွေသာဖြစ်တယ်။ ထို့အတူ ပျူ ၊ ရခိုင်၊ မွန်၊ မြန်မာစတဲ့ တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာကို မကိုးကွယ်မှီက ရှေးဦးလူသားတွေလို နတ် ၊ နဂါး၊ ဗြဟ္မဏ၀ါဒစသည့်တို့ကို ကိုးကွယ်နေကြမှာဖြစ်တယ်။ ဒီလိုကိုးကွယ်ခဲ့တိုင်း ဒီလူမျိုးတွေဟာ ဟိန္ဒူကုလားတွေဖြစ်တယ်လို့ ပြောရင် အရှက်သိက္ခာမရှိတဲ့ ပြောဆိုချက်တွေဘဲ ဖြစ်မယ်လို့ ပြောချင်တယ်။    ။

ခိုင်လင်း(မေဃ၀တီ)
ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂ နံနက် ၁း၂၇

မှတ်ချက် ။  ။ ဆက်ပြီး လေ့လာလိုသူတွေအတွက် ကျမ်းညွန်းကို ခုနှစ်အုပ်လောက်ဘဲ ဖော်ပြပါမယ် အမှန်က အုပ်သုံးဆယ် ခန့်ရှိပါတယ်။ ပုံနှိပ်တိုက် ခုနှစ်တွေကလည်း သမိုင်းသုတေသနဌာနပုံစံမျိုး မဖော်ပြတော့ပါဘူး။

၁။ ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇ၀င်
၂။ ဒေါက်တာသန်းထွန်း - အစောဆုံးအက္ခရာတင် တိုင်းရင်းမြန်မာမှတ်တမ်းများ
၃။ ဒေါက်တာသန်းထွန်း - ပျူတွေ ဘယ်ပျောက်သွားသလဲ
၎။ ဒေါက်တာသန်းထွန်း - အသစ်မြင် မြန်မာသမိုင်း
၅။ ဖေမောင်တင် - ဘာသာလောကကျမ်း
၆။သာမြတ် - မွန် မြန်မာအက္ခရာသမိုင်း
၇။ ဂျွန်စတန်(အီးအိပ်ခ်ျ) - ရခိုင်သက္ကတကျောက်စာအချို့ အရှေ့တိုင်းနှင့်အာဖရိကပညာကျောင်းစာစောင်၊ အတွဲ ၁၁ ၊ အပိုင်း ၂






No comments: