မတော်မတရားပြုလုပ်နေကြသော ပအိုဝ်းလူကြီးများ

တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ပစ်ကျေးရွာအုပ်စုတွင်ပါဝင်သော ပုံဆွေပင်ကျေးရွာနှင့် ၀င်းယစံပြရွာကြီးအကြား (နှစ်ရွာအကြား) တွင် သုံးရွာ (တခေါ့မူးရွာ၊ ပုံဆွေပင်ရွာ၊ ၀င်းယရွာ) သဘောတူ သတ်မှတ်ထားသော သုံးရွာပိုင် ဘုရားဝတ္တကမြေပေါ်တွင် သားသတ်ရုံဖွင့်၍ သားသတ်လုပ်ငန်းများ ရောင်းဝယ်ဖောက်ကားနေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

သားသတ်လုပ်ငန်းမှ ရရှိသော အခွန်အခတို့ကို ပုံဆွေပင်ဆရာတော် ဦးအာနန္ဒာနှင့် ဒေသခံလူကြီး (ဒေသအခေါ် ခမ်းဗွေး၊ ဒုဗိုလ်မူးတန်မြင့်အောင်၊ကက္ကူ-မောက်စံ) ပအိုဝ်းဗိုလ်မှူးကြီး မြင့်အောင်တို့ ရယူကြသည်ဟု ဒေသခံပုဂ္ဂိုလ်များထံမှ ကြားသိရသည်။

ဘုရာဝတ္တမြေပေါ်တွင် သားသတ်ရုံ ထားရှိခြင်းမှာ ဘာသာရေးအရ မသင့်လျော်သောကြောင့် ထိုသားသတ်ရုံကို ဖယ်ရှားပေးရန် တောင်းဆိုသော်လည်း ခုချိန်ထိ ဖယ်ရှားမှု မရှိသေးကြောင်း၊ ဖယ်ရှားမပေးသည့်အပြင် ဖယ်ရှားပေးရန် တောင်းဆိုသော အဓိကပုဂ္ဂိုလ် ၀င်းယရွာကျောင်းဆရာတော် ဦးသြဘာသကိုပင် အငြိုးထားပြီး ရွာသားများနှင့် တိုက်ပေးကာ ၀င်းယဆရာတော်အား ၀င်းယကျောင်းမှ ထွက်ခွာသွားစေရန် လူကြီးအချင်းချင်း လက်ဝါးရိုက်၍ ပအိုဝ်းဆရာတော်ကြီးများကို အသုံးချလျက် အတင်းအဓမ္မ ဖိအားပေးနေကြောင်း ကြားသိရသည်။

၂၃-၅-၂၀၁၂ နေ့တွင် ၀င်းယဒကာဒကာမများနှင့် ၀င်းယဆရာတော် ဦးသြဘာသကို အသိပေးခြင်း မရှိဘဲ တစ်ဘက်သတ် အစည်းအဝေးထိုင်၍ ၀င်းယဆရာတော် ဦးသြဘာသကို ၂၇-၅-၂၀၁၂ နေ့တွင် နောက်ဆုံးထားပြီး ကျောင်းမှထွက်ခွာသွားရမည်ဟု စာထုတ်ထားကြောင်း၊ ထိုစာကို ၀င်းယဒကာဒကာမများနှင့် ၀င်းယသံဃာတော်များက ကန့်ကွက်ကြသော်လည်း အလေးထားဆောင်ရွက်ပြောဆိုပေးမည့်သူ မရှိသောကြောင့် အခက်တွေ့နေရသည်။

ပအိုဝ်း ဒု-ဗိုလ်မှူးကြီး ခွန်လာက ကျောင်းမှထွက်မပေးလျှင် လာရောက်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားသောကြောင့် ၀င်းယဆရာတော်သည်လည်း ကျောင်းတွင်မနေ၀ံ့ဘဲ တိမ်းရှောင်နေရပါသည်။

ဝင်းယရွာသည် အပိုင်းအားဖြင့် (၀င်းယရွာငယ်၊ ၀င်းယရွာကြီး၊ ဟံကြိုးရွာ၊ ကန်တန်ရွာ) လေးပိုင်းရှိ၏။ ထိုလေးရွာတွင် (၀င်းယရွာငယ်၊ ဟံကြိုးရွာ၊ ကန်တန်ရွာ၊) သုံးရွာနှင့် ၀င်းယရွာကြီးမှ တစ်ဝက်တို့က လုံးဝကျေနပ်မှု မရှိကြဘဲ ၂၆-၅-၂၀၁၂-နေ့တွင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့၏ အမိန့်စာကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက်စာ ပြန်လည်ထုတ်ပြန်ကြေငြာခဲ့ကြသည်။

ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ပအိုဝ်းလူကြီးတို့က ဆွေးနွေးညှိနှိုင်းမှု မပြုဘဲ ထင်တိုင်းကြဲနေကြသည်ဟု ၀င်းယရွာသားတို့ထံမှ ကြားသိရပါသည်။ ၀င်းယကျောင်းမှ သံဃာတော်များကလည်း ထိုအမိန့်စာကို မကျေနပ်သောကြောင့် ၂၇-၅-၂၀၁၂ နေ့တွင် ကန့်ကွက်ကြောင်းကြေငြာစာ ပြန်လည်ထုတ်ပြန်ခဲ့ကြသည်။

ဝင်းယရွာတွင် အိမ်ခြေ (၅၀၀) ခန့်ရှိပြီး၊ လူဦးရေ (၁၅၀၀) ခန့် ရှိပါသည်။ ယခုကိစ္စကို ၀င်းယရွာငယ်မှ အိမ်ခြေ (၇၈)၊ လူဦးရေ (၂၅၂)၊ ဟံကြိုးရွာမှ အိမ်ခြေ (၅၀)၊ လူဦးရေ-(၁၇၀)၊ ကန်တန်ရွာမှ အိမ်ခြေ (၁၅၀)၊ လူဦးရေ (၆၆၂)၊ ၀င်းယရွာကြီးမှ အိမ်ခြေ (၇၅)၊ လူဦးရေ-(၂၄၆)တို့က လုံးဝကျေနပ်မှု မရှိကြပေ။

ထိုတစ်ဘက်သတ် အမိန့်စာကို ကန့်ကွက်ဆန့်ကျင်သူ စုစုပေါင်းမှာ (၁၃၃၀) ဖြစ်ပြီး အိမ်ခြေမှာ စုစုပေါင်း (၃၅၃) အိမ် ဖြစ်ကြောင်း ၀င်းယ ရွာသားထံမှ သိရှိရပါသည်။

ထိုသို့ သုံးရွာနှင့် တစ်ရွာတစ်ဝက် (အများစု) တို့က သဘောမတူပါဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ပအိုဝ်းလူကြီးများ ပအိုဝ်းဆရာတော်ကြီးများက ယခုကဲ့သို့ အမိန့်စာထုတ်လိုက်ခြင်းမှာ ဘက်လိုက်ရာကျသည်ဟု ပြောဆိုနေကြပါသည်။

ဦးသြဘာသသည် လုပ်ဆောင်ချက်များစွာရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ ဦးသြဘာ၏ ဦးဆောင်မှုကြောင့် ရပ်ရွာ၏ လူမှုရေး ဘာသာရေး ပညာရေးများ တိုးတက်လာရသည်မှာ အနီးနားဝန်းကျင်ရှိ ရွာများလည်းသိကြပါသည်။

သို့သော် ပအိုဝ်းဆရာတော်ကြီးများနှင့် ပအိုဝ်းလူကြီးတို့မှာ မသိကျိုးကျွံပြုလျက် ယခုကဲ့သို့ အမိန့်စာထုတ်ပြန်ကြသည်မှာ အဏာကိုအလွဲသုံးစားပြုရာရောက်ပြီး ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ပညာရှင်တစ်ချို့က ပြောဆိုသုံးသပ်ကြပါသည်။

ရွာသားများအနေဖြင့် တဘက်သတ် တိုင်ကြားစွပ်စွဲမှုဖြင့် ဆရာတော်ကို ရွာကျောင်းမှ နှင်ထုတ်ခြင်းမှာ ၀ိနည်းကံနှင့်မညီသော လုပ်ရပ်ဖြစ်၍ လက်မှတ် ထိုးသောဆရာတော်များ၏ စိတ်ဓာတ်ကို အံ့သြနေကြပါသည်။

ပအိုဝ်းဆရာတော်ကြီးများသည်လည်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်း (PNA နှင့် PNO) တို့ကို ရဲရဲဝံ့ဝံ့ မဆန့်ကျင်နိုင်သောကြောင့် ပအိုဝ်းလူကြီးများဆန္ဒအရ လက်မှတ်ထိုးကြရသည်ဟုလည်း သုံးသပ်ပြောဆိုနေကြပါသည်။

တဘက်သတ်ဆန်ဆန် ခုကဲ့သို့ လက်မှတ်ထိုးလိုက်သောကြောင့် ပအိုဝ်းဆရာတော်ကြီးများအပေါ်တွင် ပအိုဝ်းလူထုတို့၏ အားကိုးယုံကြည်မှုကို ပျက်စီးစေသည်သာမက ကြည်ညိုလေးစားမှုလည်း လျော့နည်းလာဖွယ်ရှိကြောင်း၊ ပအိုဝ်းဆရာတော်ကြီးများသည် ပအိုဝ်းအဖွဲ့ချုပ် (PNO) ၏ လက်အောက်တွင် တည်ရှိနေသည့် သဘောသက်ရောက်နေပါသည်။

ထို့ကြောင့် ပုဂ္ဂိုလ်အတော်များများက ထိုကိစ္စကို ပြန်လည်သုံးသပ်ကြပါရန် ဆရာတော်ကြီးများအား လျှောက်ထားကြသည်ဟုလည်း ကြားသိရပါသည်။

ဆရာတော်ကို မကျေနပ်သော အုပ်စုမှာ အိမ်ခြေ (ဂ၀) ခန့်သာရှိပြီး၊ လူဦးရေမှာ နှစ်ရာကျော်ခန့်သာရှိ၏။

ဆရာတော်ကို ထောက်ခံသူတို့မှာ အိမ်ခြေ(၃၅၃) ရှိပြီး၊ လူဦးရေမှာ (၁၃၃၀) ရှိနေသည့်အတွက် ဆရာတော်ကို ကျောင်းမှနှင်ထုတ်ခြင်းမှာ လုံးဝတရားမျှတမှု မရှိကြောင်း ထင်ရှားလှပါသည်။

သို့ဖြစ်၍ အဓိက ပအိုဝ်းခေါင်းဆောင်ကြီးများနှင့် သမာသမတ်ကျသော ပအိုဝ်းဆရာတော်ကြီးများ သိနိုင်ကြစေရန် သစ်ထူးလွင်မှတစ်ဆင့် တင်ပြအပ်ပါသည်။

ဝင်းယကျောင်းသံဃာတော်များ ပြန်ကြားစာ

ဝင်းယကျောင်းဆရာတော် ဦးသြဘာသကို နှင်ထုတ်သည့်စာ



7 comments:

ဝေးခွန်သိန်း said...

PNO နှင့် ပအိုဝ်းဆရာတော်ကြီးများခင်ဗျား ခေတ်အခြေနေအရလိုက်လုပ်နေတာလား ဒါမှမဟုတ် ကောင်းသူကိုပယ် မကောင်းသူကိုကယ်တဲ့ခေတ်ကိုပြန်ပြီးသုံးချင်တာလား
ဘာဖြစ်လို့  ကြည့်မကောင်းတဲ့အလုပ်ကို လူကောင်းတွေကလုပ်နေတာလဲ ရှိတာလေးက ဒီမြေလေးကို အသားသတ်ရုံအတွက် အကျိုးပြုပြီးသွားမလား သာသနာကိုအလွဲသုံးစားတာနဲ့ တူပါတယ်ခင်ဗျား ဆရာတော်များအားလုံးဟာပညာတတ်တွေပါ

Unknown said...

ကျနော်ဟာဝင်းယရွာသားပါ....ဒီသတင်းကိုကြားရတာဝမ်းနည်းလို့မဆုံးပါဘူး

Unknown said...

ကျနော်ဟာဝင်းယရွာသားပါ....ဒီသတင်းကိုကြားရတာဝမ်းနည်းလို့မဆုံးပါဘူး

Unknown said...

ကျနော်ဟာဝင်းယရွာသားပါ....ဒီသတင်းကိုကြားရတာဝမ်းနည်းလို့မဆုံးပါဘူး

Unknown said...

ကျနော်ဟာဝင်းယရွာသားပါ....ဒီသတင်းကိုကြားရတာဝမ်းနည်းလို့မဆုံးပါဘူး

kaunglay said...

ဒိကိစ္စက ဘယ်သူမှားတယ် မှန်တယ် ဆိုတာတော့ ကျနော်လဲ အသိအကျ မသိဘူး ဒါပေမယ် ပအိုဝ်းလူကြီး ပအိုဝ်းညပည်သူလူထုကို အနိုင်ကျင့်တာတော့ သိနေပါတယ် အရင် က သူများနယ်မှာ ပဲ ကြားဖူးတယ် ခု က ငါတိုနယ်မှာလဲ နိပ်ဆက်နေပီ

kaunglay said...

ပအိုဝ်းလူကြီးက ပြောမိလို ပြန်ကြားရင် ဒုက္ခရောက်တတ်တယ် မှားတယ် မှန်တယ် မခွဲခြားဘး သူပဲ အျိုင်ယူမှာပါ ``မှန်ကန်ရင်ကွဲတယ်´´