၆၇ ကြိမ်မြောက် တောင်ကြီးမြို့ မြို့လုံးကျွှတ်မဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



၆၇ ကြိမ်မြောက် တောင်ကြီးမြို့ မျြိ့လုံးကျွတ်မဟာဘုံကထိန်ပွဲကို တောင်ကြီးမြို့ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်မှ ဗုဒ္ဓဘာသာဝင်များက ကိုယ့်အသိစိတ်နှင့်ကိုယ် ပဒေသာပင်စီစဉ်ပြီးဆောင်ရွက်ကာ တန်ဆောင်မုန်းလအဖိတ်နေ့တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံမှ မြို့တွင်း ပဒေသာပင်လှည့်လည်ခြင်း လမ်းကြောင်းအတိုင်းစည်ကားသိုက်မြိုက်စွာလှည့်လည်ပြီး တောင်ကြီးမြို့ မြို့လယ် ဓမ္မာရုံတွင် ပြန်လည်စုစည်း၍ အလှူဒါနပြုလုပ်ကြကြောင်း နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ရသည်။

“လွတ်လပ်ရေးမရခင်ရှေ့တစ်နစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်မတောင်တန်းလွန်လပ်ရေးကြိုး ပန်းချိန် ပင်လုံစာချုပ်ချုပ်ဆိုပြီးအချိန်မှစပြီး မြို့လုံးကျွတ်ဘုံကထိန် ကျင်းပလာခဲ့တယ်။ ဒီ၂၀၁၄ ခုနှစ်ဆိုရင် ၆၇ ကြိမ်မြောက်ကျင်းပလာခြင်းဖြစ်တယ်၊ အလှူဒါန အထွတ်အထိတ်မြတ်ဆုံးဖြစ်တဲ့ မဟာဘုံကထိန်ဟာ လူတွေကိုစည်းရုံးနေစရာမလို၊ တန်ဆောင်တိုင်နီးလာပြီဆိုရင် သူ့အသိစိတ်နှင့်သူ ရပ်ကွက်တိုင်းပဒေသာပင် စီစဉ်ဆောင်ရွက်ပြီး အလှူအတန်းလုပ်ကြတယ်။“ ဟု မြို့လည်ဓမ္မရုံကောပကအဖွဲ့ အတွင်းရေးမှူး ဦးထွန်းအေးလေး ကပြောသည်။

“ဘုံကထိန်ဖြစ်တဲ့အတွက် ဘုံအလှူပါ။ သံဃိတအလှူ၊ သံဃာအားလုံးနှင့်ဆိုင်သော အလှူဖြစ်သည့်အတွက် မြို့လယ်ဓမ္မရုံကို အလှူဒါန်းစုဖို့ ဆော်သြတယ်။ သို့သော်လည်း တစ်ချို့အလှူရှင်က ပုဂ္ဂိုလ်စွဲများရှိနေပါတယ်၊ သူတို့ရည်ရွယ်ထားတဲ့ ကျောင်းသို့ သွားလှူတဲ့ သူလည်းရှိတယ်၊ တတ်နိုင်သလောက် မေတ္တာရပ်ခံထားပါတယ်။ ဘုံကထိန်ကို ပုဂ္ဂိုလ်စွဲ မလှူရဘူး ဆိုတာလဲ မြတ်စွာဘုရားက ပညတ်ထားပါတယ်၊ အလှူရှင်အနေဖြင့် ပဒေသာပင်လှည့်လည်တာကို မြို့နယ်ဓမ္မရုံကို လှူဒါန်းစေချင်ပါတယ်။ ကုသိုလ်ရမှုလည်းများမယ် ပုဂ္ဂိုလ်စွဲက အကျိုးပြုမှုနည်းတယ်။“ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အရင်တုန်းက ဒီမြို့လယ်ဓမ္မရုံကျောင်းကို လာစုကြတယ်။ အခုတော့ ခွဲထွက်ပြီး တခြားကျောင်းကို လှူတဲ့သူရှိသည့်အတွက် အလှူကနည်းနည်းလျော့ကျတယ်၊ ဒါပေမဲ့တန်ဖိုးအားဖြင့် တွက်မယ်ဆိုလျှင် တစ်နှစ်နှင့် တစ်နှစ်များလာသည်ကိုဘဲ တွေ့ရပါတယ်။ အရင်တုန်းက လမ်းလျောက်ထွက်ကြတယ် ဆိုတော့ ပိုစီတယ်၊ ယခုခေတ်က ယာဉ်နဲ့ဆိုတော့ သိပ်မစည်ကားဘူးလို့ ခံစားရပါတယ်၊ မဟာဘုံကထိန် စတင်ကျင်းပတာလည်း ဒီဓမ္မရုံက စပါတယ်၊ ထူးခြားတာကတော့ ဗုဒ္ဓဘာသာပွဲဆိုပေမဲ့ ဘာသာပေါင်းစုံက ဝိုင်းဝန်းကူညီကုသိုလ်ယူကြတယ်။ ကျွန်တော့်တပည့်တွေလည်း ဘာသာပေါင်းစုံဘဲ ခွဲးခြားမှုမရှိဘူးပေါ့၊ တမူးရလို့ တပဲလှူ တို့ရှမ်းတောင်သူ ဆိုသလို ဒီမှာတောင်သူဆိုတာ ပအိုဝ်း၊ ရှမ်း၊ ဓနု၊ တောင်ရိုးစတဲ့ တိုင်းရင်းသား များပါတယ်လို့ ထင်ပါတယ်။“ ဟု အထည်အလိပ်ခွဲဝေမှုတာဝန်ကျ ၉/၁၀ ကျူရှင်ဆရာ ဦးနှင်းထွေးအောင်က ပြောသည်။

စုရပ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ် (၁) သတ်မှတ်ပြီး၊ စုရပ် (၂) ကို ခမ်းလီရွှေဆိုင်နားတွင် သတ်မှတ်ထားပြီး ၈ နာရီခွဲတွင် စထွက်ကာ လမ်းကြောင်းသတ်မှတ်သောနေရာတွင် လှည့်လည်ရကြောင်း၊ တောင်ကြီးမြို့တွင် ဘုန်တော်ကြီးကျောင်း ၉၀ ကျော်နှင့် သံဃာပေါင်း ၄၀၆၁ ပါးရှိကြောင်း၊ အလှူပစ္စည်းကို မျှတအောင် အချိုးကျ ခွဲဝေလှူဒါန်းကြောင်း၊ လပြည့်နေ့တွင် ကျောင်းပေါင်း ၉၀ ကျော်၏ ဆရာတော်တစ်ပါးစီကို ပင့်ဖိတ်ကာ ကထိန်သင်္ကန်း ကပ်လှူမည်ဖြစ်ကြောင်း၊ တန်ဆောင်တိုင်ပွဲတော်သည် အဓိက မသိုးသင်္ကန်းကပ်လှူပွဲ၊ မီးပုံးပျံလွတ်တင်ပွဲ၊ ဘုံကထိန်ပဒေသာလှည့်ခြင်းနှင့် မီးပဒေသာပင် လှည့်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

No comments: