KBZ Group မှ လေယာဉ်သစ်များ ၊ ဘဏ်ခွဲများ တိုးချဲဖွင့်လှစ်နိုင်မှု အထိမ်းအမှတ်အဖြစ် ဂေါက်ရိုက်ပြိုင်ပွဲနှင့် ညစာစားပွဲကျင်းပမည်

By ဖိုးဇေ | နိုဝင်ဘာ ၂၉၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်



(တောင်ကြီး) ။   ။ AIR KBZ လေကြောင်းလိုင်း၏ ATR 72-500 လေယာဉ်သစ် (၄) စီးနှင့် ATR 72-600 လေယာဉ်သစ် (၂) စီး၊ စုစုပေါင်း (၆) စီး ၀ယ်ယူပြီး ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲခြင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ၏ Airbus A-320 လေယာဉ် (၈) စီးဖြင့် ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲခြင်း၊ KBZ ဘဏ်၏ (၈၈) ခုမြောက်အထိ အောင်မြင်စွာဖွင့်လှစ်ပြီးစီးခြင်း အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ညစာစားပွဲ အခမ်းအနားများအား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်ရှိ အေးသာယာဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားတွင် ဖျော်ဖြေရေး အစီအစဉ်အဖြစ် IronCross Music Band အပါအ၀င် မီးပုံးပျံ ညမီးကြီး (၂) လုံး၊ စိန်နားပန် (၁) လုံးတို့အား လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

KBZ Group သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နှစ်စဉ်နှစ်တိုင်း
မီးပုံးပျံလွှတ်တင်ခြင်း၊ မဏ္ဍပ်ထိုးပြီး ပွဲအတွင်း ၀င်ရောက်အားပေးခြင်းများ ပြုလုပ်မြဲဖြစ်သော်လည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပေါ်ပေါက်လာသည့် နောက်ပိုင်းတွင်မူ အကြောင်းအရာအသေးစိတ်ကို
မသိရှိရသော်လည်း ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ မီးပုံးပျံလွှတ်တင်ခြင်းများ၊ မဏ္ဍပ်ထိုးပြီး ဆောင်ရွက်ခြင်းများ မရှိတော့ကြောင်း သိရှိရပါသည်။

No comments: