တောင်ကြီးမြို့ အေးစေတီပရိယတ္တိစာသင်တိုက် ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

ခွန်စိမ်းမောင် (တောင်ကြီး) | နိုင်ဝင်ဘာ (12) 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အေးစေတီပရိယတ္တိစာသင်တိုက်တွင် ပုရိမ၀ါမှ ထတော်မူကြသော ပဓာနနာယကဆရာတော်ကြီး အမှူးရှိသော စာချ စာသင် သံဃာတော် အပါး (၃၀၀) ကျော်နှင့် ပင့်သံဃာတော် အရှင်သူမြတ်တို့အား ၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၁၃-၁၁-၂၀၁၂ အင်္ဂါနေ့တွင် စုပေါင်း ဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသည်။

ကထိန်သင်္ကန်းနှင့်အတူ ဓမ္မမိတ်ဆွေများ လှူဖွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းကြပြီး အေးစေတီပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ကြီးထံမှ ကထိန်အလှူအနုမောဒနာတရား နာယူကျင့်ပွားကာ ကုသိုလ်အစုစုကို အမျှပေးဝေ သာဓုခေါ်ကြသည်။

အေးစေတီပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး





No comments: