နှစ် ၂ဝ အတွင်း ပထမဆုံး ခေါ်ယူမည့် လွှတ်တော်အမှီ “အဆိပ်သင့်တိမ်များ” အစီရင်ခံစာ ပအိုဝ်းလူငယ်များထုတ်ပြန်


အဆိပ်သင့်တိမ်များအကြောင်း နအဖနေပြည်တော် လွှတ်တော်၌ ဆွေးနွေးတင်ပြနိုင်ရန် လွှတ်တော်ဝင်မည့် အနိုင်ရ အမတ်များထံအစီရင်ခံစာပေးပို့မည် ဖြစ် ကြောင်းအဆိပ်သင့်တိမ်များသတင်းစာရှင်းလင်းပွဲ အပြီး ခွန်ချန်ကီက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း တီကျစ်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မီးသွေး သတ္တုတွင်းစီမံကိန်းကြောင့် သဘာဝ ပါတ်ဝန်းကျင်ညစ် ညမ်းအဆိပ်အကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပအိုဝ်းလူငယ်များ ကမ ကထပြုကျင်းပခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့တီကျစ်ချောင်းထဲကရေတွေ ညိုမဲညစ်ညမ်းနေတယ်။ ကောင်းကင်က တိမ်တွေလဲ မဲမှောင်နေတယ်။ ဒီလို အဆိပ်သင့် ညစ်ညမ်းနေတဲ့မြေယာထဲမှာကြီးထွားလာမယ့် ကျနော်တို့မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ။ ဒီပြသနာတွေ လွှတ် တော်မှာ တင်ပြနိုင်ပြဖို့ လွှတ်တော်ဝင်မယ့် အမတ်လောင်းတွေကို အစီရင်ခံစာအမီပေးပို့မှာဖြစ်ပါတယ်” ဟု ပအိုဝ်းလူငယ် ခေါင်းဆောင် ခွန်ချန်ကီကပြောသည်။ 

လွှတ်တော်ဝင်မည့် အဆိုပါအမတ်လောင်းများသည် ရွေးကောက်ပွဲမဝင်မီ စည်းရုံးရေးမဲဆွယ်စဉ်က “ သဘာဝ ပါတ်ဝန်းကျင်ပျက် စီးဆုံးရှုံးမှုတွေကို ကာကွယ်ပေးမယ်” ဟု ဒေသခံလူထုအား ကတိပြုထားသောကြောင့် ၎င်းတို့အား အစီရင်ခံစာတင်ပြရခြင်းဖြစ် ကြောင်း ခွန်ချန်ကီက ပြောပြသည်။

အဓိကရည်ရွယ်ချက်မှာ ဒေသခံလူထုနှင့် သျှမ်းပြည်အတွက် တန်ဖိုးကြီးလှသောအင်းလေးကန်အားဆိုး ကျိုးသက် ရောက်နေသည့် ကျောက်မီးသွေး သတ္တုတူးဖော်ရေးစီမံကိန်းရပ်တန့်ပေးရန်၊ ဒေသခံကျေးလက်လူထုအားအဓမ္မ ပြောင်းရွှေ့စေခိုင်းမှုတို့ကို ရပ်တန့်ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အခြားဒေသများ၌ တည်ဆောက်မည့် တည်ဆောက်နေဆဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ သုံးရုံရှိပြီး ထားဝယ် မြို့တောင်ဘက် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်စက်ရုံအပါအဝင် စုစုပေါင်းစက်ရုံ ၄ ခု တည်ဆောက်ရန် စီမံကိန်းရှိကြောင်း ပအိုဝ်းလူငယ်များ၏ အဆိပ်သင့်တိမ်များသတင်းစာရှင်းလင်း ပွဲ၌ ဝေငှသော လက်ကမ်း စာစောင်တွင်ဖော်ပြထားသည်။

No comments: