မြန်မာနိုင်ငံရဲ့ အနောက်တံခါးကို လှည့်ကြည့်ခြင်း

Written By ခိုင်လင်း(မေဃ၀တီ) | အောက်တိုဘာ(၂၄) ၂၀၁၂

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ပန်းတိုင်ဟာ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ ဖဲ့ထုတ်လို့ ရရင် သီးခြား နိုင်ငံဖြစ်ချင်ဖြစ်မယ်။ သို့ မဟုတ် အခြားမူဆလင်နိုင်ငံတခုနဲ့  ပူးပေါင်းချင် ပူးပေါင်းလိမ့်မယ်။ အဓိကပန်းတိုင်က တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ အဲဒီလို ဖဲ့ထုတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေးအတွက် ဘာသာရေးအဓိက ရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတခုဖြစ်တယ်ဆိုတာကို ဂျွန်လက ကျနော့်ရေးတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက် သွားပြီလားဆောင်းပါးမှာ ထောက် ပြခဲ့ဖူးတယ်။

ဟိုပုံးမြို့နယ်မှ ရေးလာတဲ့ပေးစား

တောင်ကြီးတိုင်းမ်အဖွဲ့များခင်ဗျား

ဟိုပုံးမြို့နယ် ၊ ကျောက်တန်းကျေးရွာ မြင့်မိုရ်စေတီတည်ဆောက်ခြင်း

ကျောက်တန်းကျေးရွာမှာ မြင့်မိုရ်စေတီတည်ခြင်းကို နှစ်ပေါင်း (၂၀) လောက်ရှိနေပြီ။ ခုချိန်ထိမပြီးသေးဘူး။ ငွေကောက်ပေါင်းများနေပြီး လူကြီးတွေက တစ်ယောက်တလှည့် တာဝန်ယူပြီး လုပ်နေကြတာ ၄င်းစေတီဟာ လူကြီးတွေရဲ့ထမင်းအိုးတဖွယ်ဖြစ်နေတယ်။

မြန်မာတိုင်းရင်းသားဒေသ နိပွန်ဖောင်ဒေးရှင်းကူမည်

ကိုနိုင်ကွန်းအိန် | 19.10.2012 | VOA Burmese

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ကနေ မြန်မာနိုင်ငံတိုင်းရင်းသားဒေသက စစ်ပြေး ဒုက္ခသည်တွေ နဲ့ အိုးအိမ်ရွှေ့ ပြောင်းခံပြည်သူတွေ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမယ်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ UNFC ခေါင်းဆောင်တွေ က ပြောပါတယ်။

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

2 | Irrawaddy

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။

UNFC အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ ဂျပန်သို့ ထွက်ခွာ

Written by သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။ အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၂

မြန်မာနိုင်ငံရှိ စစ်ပြေးဒုက္ခသည်များ အကူအညီရရှိရေး အတွက် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် (၂၀) ဦး ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

ဆီဆိုင်မြို့ ဆရာတော်အရှင်ကောဝိဒါဘိဝံသ ဦးစီးပြီး ပြည်သူလူထုအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်လှစ်

ခွန်စိမ်းမောင်(တောင်ကြီး) October 17, 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ အရှင်ကောဝိဒါဘိဝံသ ဦးစီးသော ကုသိုလ်ဖြစ် အခမဲ့ ကျန်းမာရေးဆေးခန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့ ဆီဆိုင်မြိုံ အရိယာမဂင် မြို့လယ်ဓမာရုံတွင် ကျင်းပကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို အဟန့်အတားဖြစ်စေတဲ့ ခေါ်တွေ့စစ်ဆေးတဲ့လုပ်ရပ်ကို ရပ်ဆိုင်းရန် ကောင်ရွေလူမှုလှုပ်ရှားရေးကွန်ယက် တောင်းဆို

ခွန်စိမ်းမောင်(တောင်ကြီး)Tuesday, 16 October 2012 | တောင်ကြီးတိုင်းမ်

ကောင်ရွှေလူမှုလုပ်ရှားရေးကွန်ယက်အဖွဲ့ မှ ခွန်ခမ်းကောင် သည် Weekly Express Times Vol.2, Issue 9 ဂျာနယ်ပါ “ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ ” ဆိုတဲ့ အင်တာဗျူး စာမျက်နှာကို မိတ္တူကူး ဖြန့်ဝေခဲ့တာကြောင့် အာဏာပိုင် ခေါ်ယူ စစ်ဆေးခံရတာနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။

Miss International 2012 ပြိုင်ပွဲဝင် နန်းခင်ဇေယျာ အတွက် မဲပေးသူ 5,612,161 ဖြင့် ဦးဆောင်နေ

ခွန်စိမ်းမောင်(တောင်ကြီး)Tuesday, 16 October 2012 | တောင်ကြီးတိုင်းမ်

“ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ” အင်တာဗျူး ဖြန့် ဝေမှုဖြင့် ၀န်ခံလက်မှတ် ထိုးခိုင်းခံရသူ၏ ရှင်းလင်းချက်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၅) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကြောင့် အသိမ်းခံရသည့် မြေဧက ၅၀၀၀ ကျော်နှင့် ပတ်သက်သည့် သတင်း အား မိတ္တူကူးယူ ဖြန့်ခဲ့တာကြောင့် ခေါ်ယူ ဝန်ခံလက်မှတ် ထိုးခိုင်းခံရသူ ကိုခမ်းကောင် မှ မီဒီယာများအား အောက်တိုဘာလ ၁၄ ရက်နေ့ မှာ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ပါသည်။

ခွန်တန်နွယ် လူငယ်ကွန်ယက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး)၊ အောက်တိုဘာလ ၁၄ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မွန်ပြည်နယ်အတွင်းရှိ သထုံမြို့၊ ကျိုက်ထိုမြို့၊ ပေါင်မြို့၊ ဘီးလင်းမြို့  (၄)မြို့နယ်မှ ပအိုဝ်းတိုင်းရင်းသား လူငယ်မောင်မယ်များ စုပေါင်းပြီး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ ၁၄ ရက်နေ့ သထုံမြို့ မဟာအောင်မြေ ရွှေဘုံကျောင်းတိုက်တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ပအိုဝ်းလူငယ်များ ပိုလန်နိုင်ငံတွင် သွားရောက်လေ့လာ

အောက်တိုဘာ 14 ၊ 2012 | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်များဖြစ်သော ခွန်စောအောင်နှင့် ခွန်ခေတ်စံသည် ကောင်ရွှေလူမှုလုပ်ရှားဆောင်ရွက်ရေး ကွန်ယက် အဖွဲကိုယ်စား ပိုလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Jageillonian University တက္ကသိုလ်၌ Asia Pacific Region ဘာသာရပ်ကိုလေ့လာသော မပာာတန်း ကျောင်းသူကျောင်းသား များ၊ တက္ကသိုလ်ပါမောက္ခဆရာအချိုများနှင့် တွေ.ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲ နှင့် တိုင်းရင်းသားအရေးခေါင်းစဉ်များကို သောကြာနေ့တွင် ဆွေးနွေးတင်ပြခဲ့သည်ပာုသိရပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံလိုအပ်ချက်များ

ခမ်းလွယ်မော်၊ အောက်တိုဘာ ၁၂ ၊ ၂၀၁၂ ၊ တောင်ကြီးတိုင်းမ်

ယခုတလော လွတ်တော်မှာရော၊ သတင်းမီဒီယာတွေမှာပါ စိုက်ပျိုးရေး၊ လယ်ယာခြံမြေများ သိမ်းဆည်းတဲ့ ကိစ္စတွေကိုပဲ တွေ့မြင်နေရပါတယ်။ နောက်တစ်ခုက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပီအမ်အို)က ဦးဆောင်ပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်ကြီးမြို့မှာ ဆွေးနွေးပွဲလေးတစ်ခု လုပ်ပေးတယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရတော့ ဒီဆောင်းပါးကိုရေးဖို့ အကြောင်းဖြစ်ပေါ်လာခဲ့တာပါ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ကျန်းမာရေး အခမဲ့ စစ်ဆေး

Written by ခွန်စိမ်းမောင်(တောင်ကြီး) | October 11, 2012 | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆေးကောင်စီအဖွဲ့တို့ ပူးပေါင်းပြီး ဆီဆိုင်မြို့ နှင့် ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာများကို အခမဲ့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပညာရေးကဏ္ဍမှာ တိုင်းရင်းသား ဘာသာစကားကို ချန်လှပ်မထားသင့်ဟု တိုင်းရင်းသား ပညာရှင်များကဆို

Written by ကော့လီ

မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဘာသာစကား သင်ကြားမှုကို ချန်လှပ်မထားသင့်ဘူး လို့ ပညာရေးနှီးနှောဖလှယ် ဆွေးနွေးပွဲတစ်ရပ်မှာ တိုင်းရင်းသား ပညာရှင်များက တင်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။