နိုင်ငံ့ဂုဏ်ဆောင်အလှမယ် နန်းခင်ဇေယျာ သထုံရောက် လူမှုရေးနှင့်ပရဟိတပညာရေးအလှူပေး

ခွန်စိမ်းမောင် (တောင်ကြီး)၊ ဒီဇင်ဘာလ ၁၃ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မွန်ပြည်နယ် သထုံမြို့ရှိ ပအိုဝ်းစာပေယဉ်ကျေးမှု(ဗဟို) ဌာနခွဲက ဦးဆောင်ပြီး ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက်တို့ ဦးစီးကျင်းပသော နိုင်ငံ့ဂုဏ်ဆောင် အလှမယ် ပအိုဝ်းတိုင်း၇င်းသူလေး နန်းခင်ဇေယျာနှင့် လူငယ်များတွေ့ဆုံပွဲ တစ်ရပ်ကို သထုံမြို့ သူဝဏ္ဏခန်းမတွင် ပြီးခဲ့သည် (၁၂ ၊ ၁၂ ၊၂၀၁၂) ခုနှစ်တွင် ကျင်းပခဲ့ပါတယ်။



ဟုတ်ကဲ့ ဒီပွဲ ကျင်းပရတဲ့ အနှစ်သာရကို ပြောရမယ်ဆိုရင် လူငယ်များအတွက် အကျိုးရှိစေဖို့ ပညာရေးဖေါင်းဒေးရှင်း လုပ်ငန်းများနှင့်အတူ ပညာရေးတိုးတက်ကောင်းမွန်ဖို့ရယ်၊ အတွေးအခေါ်နှင့် အတွေ့အကြုံများကို နှီးနှောဖလှယ်ပေးတာလည်း ဖြစ်ပါတယ် ဟု ပွဲဦးဆောင်ကျင်းပသူ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ နန်းစိုး က ပြောပါတယ်။

ထို့အတူ ပညာရေးနှင့်ပတ်သင်ပြီး ကိုယ့်ကိုယ်အားမငယ်ဖို့၊ နေရာတစ်နေရာ ရဖို့ဆိုတာ ထိုင်နေရင်းတော့ ရနိုင်မှာ မဟုတ်ပါဘူး၊ ကြိုးစားဖို့က အဓိကပါ we are the one, we are the same ဆိုပြီး နိုင်ငံ့ဂုဏ်ဆောင် အလှမယ် နန်းခင်ဇေယျာ က တိုက်တွန်းပြောကြားခဲ့ပါတယ်။


နန်းခင်ဇေယျာနှင့်သူ၏မိခင် သထုံမြို့နယ် မဟာအောင်မြေေ၇ွှဘုံကျောင်း တိုက်ဆ၇ာတော်အား အလှူငွေကပ်လှူပုံ။ (၁၂.၁၂.၂၀၁၂)

နန်းခင်ဇေယျာ ရဲ့ ခရီးစဉ်မှာ သထုံဒေသရှိ ခဲမောက်ကျောင်းဆရာတော် ၊ မဟာအောင်မြေ ရွှေဘုံကျောင်းတိုက် ဆရာတော် သွားရောက်ကန့်တော့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။ ထို့အတူ လူမှုရေးနှင့် ပရဟိတပညာရေးအတွက်လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။


သထုံမြို့နယ်၊ ငယ်၇ိပ်ဟောင်းပညာဒါနတွင် ကျောင်းသားလေးများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြား။ ကျောင်းသုံးပစ္စည်းများ သွားေ၇ာက်လှူတန်းသော နန်းခင်ဇေယျာ၏ ပညာေ၇း ပ၇ဟိတ ကုသိုလ်။ (၁၃.၁၂.၂၀၁၂)

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကရင်ပြည်နယ် ဘားအံဒေသရှိ သူ၇ိယစန္ဒာမျိုးဆက်သစ်လူငယ်များနှင့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ဆုရ နန်းခင်ဇေယျာ နှင့် ထပ်ပြီး ဆွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ် ။
ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက် အဖွဲ့ကို မွန်ပြည်နယ်အတွင်းရှိ သထုံမြို့၊ ကျိုက်ထိုမြို့၊ ပေါင်မြို့၊ ဘီးလင်းမြို့ (၄)မြို့နယ်မှ ပြီးခဲ့သည့် အော
က်တိုဘာလတွင် မဟာအောင်မြေ ရွှေဘုံကျောင်းတိုက်၌ အောင်မြင်စွာ ဖွဲ့စည်းခဲ့သော အဖွဲ့လည်း ဖြစ်ပါသည်။

ဓာတ်ပုံ နန်းစိုး
သတင်းရေး ခွန်စိမ်းမောင်(တောင်ကြီး)

1 comment:

Unknown said...

မွန်မြတ်သည့် ကုသိုလ်တစ်ခုပါ....အခုလိုမိမိတတ်နိုင်သလောက်ကုသိုလ်ပြုသည့်စိတ်ရှိသည့်အတွက် ပရိတ်သတ်တစ်ယောက်အနေရော အားလုံးအတွက်အနေကပါကျေးဇူးတင်ပါတယ်ခင်ဗျား...မိမိလူမျိုးမိမိဒေသကိုလည်းမမေ့သည့်အတွက်တောင်ကြီးသားအနေနဲ့ရောဂုဏ်ယူပါတယ်ခင်ဗျား....ဆက်ကြိုးစားပါ...အားပေးဂုဏ်ယူနေပါမယ်ခင်ဗျား......