မေလ၂၈ ရက်နေ့၊ ၂၀၁၀ ခုနှစ်။ သောကြာနေ့။

တောင်ကြီးမြို့တွင် နှစ်စဉ်ပအိုဝ်းရိုးရာဒုံးလွတ်ပြိုင်ပွဲကို အာဏာပိုင်များမှ ၁၄ နှစ်ခန့်ကြာ တားမြစ်ပိတ်ပင်ခြင်းခံခဲ့ရာမှ ၂၀၁၀ ခုနှစ်၊ မေလ ၂၇ မှ ၂၈ ရက်နေ့များတွင် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခြင်းဖြစ်သည်။
ပအိုဝ်းရိုးရာ မီးရှူး ဒုံးလွတ်ပွဲကို တောင်းကြီးမြို့ မြောက်ဖက်ရှိ ပေါမူရွာတွင် ကျင်းပပြုလုပ်ခွင့်ရ သည်ဟု ဒေသခံတဦးက ပြောသည်။
“ပြိုင်ပွဲက လူတအားစီတယ်၊ လူအများကြီးပဲလာကြတယ်၊ သောင်းကဏန်းတောင်ရှိမယ် ထင်တယ်၊ ပအိုဝ်းရိုးရာအကပဒေသာတွေလဲ ရှိတယ်၊ ကျနော်အခုမှ ပွဲကပြန်ရောက်တာ ဒီနေ့ နောက်ဆုံးနေ့ပဲ။ ဒုံးက တအားများတော့ မနေ့ကလွတ်တာ မကုန်လို့ ဒီနေ့အထိ ဆက်လွတ်တာ၊ ကြည့်ရတာ တော်တော်မိုက်တယ်” ဟု ပြိုင်ပွဲကိုနှစ်ရက်စလုံး သွားရောက် လည်ပတ်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ပြိုင်ပွဲဝင် မီဒုံး အလုံးပေါင်း ၃၃ လုံးရှိပြီး၊ အငယ်ဆုံး ၄ ပေမှ အကြီးဆုံး ၅ ပေ ၉ လက်မ အထိရှိသည်။ ဒုံးတလုံးကို ယမ်းအလေးချိန် ၇ ပိဿာမှ ၈ ပိဿာ အထိရှိ၍ ပြောင်းနှင့် ယမ်း အပါအ၀င် ဒုံးတစ်လုံးမှာ အလေးချိန် ၁၅ နှင့် အထက်တွင် ရှိသည်ဟု ဒုံးပြုလုပ်သည့် အချိန် နှင့် ဒုံးပြိုင်ပွဲပြီးဆုံးသည် အထိ အနီးကပ်လေ့လာသည့် ဒုံးဝါသနာရှင်တစ်ဦးက တောင်ကြီး တိုင်း(မ်) ကို ပြောသည်။
“ပွဲကို တာဝန်ရှိတဲ့လူကြီးတွေပိတ်လိုက်တာ ၁၄ လောက်ရှိပြီ၊ လွယ်ကောင်းရွာက ပညာဗုတ် ဆိုတဲ့လူက ပိတ်လိုက်တာ၊ သူက PNO က လူကြီးပဲ၊ လွန်ခဲ့တဲ့နှစ်တွေက ရွာက ကျောင်းဆင်းပွဲတွေ ဘုရားပွဲတွေတော့ရှိတယ်၊ ဒုံးလွတ်တာတော့မရှိဘူး၊ ဒီနှစ်မှ ဒုံးလွတ်ပြိုင်ပွဲ ပြန်စတာ၊ ဘုရားပွဲနဲ့ တွဲပြီးတော့လေ ………… ၊ ပြိုင်ပွဲမှာ ဆုကြေးငွေစုစုပေါင်း သိန်းပေါင်း ၄၃ သိန်းနဲ့ ရှစ်သောင်းငါထောင် (၈၅၀၀၀) ကျပ်ရှိတယ်” ဟု ပွဲကြည့်ပရိတ်သတ် တစ်ဦးမှ ပြောသည်။
ပအိုဝ်းရိုးရာဒုံးလွတ်ပြိုင်ပွဲသည် ကဆုန်လအတွင်း၌ နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိရာ လွန်ခဲ့သည့် ၁၄ နှစ်ခန့်က န၀တစစ်အစိုးရ (ယခု နအဖ) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် နှစ်အနည်းငယ်များအကြာတွင် စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပိတ်ပြင်ပိတ်လိုက်သည်ဟု ဆိုသည်။
တောင်ယာ လယ်ယာ ခြံစိုက်ပျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် အဓိကလုပ်ကိုင်သည့် ပအိုဝ်းလူမျိုးများသည် လာမည့်စိုက်ပျိုးရာသီတွင် ရာသီဥတု ကောင်းမွန်မှုနှင့် မိုးပုံမှန် ရွာသွန်းရန် မိုးခေါ်သည့်အနေဖြင့် ပအိုဝ်းရိုးရာဒုံးလွတ်ပြိုင်ပွဲကို နှစ်ပေါင်းများစွာကတည်းကပင် အစဉ်အလာကျင်းပလာခဲ့သည်။
1 comment:
we'r all rom fpa-oh young organazation case of we'r here that the information bout we'r pa-oh traditional rocked spesce refreedown we'r all glad to all senia thank from phukhunhtee in malaysia
Post a Comment