စည်းလုံးညီညွတ်ရေး အတွက် ပအိုဝ်းခေါင်းဆောင် အလွတ်သဘောဆွေးနွေး

ခွန်စိမ်းမောင်(တောင်ကြီး) ၊ ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပအိုဝ်း ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (P.N.L.O) တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ခွန်သောမတ်စ် က တောင်ကြီးတိုင်းမ်ကို ပြောသည်။

လက်ရှိ ပြောင်းလဲနေသော မြန်မာနိုင်ငံရေးအခြေအနေ၊ ရှမ်းပြည်နယ်၏ နိုင်ငံရေး အခြေအနေတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရေးမှ စုပေါင်းအဖြေရှာဖို့ လိုအပ်ကြောင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသူမှ သုံးသပ်ပြောဆိုသည်။

“ဒါကတော့ ပထမဆုံးအကြိမ် ကျနော်တို့ ပအိုဝ်းခေါင်းဆောင်များရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးများ မစုံပေမယ့် အားလုံးကတော့ အပြုသဘောဖြင့် ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားတို့၏ နိုင်ငံရေးတွင် စည်းလုံးညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် ငြိမ်းချမ်းရေးအကျိုးပြု လုပ်ငန်းများကို ပိုလုပ်နိုင်ရန် အဓိကရည်မှန်းချက်လည်းရှိ တယ်” ဟု ခွန်သောမတ်စ် က ပြောသည်။

ပအိုဝ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဖြစ်မြောက်ရေး အကျိုးဆောင် ကော်မတီတစ်ရပ်ကို ဆုံးဖြတ်ချက်ချပြီး တောင်ကြီးမြို့ ပအိုဝ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)တွင် အဖွဲ့စည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

1 comment:

admin@paomagazine said...

စည်းလုံးနေမှလူမျိုးတိုးတတ်မှာနော