ဒီမိုကရေစီစနစ်ကို အဟန့်အတားဖြစ်စေတဲ့ ခေါ်တွေ့စစ်ဆေးတဲ့လုပ်ရပ်ကို ရပ်ဆိုင်းရန် ကောင်ရွေလူမှုလှုပ်ရှားရေးကွန်ယက် တောင်းဆို

ခွန်စိမ်းမောင်(တောင်ကြီး)Tuesday, 16 October 2012 | တောင်ကြီးတိုင်းမ်

ကောင်ရွှေလူမှုလုပ်ရှားရေးကွန်ယက်အဖွဲ့ မှ ခွန်ခမ်းကောင် သည် Weekly Express Times Vol.2, Issue 9 ဂျာနယ်ပါ “ မြေသိမ်းပါတယ်ဆိုမှ အစားထိုးပေးစရာ ဘယ်လိုလုပ်ရှိမလဲ ” ဆိုတဲ့ အင်တာဗျူး စာမျက်နှာကို မိတ္တူကူး ဖြန့်ဝေခဲ့တာကြောင့် အာဏာပိုင် ခေါ်ယူ စစ်ဆေးခံရတာနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။

မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့စဉ်မှာလည်း “ကျနော်တို့ သမတကြီးက တည်ဆောက်နေတဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ မပါဝင်မဖြစ် ပါဝင်နေရမယ်။ အဲဒီအတွက် ကျနော်တို့ ပြည်သူလူထုတွေရဲ့ ပါဝင်ပါတ်သက်မှုကို အဟန့်အတားဖြစ်စေတဲ့ ကျနော်တို့ ဒီလိုမျိုး ခေါ်တွေ့စစ်ဆေးတာမျိုးလေးကို တာဝန်ယူ ဖြေရှင်းပေးဖို့လိုပါတယ် ” ဟု ခွန်ခမ်းကောင် မှ ဆိုပါတယ်။

အဆိုပါ အမှတ်(၅) ပင်းပက် သံမဏိစက်ရုံမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အရှေ့တောင်ဖက်(၇)မိုင် အကွာတွင်တည်ရှိပြီး ၂၀၀၉ ခုနှစ်တွင် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဆိုသည့်ခေါင်းစဉ်ဖြင့် ပြည်သူများ ရပ်တည် ရှင်သန်ရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင့် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ အစီရင်ခံစာ တစ်စောင် ထုတ်ဝေခဲ့ဖူးပါသည့်။


“ စာဖတ်သူများ ဝိုင်းဝန်းပြီး ပင်းပက်စက်ရုံကြောင့် မတရားခံနေရတဲ့ ရွာသားများ၏ လုံခြုံမှုမရှိတဲ့ ဘဝကို ကူညီပေးကြပါ။ တရားမျှတမှု ရှိအောင်လုပ်ဆောင်ပေးကြပါ” ဟု ခွန်ခမ်းကောင် မှ ရေးသား ခဲ့သော စာကြောင်းဖြစ်ပါသည်။

ကောင်ရွေလူမှုလှုပ်ရှားရေးကွန်ယက်သည် တောင်ကြီးမြိုတွင် ရုံးဖွင့်လျက်ရှိပြီး ပြည့်သူနီတိ ပညာရပ် (Civic Education)၊ လူထုစည်းရုံးလှုံဆော်ရေးလုပ်ငန်းများနှင့် လူငယ်စွမ်းရည် မြင့်တင်ရေး ကဏ္ကများကို အဓိကလုပ်ဆောင်လျက်ရှိသော လူငယ်ကွန်ယက်အဖွဲ. တစ်ဖွဲ.ဖြစ်ပါသည်။

1 comment:

admin@paomagazine said...

၂၀၀၉ ခုနှစ်တွင် အနာဂတ်ကို လုယူဖျက်ဆီးခြင်း ဆိုသည့်ခေါင်းစဉ်ဖြင့် ပြည်သူများ ရပ်တည် ရှင်သန်ရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင့် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ အစီရင်ခံစာ တစ်စောင်သည့် မြန်မာ အင်္ဂလိပ် ထိုင်း သုံးဘာသာဖြင့် ထုတ်ဝေခဲ့ဖူးပါသည့်။
ခွန်စိမ်းမောင်(တောင်ကြီး)