တောင်ကြီးမြို့ခံတစ်ဦး၏ ရေးလာတဲ့ပေးစား

Monday | October 08, 2012

သို့

အယ်ဒီတာမှတဆင့်
ရှမ်းပြည်နယ်အစိုးရ၏သက်ဆိုင်ရာအကြီးအကဲများသိရှိစေလိုပါသည်

1။ တောင်ကြီးမြို့ ၊ မြို့မရပ်ကွက် အပါအ၀င် မြို့ပေါ်ရပ်ကွက်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဆိုင်တွေ ပလူပျံနေပါတယ် ၊ စုစုပေါင်း (၂၅)ဆိုင်ခန့် ရှိပါတယ် ၊ လိုင်စင်မဲ့အရောင်းဆိုင် တစ်ဆိုင်ကို ယာဉ်ထိန်းရဲနှင့် ရုံးအတွက် ဆိုပြီး (၂၀၀၀၀)ကျပ်နှုန်း ပေးဆောင် ပြီးတော့မှ ဥပဒေအရ တရားမ၀င်ပေမယ့် နားလည်မှုအရ တရားဝင်တယ်ဆိုပြီးတော့ ပြောင်ရောင်း/၀ယ် ပြုလုပ်နေတာဟာ နှစ်ပေါင်း (၁၀)နှစ်ခန့် ရှိနေပါပြီး၊
နိုင်ငံတော်အကြီးအကဲများရဲ့ Clear Goverment ၊ Good Govermant ဆိုတာကို
သိရှိလိုခြင်းကြောင့်လည်း ဒီအကြောင်းကို တင်ပြရခြင်း ဖြစ်ပါတယ်၊
တောင်ကြီးမှာ တရားမ၀င်လုပ်ငန်းတွေ အများကြီး ရှိကောင်း ရှိပါလိမ့်မယ်၊
ဒီလို လိုင်စင်မဲ့အရောင်းဆိုင်တွေ ၊ လိုင်စင်မဲ့ပွဲစားတွေနဲ့ ပလူပျံနေတာကိုတော့ ကြည့်ရ တာ ရုပ်ဆိုးလှပါတယ်

2။ အဲဒါအပြင် လိုင်စင်မဲ့အရောင်းဆိုင်တွေ အများဆုံးရှိတဲ့ တောင်ကြီးမြို့ ၊ မြို့မရပ်ကွက်၊ မြောက်ကျောင်းလမ်းမှာ လက်ရှိအနိုင်ရပါတီ USDP နဲ့ ရှမ်းပြည်ရဲ့
အတိုက်အခံပါတီ/နိုင်ငံတော်တစ်ခုလုံးရဲ့ ဒုတိယအင်အားအကြီးဆုံး ပါတီဖြစ်တဲ့ SNDP ပါတီတို့ ရှိနေပြီး ဒီလို လိုင်စသ်မဲ့ဆိုင်တွေ ပလူပျံနေတာကို နိုင်ငံတော်အခွန်ရဖို့ ဥပဒေအမျိုမျိုးရေးဆွဲနေတဲ့
လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေ ဘာကြောင့် လွှတ်တော်မှာမတင်လည်းဆိုပြီးစဉ်းစားရတာလည်းခေါင်းစားနေရပါတယ်။

3။ နောက်တစ်ခုက တောင်ကြီးမှာ ဌာနဆိုင်ရာတွေ အများကြီးပါ၊ ရဲဆိုရင်လည်း ဒန ၊ မှုကူ ၊ SB အပါအ၀င် ရဲတွေအများကြီးပါ ၊ ယာဉ်ထိန်းက ပတ်သက်တယ်ဆိုပေမယ့် ၊ တောင်ကြီးမှာရှိတဲ့ တာဝန်ရှိ ရဲဦးရေ
(၁၅၀)နီးပါးကရော ဘာမှမလုပ် ၊ မဖမ်းဆီးကြတာလဲ ၊ အထက်အကြီးအကဲတွေကို
မတင်ပြကြတာလဲ ၊ ဒါမှမဟုတ် သူတို့တင်ပြမယ့် လူကြီးတွေလည်း ပတ်သက်မှုတွေ
ရှိနေလို့လား ။

4။ တောင်ကြီးယာဉ်ထိန်းတွေ အလုပ်ကြိုးစားကြပါတယ် ၊ ဆိုင်ကယ် နောက်ကြည့်မှန် မတပ်တာ၊ မေးသိုင်းကြိုး မတပ်တာ ၊ နံပါတ်ပြား မတတ်တို့ဆိုရင် ချက်ချင်းဖမ်း ၊ လိုင်စင်စစ် ဒဏ်ရိုက် နောက်ဆိုင်ကယ်သိမ်း လုပ်တာက နိုင်ငံတော်အတွက်အကျိုးရှိစေတဲ့ အခွန်တွေကို ရအောင်ပေးနေတာက ကျေးဇူးတင်စရာပါ ၊ ဒါပေမယ့် ဥပဒေကို သိလျှက်နဲ့ ပြောင်တင်းစွာဖြင့်
မြို့တော်အလယ်မှာ ငွေပေးပြီး ဘယ်သူမှဂရုမစိုက်ပဲ လိုင်စင်မဲ့အရောင်းဆိုင် တွေ ဖွင့်ထားတာကို ငွေလေး နှစ်ပဲ ခြောက်ပြားယူပြီး လုပ်စားနေတာကတော့ Clear
Goverment ၊ Good Govermant ဆိုတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင် အကြီးအကဲတွေကိုတိုက်ရိုက်ထိခိုက်စေပါတယ်

5။ တောင်ကြီးယာဉ်ထိန်းခေါင်းဆောင် ဒုရဲမှူး မောင်ဝင်း ဆိုတာကလည်း
ခေသူတော့ မဟုတ်ပါဘူး ၊ သူ ရဲအုပ်ဘ၀တုန်းက ရဲချုပ်သည် ရဲအုပ်လောက်မစွမ်းသာ
ဆိုတဲ့မှတ်ချက်ကို အချခံရဘူးသော အာဃ သူရဲကောင်းလို ကြားဖူးနားဝ ရှိပါတယ်
၊ ယာဉ်ထိန်းဘ၀ကနေပြီး ရဲတပ်ရင်းကို အပြောင်းခံရတုန်းက ဆရာကျောင်း
(ဦးအောင်ကိုဝင်း)ထံမှာ ကိုယ့်ခေါင်းဆောင် မဟုတ်ပဲ အရှက်မရှိ
အကူအညီသွားတောင်း ၊ ဆရာကျောင်းက သနားပြီးတော့ အကြီးအကဲတွေကို တင်ပြ
ထပ်ဆင့် ထပ်ဆင့် ညွှန်ကြားလိုက်တာ တောင်ကြီးရဲမြို့နယ်မှူး
ပြန်ဖြစ်လာပါရောလား ၊ တောင်ကြီးမြို့နယ်မှူးကနေပြီး ဘယ်သူ့ကို ဘယ်လို
ဖားလိုက်တယ်မသိဘူး၊ယာဉ်ထိန်းခေါင်းဆောင်ဖြစ်လာရတာပါ။

6။ တောင်ကြီးမြို့်ပေါ်မှာရှိတဲ့ လိုင်စင်တွေလုပ်ပေးနေပေမယ့်
စားဝတ်နေရေးအခြေအနေအရ လိုင်စင်မလုပ်နိုင်သေးတဲ့ ချို့တဲ့မိဘပြည်သူ
လိုင်စင်မဲ့ပိုင်ရှင်တွေကို ဖမ်းမယ်/သိမ်းမယ်လို့ ခြိမ်းခြောက်နေမယ့်အစား
လိုစင်မဲ့ အရောင်း ဆိုင်များကို ကြည့်ရှုစစ်ဆေးရင်း
ဘယ်လိုမျိုးအရေးယူမှုတွေ ဖမ်းဆီးမှုတွေ လုပ်သင့်တယ်ဆိုတာကို အားကိုးရပါသော
လူကြီးမင်းများအား တင်ပြလိုက်ရပါတယ် ။

(လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသောကြောင့် ငွေ (၅)သောင်းကျပ်
ဒဏ်ရိုက်ခံလိုက်ရတဲ့ တောင်ကြီးမြို့ခံ)

No comments: