ပြင်ပသရုပ်ပျက်ယဉ်ကျေးမှုများကို တားဆီးနိုင်ရန် မိမိတို့ပအိုဝ်း အမျိုးသား ယဉ်ကျေးမှုများကို ဖေါ်ထုတ်ရမည်။ မိမိတို့ယဉ်ကျေးမှုများကို မိမိပြည်သူများ သဘောပေါက် နားလည်စေရန် လုပ်ဆောင်ရမည်။ မိမိယဉ်ကျေးမှု အနုပညာများကို ထိမ်းသိမ်းးရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း ထိန်းသိမ်း၍ မရနိုင်သဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပြီး ထိန်းသိမ်းသွားမှသာ အောင်မြင်နိုင်ပါမည်။
ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရန်မှာ ရိုးရာယဉ်ကျေးမှုအမွေအနစ် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို မှတ်တမ်းတင်ရန် လိုအပ်ပါသည်။ မှတ်တမ်းတင်ထားသည့်အရာများကို မပျောက်မပျက်အောင် ထိန်းသိမ်းရပါမည်။ ရိုးရာဓလေ့ ထုံးစံများ ကွယ်ပျောက်သွားလျှင် လူမျိုးပါကွယ်ပျောက်သွားနိုင်သည်။
မိမိတို့ရိုးရာယဉ်ကျေးမှုများကို ဖေါ်ထုတ်ထိန်းသိမ်းမြင့်တင်ရာတွင် စာရေးသူ၏ ရဲဘော် ရဲဘက်တစ်ယောက် ဆရာသမားတစ်ယောက်၊ ပအိုဝ်းဂီတစာဆို အနုပညာရှင် တစ်ယောက်ဖြစ်သော ခွန်သာဒွန်း၏ ရုပ်ပုံလွှာကို မျက်စေ့ထဲ တန်းမြင်မိသည်။ ခွန်သာဒွန်းသည် တောင်ကြီးမြို့နယ်၊ ဖဲုင်မွန်းကျေးရွာအုပ်စု၊ ဖဲုင်မွန်းရွာတွင် အဖဦးဟိန်းမောင်၊ အမိဒေါ်နန်းလွန်းတို့၏ ဒုတိယသားရတနာဖြစ်သည်။ ငယ်စဉ်ကပင် ဖဲုင်မွန်း ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး စာရေးတတ် ဖတ်တတ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ၎င်း၏ ဖခင်ဦးပိာန်းမောင် (ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ) က ခွန်သာဒွန်းကို ကလောမြို့၊ ကင်းစ၀တ်သာသနာပြုကျောင်းသို့ ကျောင်းအိပ်ကျောင်းစားပို့ပြီး ပညာသင်ကြားစေခဲ့သည်။
ပင်ကိုပါရမီရှိသော ကြိုးစားလိုသော ခွန်သာဒွန်းအနေဖြင့် မိဝေးဖဝေး တစ်ရပ်တစ်ကျေးတွင် စာကို အပတ်တကုတ် ကြိုးစားခဲ့သည်။ နှစ်စဉ်နှစ်တိုင်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ကျောင်းတွင် ပညာချွန်ဆု သာမက သီချင်းအဆိုကောင်းသည့်ဆုများကိုပါ ရရှိခဲ့သည်။ ကလောကင်းစ၀တ်ကျောင်းတွင် န၀မတန်းအောင်သည်အထိ နေထိုင်ပညာသင်ကြားခဲ့သည်။ ၁၉၆၄-၆၅ ခှနှစ်တွင် အခြေခံပညာရေး အထက်တန်း (ဒသမတန်းအောင်မှတ်အရ တိရိစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးတက္ကသိုလ် - ရန်ကုန်) သို့ ဆက်လက်ပညာသင်ကြားခွင့် ရရှိခဲ့သည်။
တက္ကသိုလ်ဟူသည် အထက်တန်းပညာရပ်များကို ဆည်းပူးရာ၊ ဖြန့်ဖြူးရာ၊ ရှာဖွေစုဆောင်းရာ ဌာနဖြစ်သည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်နှင့် အတတ်ပညာရှင်များကို လေ့ကျင့် ပျိုးထောင်ပေးရာဌာနဟူလည်း ခေါ်ဆိုနိုင်ပါသည်။ အသိပညာရှင် အတတ်ပညာရှင်တစ်ဦးဖြစ်ရန် စိတ်ဓာတ် ကြံ့ခိုင်ရသည်။ စာရိတ္တကောင်းရသည်။ သဘောထားမြင့်မြတ်ရမည်။ ခွန်သာဒွန်း ရန်ကုန်တက္ကသိုလ် စရောက်သောနှစ်သည် တက္ကသိုလ်များ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွဲ့စည်းခွင့် လှုပ်ရှားခွင့် စရသောအချိန်အခါဖြစ်သည်။ ဗမာ၊ ကချင်၊ ကရင်၊ ကထား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်းပြီးလှုပ်ရှားလာခဲ့ကြသည်။ သက်ဆိုင်ရာလူမျိုး၏ ဘာသာစကားများကို သင်ကြားကြသည်။ သက်ဆိုင်ရာလူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအကြောင်းကို ပောာပြောကြသည်။
ခွန်သာဒွန်းနည်းတူ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပအိုဝ်းကျောင်းသူ ကျောင်းသားများလည်း ရန်ကုန်တက္ကသိုလ်များသို့ ပညာသင်ကြားရန် စုဝေးရောက်ရှိလာကြသည်။ အခြားညီအစ်ကို တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ လှုပ်ရှားမှုများကို သွားရောက်လေ့လာ ဆည်းပူးခဲ့ကြသည်။ အတွေ့အကြုံ ရယူခဲ့ကြသည်။ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။ တစ်ဦးအကြောင်း တစ်ဦးက သိရှိနားလည် သဘောပေါက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို များစွာအထောက်အကူပြုခဲ့ကြသည်။ ကျောင်းသူ ကျောင်းသားများသည် ပင်ကိုယ်ဗီဇအရ စိတ်ရင်းကောင်းခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ တက်ကြွ၍ စွန့်စားလိုစိတ်ရှိခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ စူးစမ်းရှာဖွေတတ်ခြင်း၊ သန့်ရှင်းဖြူ စင်ခြင်း စသည့် ကောင်းမြတ်သော စိတ်ဓါတ်အခြေခံ ကိုယ်စီ ရှိကြသူများဖြစ်သည်။
ခွန်သာဒွန်းသည် ရန်ကုန်တက္ကသိုလ်အသီးသီးသို့ ရောက်ရှိပညာသင်ကြားလျှက်ရှိသော ပအိုဝ်းကျောင်းသူ ကျောင်းသားများကို အပင်ပန်းခံ၊ အဆင်းရဲခံ၍ သွားရောက်တွေ့ဆုံသည်။ ပအိုဝ်းကျောင်းသူ ကျောင်းသားအ ချင်းချင်း ချစ်ကြည်ရင်းနှီးရန် မိတ်ဆုံပျော်ပွဲစား ထွက်နိုင်အောင် စီစဉ်သည်။ ပအိုဝ်းကျောင်းသူ ကျောင်းသား အချင်းချင်း စုမိကြသောအခါ ဆရာပါမောက္ခကြီးများထံ ချဉ်းကပ်၍ ရန်ကုန်တက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်း ဖွဲ့စည်းခွင့်ရရန် တင်ပြတောင်းဆိုခဲ့ကြသည်။ တက္ကသိုလ်အကြီးအကဲ ပါမောက္ခများကလည်း တိုင်းရင်သားလူမျိုးများသည် မိမိတို့ချစ်ခင်မြတ်နိုးသော စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်အကောင်အထည် ဖော်ခွင့်ရှိသည်ပာူသောမှုအရ ရန်ကုန်တက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအသင်းကို ဖွဲ့စည်းခွင့်ရရှိလာခဲ့သည်။
ခွန်သာဒွန်းဦးဆောင်သော ရန်ကုန်တက္ကသိုလ် ပအိုဝ်းကျောင်းသူ ကျောင်းသားများသည် မန္တလေးတက္ကသိုလ် သို့ လည်ကောင်း၊ တောင်ကြီးတက္ကသိုလ်သို့ လည်းကောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် တက် ရောက် ပညာသင်ကြားနေကြသော ပအိုဝ်းကျောင်းသူ ကျောင်းသားများကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းများ ပေါ်ပေါက်လာစေရန် တွန်းအားပေးခဲ့သည်။ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအတွင်းရှိ ပအိုဝ်းကျေးရွာများသို့ အရောက် သွားခဲ့ကြသည်။ ဆိုင်ရာမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဆရာတော်ကြီးများထံ သြ၀ါဒ ခံယူခဲ့သည်။ ပအိုဝ်းတိုင်းရင်သားခေါင်းဆောင်ကြီးများထံ ကောင်းမြတ်သော အကြံဥာဏ်များကို ရယူခဲ့သည်။
ရန်ကုန်တက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း ပေါ်ပေါက်လာသောအခါ ပအိုဝ်းစကား ပြော သင်တန်း ဖွင့်လစ်ခဲ့ကြသည်။ ပအိုဝ်းစာပေ သင်ကြားခဲ့ကြသည်။ ပအိုဝ်းအက ဖော်ထုတ်ကြသည်။ ပအိုဝ်း ခေတ်ပေါ်သီချင်းများ ရေးဆက်သီဆို သင်ကြားပေးခဲ့သည်။
ခွန်သာဒွန်းသည် ကလောသာသနာပြုကျောင်းတွင် ပညာသင်ကြားခဲ့စဉ် ဂီတအနုပညာနှင့် စပ်လျဉ်း၍ အခြေခံကောင်းခဲ့ပာန်တူသည်။ ပအိုဝ်းသံစဉ် ပအိုဝ်းပာန် ပအိုဝ်းသီချင်းစပ်ဆိုရာတွင် ပန်းချီဆရာတစ်ဦးကဲ့သို့ ပသာဒအလှ ခံစားမှုအပြည့်ရှိသည်။ ကဗျာဆရာတစ်ဦးကဲ့သို့ အမြင်စူးရှသည်။ တစ်ကယ့် ဂီတပညာရှင် တစ်ဦးပမာ၊ ခေတ်သမယကို ခံစားနိုင်မှု စသည်တို့ ပိုင်ဆိုင်နားလည်သူဖြစ်သည်။

ခွန်သာဒွန်းသည် ခေတ်ကို မျက်ခြေမပျက်၊ ခေတ်ကိုအမီလိုက်နိုင်အောင် အစဉ်ကြိုးစားသည်။ ခွန်သာဒွန်း ရေးစပ်သီဆိုခဲ့သော သီချင်းများသည် ခေါင်းစဉ်အကြောင်းအရာ ပေါ်လွင်သည်။ အသုံးအနှုန်း အနှစ်သာရများ ပြည့်ဝသည်။ ပအိုဝ်းဆန်၍ နားဆင်သူ စွဲမက်စေသည်။ ကိုယ်ပိုင်သင်္ကေတ ထည့်နိုင်သည်။ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးကို အထောက်အကူပြုသည်။
အနုပညာဟူသည် လောကသဘာဝတရားတွင် မရှိလျှင်မဖြစ်သည့်အရာ တစ်ပါးဖြစ်သည်။ အနုပညာသည် သူ့ အလိုအလျှောက် ပေါ်ပေါက်လာသည့်အရာမပာုတ်၊ အသိပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ တွေးခေါ် မျှော်မြင်မှု ဥာဏ်ရည်အားသည်လည်း ဖွံ့ဖြိုးကြီးမားလာသည်။
ခွန်သာဒွန်း ရေးသားသီဆိုခဲ့သော၊ စမှုးနမ်၊ အွူး ယင်းယင်း၊ ယီးရွမ်ပဲာုင်း၊ ပဉ်အွဉ်သစ္စား၊ ငေါဝ်းလိုခို၊ ကံးကျောင်ဖေး၊ ကျိုးဆွုမ်းကျောင်သားတသာ၊ နောင်အင်းယား တွမ်းကံကော်းခြာ၊ ရက်ကယ်ထဲင်းသီ၊ ထာဗေင်းမင်း၊ မေတ္တားအာအာ ရွဉ်ဗွာယွမ်ယွမ်၊ ချယ်ရီက၀်းခိန်ဝေး သဲင်လွဉ်၊ ၀ါင်မူးလီနှင့် ကောဝ်းတဲုင်မွံ စသည့် သီချင်းများသည် ငယ်ရွယ်သူ ဆယ်ကျော်သက်များအတွက် ရည်ညွန်းထားသည်။ ခေတ်ကာလအခြေအနေနှင့် ထင်ဟပ်သည်။ အမျိုးသားဟန်ပန် အပြည့်ပါရှိသည်။ တီးရီးရီးရော့၊ ပွာိုန်ဟ၀်သဲင်မဲုင်းရောင်ရပ်၊ ပအိုဝ်းသွီး၊ ပအိုဝ်းခွို၊ မျိုခွန်ခွို၊ မောင်တဆွူး၊ ကောင်တန်လွယ်မော်၊ ဖူးဝေးစွီစူ၊ နောင်ရွီး၊ ဖိုးကွင်တွူး၊ သေင်လားခံဗီး စသည့်သီချင်းများသည် မျိုးချစ်စိတ်ဓာတ် ထက်တန်လာစေရန် မိမိယဉ်ကျေးမှုဓလေ့ ထုံးစံများကို ထိန်းသိမ်းကြရန်နှင့် မိမိဒေသကို ချစ်မြတ်နိုးတတ်စေရန် လှုပ်ဆော်ထားသည်။ “ခမ်းရင်သားဖူးဝေးရင်” တေးသီချင်းသည် တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေးကို ဖော်ကျူးထားသည်။
ခွန်သာဒွန်း၏ တသီးထီ၊ မိုးဦးရားသီး၊ ဝေင်လွယ်ကော်း၊ ထင်းကျောင်းဆဲင်တောင်ပွို နှင့် မမှတ်မိတော့သည့် အခြားတေးသီးချင်းလည်း များစွာရှိနေဦးမည်ပာု ယုံကြည်ပါသည်။ ခွန်သာဒွန်း ရေးစပ်သီဆိုခဲ့သော ပအိုဝ်းသီချင်းများသည် သီးချင်း၏စံများဖြစ်သော သံစဉ်ကောင်းခြင်းတို့နှင့် ပြည့်စုံသည်။ အထက်ပါ ခွန်သာဒွန်း၏ သီချင်းများကို ကျောင်းသူကျောင်းသားများ၊ လူငယ် လူလတ် လူကြီး မည်သူမဆို အလွယ်တကူ လိုက်ပါ သီဆိုနိုင်ကြသည်။ သီချင်းတိုင်း ပအိုဝ်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် တစ်နည်းမပာုတ် တစ်နည်းဆက်စပ်လျှက်ရှိပါသည်။
ခွန်သာဒွန်းသည် တိရိစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ၁၉ရ၂ ခုနှစ်တွင် ပင်းတယမြို့နယ်၊ တိရိစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးအဖြစ် ၀င်ရောက်အမှုထမ်းခဲ့သည်။
ခွန်သာဒွန်းသည် ၁၉၇၂ ခုနှစ်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဆရာဦးစံတူနှင့် ဆရာမ ဒေါ်နန်းဗဲ့ တို့၏သမီး ဒေါ်နန်းစန်းကြည်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် ပင်းတယမြို့နယ် ဦးစီးမှူးမှ တိရိစ္ဆာန်မွေးမြူရေးကော်ပိုရေးရှင်း ဘန်းယဉ်မြို့သို့ မန်နေဂျာအဖြစ် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဒု တိယအကြိမ် ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် မြို့နယ်ပြည့်သူ့ကောင်စီဝင်အဖြစ် ရွေးချယ်ခံရ သည့်အပြင် မြို့နယ်လုပ်ငန်းစစ်းဆေးရေး အဖွဲ့ဝင်အဖြစ်ပါ ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရသည်။
၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ တန်ဆောင်မုန်းလပြည့်နေ့ ည (၆) နာရီအချိန်ခန့်တွင် ဦးတာကလယ်ဦးဆောင်သော ကွန်မြူနစ်ဝါဒလွမ်းမိုးသည့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) လက်ကိုင်တပ်ဖွဲ့၏ လာရောက်ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ခွန်သာဒွန်းတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရသည်။ ခွန်သာဒွန်း၏ ဇနီးနှင့် အတူ သားကြီး ခွန်သိန်း၊ သားလတ် ခွန်ဗညား နှင့် သမီးငယ် နန်းသာသာထွေးတို့ ကျန် ရစ်ခဲ့သည်။
ပြည်သူချစ်သော အနုပညာရှင်တစ်ယောက်၏ ဆွဲငင်နိုင်မှုအားသည် အလွန်ကြီးမားလှပါသည်။ ဆိုးမွေ ကောင်းမွေကို ဆူးရှမြန်ဆန်စွာ ပေးစွမ်းနိုင်သည်။ ဂီတနှင့် အနုပညာရှင်များသည် ဖြူစင်ရိုးသားကြပြီး မိမိအနုပညာ ရှင်သန်ဝင်းလက်မှုပေါ်တွင် ပျော်ရွင် ကြည်နူးနေကြသူများသာ ဖြစ်ကြသည်။ အသွေးအရောင်မရှိ ပကတိဖြူစင် ရိုးသားသူပင် ဖြစ်သော်ငြားလည်း အဘယ်ကြောင့် ပအိုဝ်းဂီတစာဆို ခွန်သာဒွန်းတစ်ယောက် လက်နက်မျိုးစုံဖြင့် လုပ်ကြံခံရသည်မှာ ၀မ်းနည်းကြေကွဲဖွယ်မဆုံး ရှိနေကြပါကြောင်း တင်ပြအပ်ပါသည်။

No comments:
Post a Comment