အမေ့ကြီးသည့် ကောင်လေး

တခါက ကျေးလက်ဒေသရှိ တောရွာတစ်ရွာ၌ နေထိုင်သည့် လယ်သမားလင်မယားနှစ်ယောက်က အလွန်အမေ့ကြီးသည့် သားလေးတစ်ယောက်ရှိ၏။

နံနက်ခင်းတစ်ခုမှာ အဖေဖြစ်သူ မနက်အစော လည်ထွန်သွားပြီး ပြန်လာရာမှ၊ အပြန်လမ်းတွင် ရွာနှင့် မနီး မဝေး တနေရာတွင် ငှက်လိုက်ပစ်ရန် သွားသည့် သားလေးနှင့် လမ်းတွင် တွေ့ဆုံကြ၏။

(သား) “ဒီလူကြီး ဘယ်သူလဲ…. ငါတွေ့ဖူးသလိုလိုပဲ” ဟု လက်တစ်ဖက်က ခေါင်းကိုကုတ်ရင်း သူ့အဖေမျက်နှာကို ကြည့်ပြီး အသံထွက်အောင် ရေရွတ်၍ စဉ်းစားခန်းဝင်လိုက်၏။

(အဖေ) “ဒီငမိုက်လေး မင်းဘာပြောလဲ၊ ငါက မင်းအဖေကွ” ဟု ဟောက်လိုက်ပြီး သူသားလေးမျက်နှာကို စေ့စေ့ကြည့်ရာ

(သား) “အော် .. အော် … မှတ်မိပြီ မှတ်မိပြီ… သားသားမှတ်မိပြီ…”

(အဖေ) “ ဘာ..မှတ်မိလဲ… မြန်မြန်ပြောစမ်း…”

(သား) “ဟိုဟာ.. ဟိုလေ… ဒါကြောင့်မို့လို့ ဦးဦးက သားသားအမေ့ရဲ့ယောင်္ကျားနဲ့ တူတာကိုး” တဲ့။

---------------------------------

မှတ်ရန်။   ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ်လူရွယ်များကြားတွင် ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း  ရေးသား တင်ပြထားခြင်းဖြစ်ပါသည်။

No comments: