လိင်တူချင်းဆက်ဆံသူကို ရာဇ၀တ်မှုအဖြစ် နိုင်ငံပေါင်း ၇၀ ကျော်က သတ်မှတ်နေဆဲ

တောင်ကြီးတိုင်းမ်| သြဂုတ်လ ၄ ရက်၊ ၂၀၁၀| ဗုဒ္ဓဟူးနေ့

ကမ္ဘာ့နိုင်ငံပေါင်း ၇၅ နိုင်ငံက လိင်တူချင်းဆက်ဆံသည့်သူများကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးအပြစ်ပေးအရေးယူမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း International Lesbian, Gay, Bisexual, Trans and Intersex Association (ILGA) အဖွဲ့မှ ပြုလုပ်သည့် သုတေသနမှတ်တမ်းအရ သိရသည်။

ယင်းနိုင်ငံများအနက် နိုင်ငံပေါင်း ၇ နိုင်ငံက လိင်တူချင်း ဆက်ဆံသူကို သေဒဏ်အထိ အပြစ်ပေး အရေးယူခြင်း ခံရသည်ဟု ILGA ကို ကိုးကား၍ ဗြိတိန်အခြေစိုက် The Independent သတင်းဌာနမှ အစီခံထားသည်။

“နိုင်ငံပေါင်း ၇၅ နိုင်ငံက လိင်တူချင်းဆက်ဆံသည့်သူကို အရေးယူထောင်ချပါတယ်၊ နိုင်ငံပေါင်း ၅၃ နိုင်ငံသာ လိင်ပိုင်းဆိုင်ရာအပေါ် အကျိုးသက်ရောက်မှုရှိသည့် ခွဲခြားမှုကို ဆန့်ကျင်သည့်ဥပဒေ ရှိပါတယ်၊ ၂၆ နိုင်ငံသာ လိင်တူဆက်ဆံသည့်သူများကိုအခြေခံသည့် အသင်းအဖွဲ့များကို အသိအမှတ်ပြုပါတယ်”

မည်သည့်အရပ်ဒေသမဆို လိင်တူချင်းဆက်ဆံသူများဖြစ်သည့်အချက်ကို အခြေခံ၍ အသက် သေရေးရှင်ရေးကိစ္စဖြစ် ရင်ဆိုင်နေရဆဲဖြစ်ကြောင့် ကမ္ဘာ့လိင်တူချင်းဆက်ဆံသူအခွင့်အရေး လှုပ်ရှားရေးအဖွဲ့ ILGA ၏ မှတ်တမ်းသုတေသနလေ့လာချက်အရ သိရသည်။

No comments: