မတ်လ (၁)၊ ၂၀၁၀
တောင်ကြီးတိုင်းမ်

မလေးရှားနိုင်ငံတွင်ရောက်နေသည့် ပအိုဝ်းလူမျိုးများမှ ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားအနေ့ပွဲတော် အခန်းအနားတရပ်ကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ မလေးရှားနိုင်ငံတွင် ပအိုဝ်းလူငယ်များ၊ ကျောင်းသားများမှ ဦးစီးကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့မှာ ယခုနှစ်အကြိမ်ဆိုရင် သုံးကြိမ်မြောက် ရှိပြီး ဖြစ်ပါတယ်။
နှစ်စဉ် တပေါင်းလပြည့်နေ့ ရောက်တိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့တလွားရှိ နေရာအရပ်ရပ်တွင် ရောက်ရှိ နေထိုင်နေကြသည့် ပအိုဝ်းအမျိုးသားများ အချင်းချင်းစုပေါင်းကြပြီး ပအိုဝ်းအမျိုးသားနေ့ ကျင်းပကြည်ပါတယ်။

ယင်းပအိုဝ်းအမျိုးသားနေ့ပွဲတော်အခန်းအနားတွင် ပွဲတော်လာ ပရိတ်သတ်များအား မိမိတို့ပအိုဝ်းရိုးရာအကများဖြင့် တင်ဆက်ကပြခြင်း၊ ပအိုဝ်းအမျိုးသားသီချင်များသီဆိုဖျော်ဖြေခြင်း၊ ပအိုဝ်းအမျိုးသားသမိုင်းကြောင်းနှင့်

ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ ဟောပြောတင်ပြခြင်းနှင့် ပအိုဝ်းရိုးရာအစားအစာများ ကျွေးမွေးခြင်း စသည်တို့ ပြုလုပ်ကြပါတယ်။
မြန်မာနိုင်ငံအတွင်းတွင် ပအိုဝ်းအမျိုးသားများနေထိုင်ရာ ဒေသအသီးသီးတွင် ပအိုဝ်းအမျိုးသားနေ့ပွဲတော်အခန်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။
No comments:
Post a Comment