22ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ (ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် သတ်ဖြတ်ခံရသည့်နေ့) ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ

မတ်လ ၁၃၊ ၂၀၁၀
ခွန်သန်းအောင်

2010 ခုနှစ်၊ မတ်လ (13)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် သတ်ဖြတ်ခံရသည့်နေ့)ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစု တို့ ပူးပေါင်းပြီး ကျင်းပသော ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိသော အက်ဘီးဆုဘူတာမှ ဆဲင်းဒကာယာ ပန်းခြံအထိ မြန်မာနိုင်ငံဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုတို့အပါအ၀င် နိုင်ငံခြားသား၊ ဂျပန်နိုင်ငံသားများလည်း ပါဝင်ပြီး လူအင်အား 1000 ကျော် ချီတက်ဆန္ဒပြခဲ့ပါသည်။

၎င်းဆန္ဒပြပွဲမှ ကြွေးကျော်သံများမှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရန်၊
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးရန်နှင့် နအဖ ပြုလုပ်မည့် 2010 ရွေးကောက်ပွဲကို အလိုမရှိ ဟု ကြွေးကျော်ပြီး အခမ်းအနားကို ညနေ 43း0 နာရီခွဲတွင် ပြီးဆုံးခဲ့ပါသည်။

No comments: