အမည်မဖေါ်လိုတဲ့ ကျောင်းသားတစ်ဦးမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ရေးပို့လာတဲ့ ကျောင်းသားတစ်ဦးရဲ့ရင်ဖွင့်စာကို ၂၀၁၃ ခုနှစ် မတ်ခ်ျလ ၃၀ ရက်နေ့ နေ့စွဲဖြင့် တောင်ကြီးတိုင်းမ်က လက်ခံရရှိခဲ့ပြီး၊ အောက်ပါအတိုင်း ဖေါ်ပြလိုက်ပါတယ်။
-----------------------------------------
၂၀၁၃ ခုနှစ် မတ်ခ်ျလ ၃၀ ရက်နေ့
အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရတဲ့ သတင်းတွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့်မရဲ ဖြစ်မိပါတယ်အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှုတွေဟာ တိုင်းပြည် ကောင်းစားရေးကို ဟစ်ကြွေးပြီး တကယ်တမ်းကျတော့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖွင့်ဟနေတဲ့ မရေမရာစကားလုံးတွေကို ပြောနေတယ်လို့ ထင်မိပါတယ်။
ကျွန်တော် တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည်ကောင်းစားဖို့အတွက် ဘာလုပ်ခဲ့ဘူးလဲ။ ၈၈ အရေးအခင်း ဖြစ်ခဲ့အောင် ငါလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပဲလို့တော့ အစ်ကို မပြောလောက်ပါဘူးနော်။ အစ်ကိုက မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပါနော်။ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့လဲ အစ်ကို မပြောလောက်ဘူးလို့ ထင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာမှ မကြာသေးဘူး။ ပဋိပက္ခတွေ ဖြစ်နေတယ်။ ဖြစ်တဲ့ အကြောင်းအရင်းအရာရဲ့ နောက်ကွယ်က လုပ်ဆောင်တဲ့သူတွေကို အစ်ကို အတိအကျ သိရဲ့လား။ အစ်ကိုပြောနေတဲ့ ပုံစံက နောက်ကွယ်က လုပ်နေတဲ့သူရှိတယ်။ ဘယ်သူဘယ်ဝါ ဆိုတာလည်း မခိုင်မာ မတိကျ။ ပြီးတော့ အစ်ကိုက ပြောသေးတယ်။ စနစ်တကျ လေကျင့်ထားတယ်။ ၀ီစီမှုတ်ပြီးတော့ တပ်ဖြန့်တာတွေ၊ လူစု လူခွဲတာတွေ ဆိုပြီး အစ်ကိုပြောတာတွေက စစ်တပ်တို့ ရဲတို့ကို အပြစ်ပုံချ နေတဲ့သဘောမျိုး သက်ရောက်နေတယ်။
အစ်ကို့ကို တစ်ခုလောက်ပြောချင်တယ်။ အခုခေတ်က လူငယ်တွေနဲ့ ပြည်သူတွေဟာ ကျောင်းသား ခေါင်းဆောင်လုပ်ခဲ့တဲ့ အစ်ကို့လို ခေါင်းဆောင်မဟုတ်ကြပေမယ့် ခပ်တုံးတုံး ဦးနှောက်တွေကို ပိုင်ဆိုင်ကြတဲ့သူတွေ မဟုတ်ဘူးဆိုတာတော့ အစ်ကို့ကို သိစေချင်မိတယ်။ အားလုံးဟာ အသိဥာဏ်ရှိကြတဲ့ လူတွေကြီး ပါပဲ။
အစ်ကိုရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ မကြည့်ပါနဲ့။ နိုင်ငံရေးသမား အယောင်ဆောင်ပြီး နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေအောင် အရေးအခင်း ပဋိပက္ခ ဆူပူမှုတွေ ဖြစ်ပေါ်လာအောင်လုပ်။ အခြေခံလူတန်းစားတွေကို သွေးထိုးနေတဲ့ သူတွေကိုရော အစ်ကို မပြောတော့ဘူးလား။ အဲဒီထဲမှာ ငါမပါဘူးလို့ အစ်ကိုပြောမှာပေါ့။ အစ်ကို မပါမှန်း ကျွန်တော် သိပါတယ်။
တိုင်းပြည် ကောင်းရာ ကောင်းကျိုးကို တတ်စွမ်းသရွေ့လုပ်နေကြတဲ့ သူတွေကို အစ်ကို အပြစ်ပုံမချပါနဲ့။ လူထုခေါင်းဆောင် အမေစုတောင် တူတာတွေကို ညှိနှိုင်းပြီး နိုင်ငံအတွက် လုပ်ဆောင်နေတဲ့ အချိန်မှာ အစ်ကို ၈၈ ကျောင်းသားခေါင်းဆောင်လည်း လုပ်သင့်ပြီလို့ ကျွန်တော် ၂၀၁၃ ကျောင်းသားပေါက်စက အကြံပေးချင်တယ် အစ်ကိုရေ။
အစ်ကို တိုင်းပြည်အတွက် အသက်ပေးရဲလား။ အသက်ပေးပြီး နိုင်ငံအတွက် အလုပ် လုပ်နေကြတဲ့ ကာကွယ်နေကြတဲ့ ရဲတွေ စစ်သားတွေကို မတိုက်ခိုက် အပုတ်မချမိပါစေနဲ့ အစ်ကိုရယ်။ အစ်ကိုက မပုတ်ချဘူးလို့ ပြောမှာကိုလည်း ကျွန်တော် ယုံပါတယ်။
အစ်ကိုရေ အပြောနဲ့ တိုင်းပြည်အတွက် အလုပ် လုပ်လာခဲ့တာ အစ်ကိုလည်း အသက်တွေ ကြီးနေပါပြီ။ လက်တွေ့လုပ်မယ့်အချိန်ကို ကျွန်တော် စောင့်ပါတယ်။ ကျွန်တော် သေဆုံးသွားတဲ့ အချိန်ထိ အစ်ကို တိုင်းပြည်အတွက် အလုပ်နဲ့ သက်သေ မပြနိုင်သေးဘူးဆိုရင် ကျွန်တော်လည်း အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆုံးဖြတ်ထားပါတယ်။ ဒီဘ၀ ဘယ်တော့မှ အသေ မဖြောင့်နိုင်ဘူး ဆိုတာကိုပေါ့။
အစ်ကိုရေ ပြည်သူတွေ အကုန်သိပါတယ်။ မိတ္ထီလာ ပဋိပက္ခကို သူတစ်ပါး ထောက်ပံ့မှုနဲ့ သွား။ဟိုရောက်တော့ စစ်ဖိနပ်အောက် ရောက်အောင် လုပ်နေတာလား ဘာလား ညာလားဆိုပြီး ပြောနေတာ ကြားလို့ မကောင်းပါဘူး အစ်ကို။
စစ်ဖိနပ်အပေါ်ကို အစ်ကို့ကို ရောက်စေချင်တယ်။ အစ်ကိုသာ စစ်ဖိနပ်အပေါ်ကို ရောက်တဲ့ စစ်သားဖြစ်ခဲ့ရင် အစ်ကို စစ်သားတွေရဲ့ အကြောင်းကို သိခဲ့မှာပါ။ စစ်သားတွေက ရိုးရိုးသာမာန် အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက Road Map (၇) ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။
အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ ၂ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒီလိုအချိန်မှာ ဒီစကားတွေ ပြောနေမယ့်အစား အစ်ကို တိုင်းပြည်အတွက် တစ်ခုလောက် လုပ်ပြပါလား အစ်ကိုရယ်။ ငါထောင်ကျ ဘူးတယ်တော့ လာမပြောနဲ့နော်။
အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်းပါ။ ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမက နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စ ဖြစ်ပါတယ်။ အစ်ကို တစ်ယောက်ပဲ ဟိုအပုတ်ချ ဒီအပုတ်ချ လုပ်နေတဲ့လို့ သူများတွေ ပြောနေကြတာကို ကျွန်တော် အသဲနာမိတယ် အစ်ကို။
အစ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်းမှာ လာတုန်းက အစ်ကိုပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ခုထိ မှတ်မိနေသေးတယ်အစ်ကို။ တစ်နေ့နေ့ ကြုံကြိုက်ခဲ့ရင်တော့ လူထုခေါင်းဆောင် အမေစုကို ကျွန်တော်မေးကြည့်ရအုန်းမယ်။
အစ်ကိုပြောခဲ့တာက “မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူး၊ ကိုအောင်ဆန်း ဖြစ်တယ်။ သူဝတ်ထားတာက စစ်ဝတ်စုံ မဟုတ်ဘူး၊ ကျောင်းသားသမဂ္ဂ၀တ်စုံ။ မြန်မာ့လွတ်လပ်ရေး ရရှိရေးအတွက် ကိုအောင်ဆန်းက ကျောင်းသား ၃၀ နဲ့ ဂျပန်နိုင်ငံ စစ်ပညာတွေသင်ပြီး လုပ်ပေးခဲ့တာ စစ်တပ်မဟုတ်ဘူး။ ကျောင်းသားတွေ” ဆိုပြီးတော့ အစ်ကို ပြောခဲ့တာလေ။
အစ်ကို မပြောဖူးလို့တော့ မပြောနဲ့။ ကျွန်တော် အစ်ကို့အသံကို လေးစားလို့ အသံဖမ်းထားတာ။ အစ်ကိုရယ် ဒီအကြောင်းကို ပြန်စဉ်းစားလိုက်ရင် ကျွန်တော်ကပဲ ဥာဏ်မမှီတာလားတော့ မသိဘူး။ လူတိုင်းက ကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ ရည်ရွယ်ချက်ရှိရာကို ရောက်သွားကြတာပါ။ အစ်ကို အဲဒီလို ပြောကြေးဆိုရင် စစ်ဘီလူးလို့ ခေါ်နေကြတဲ့ အာဏာရှင် ဟစ်တလာကရော ကျောင်းသားဟောင်း မဟုတ်ဘူးလား။ အစ်ကို ဖြေပေးပါ။ ကျွန်တော် မစဉ်းစားတတ်လို့ပါ အစ်ကို။
အစ်ကို စစ်တပ်ကို မုန်းတာ ကျွန်တော်သိပါတယ်။ အစ်ကိုရဲ့ ကိုယ်ရေးခံစားချက်ကြောင့် မုန်းချင် မုန်းပါ။ စစ်တပ်ကို ချစ်နေတဲ့ ကျွန်တော်လို ၂၀၁၃ ကျောင်းသားတစ်ယောက်ကိုတော့ အတင်း မမုန်းခိုင်းပါနဲ့ အစ်ကိုရေ။ အစ်ကို့ကို သီချင်းလေးတောင် ဆိုပြချင်တယ်။
"မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး၊ စစ်တပ်ကို ကျွန်တော်ချစ်တယ်"
5 comments:
(P.N.Aရဲ့ဥပဒေမဲ့လုပ်ရပ်) ပွန်ချောင်းနှင့် သံလွင်ကြားပြည်သူတစ်ဦး“
ငြိမ်းချမ်းရေးဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် သို့မဟုတ်လူတစ်စုတစ်ဖွဲ့ ဗိုလ်ကျစိုးမိုးဖို့ အတွက်လားဆိုတာ ကျွန်တော်တို့ သိပ်သိချင်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ကျွန်တော်တို့မောက်မယ်မြို့နယ် ကဒူကြီးကျေးရွာအုပ်စု နတ်တော်လဆန်း(၈)ရက် ညနေ(၉)နာရီအချိန်မှာP.N.A တပ်ခွဲ(၃)မှ တပ်သားတပျန်သည် ရွာသူကြီးဦးဇော်ဝမ်းအားအကြောင်းမဲ့စွာပစ်သတ်ခြင်း ၂၂.၃.၂၀၁၃ ညနေ ၃နာရီ ၃၅ မိနစ်တွင် ပန်ရန်းရွာ သူကြီး ခွန်မောင်လဲင်အား ဥပဒေမဲ့ရိုက်နှက်ခြင်း ဒီလိုဥပဒေမဲ့ လုပ်ရပ်ကိုကျူးလွန်နေကြတဲ့P.N.Aတပ်သားတွေကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ထိရောက်တဲ့အရေးယူမှုတွေကိုလုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။P.N.Aဟာမူဘယ်လောက်ကောင်းကောင်း လူမကောင်းရင်အလကားပါပဲ ဒီလိုကြေကွဲ ဖွယ်ရာအနိဌာရုံ ဇာတ်လမ်းတွေကို ရပ်ပါလိမ့်မယ်။ P.N.A. တပ်သားတွေဟာ ပြည်သူအားကိုးရတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ထမင်းရှင်တွေဖြစ်တဲ့ ပြည်သူတွေကို ပြန်လည် သတ်ဖြတ်နိစ္စက်တဲ့ အဖွဲ့အစည်းဖြစ်နေတယ် ဒီလိုအဖွဲ့အစည်းမျိုးဟာ ပြည်သူတွေအတွက် မရှိတာပဲကောင်းပါတယ်။ ဒီလိုလူ့အခွင်းအရေးတွေကို ခဏခဏချိုးဖေါက်နေတဲ့P.N.A.တပ်ခွဲ(၃)က အရာရှိအပါအ၀င်တပ်သားတွေပါ ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ ဒေသဦးစီးမှုးကို ပြည်သူတစ်ယောက်အနေနဲ့တောင်းဆိုပါတယ်။ နောက်ပြီးတော့ အခုလို အကြောင်းမဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အကြိမ်ပေါင်းမနည်းတော့တဲ့ အတွက် ဒေသခံတစ်ဦးအနေနဲ့ ဒီP.N.A.တပ်သားတွေကို ထိထိရောက်ရောက် အရေးယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောက်မယ်မြို့နယ်
ဟုတ်မှလဲရေးကြပါမဟုတ်မမှန်တဲ့စကားတွေပြောဆီုရေးသားနေရင်ပြည်သူတွေမင်းကိုရွံမုန်းပြီဘေးရောက်သွားမယ်သံတရာတ လျှောက်လုံးမင်းလဲဒုကခ ရောက်လိမ့်မယ်သူများပေးစာကမ်းစားပြီးသူများမြှောက်တိုင်းလိုက်မလုပ်ပါနဲ့မင်းဘဲပြန်ခံရမယ်နော။
ဟုတ်မှလဲရေးကြပါမဟုတ်မမှန်တဲ့စကားတွေပြောဆီုရေးသားနေရင်ပြည်သူတွေမင်းကိုရွံမုန်းပြီဘေးရောက်သွားမယ်သံတရာတ လျှောက်လုံးမင်းလဲဒုကခ ရောက်လိမ့်မယ်သူများပေးစာကမ်းစားပြီးသူများမြှောက်တိုင်းလိုက်မလုပ်ပါနဲ့မင်းဘဲပြန်ခံရမယ်နော။
မဉ်းဒေါ့ပအိုဝ်းနေးန၀့် ရလွိုးယံမွော့နေားးး ၀က်ဆိုဒ်(taunggyitime.com)ယိုမွော့ ရလွိုး ရေးယားဒျားရင့် ပအိုဝ်းဟောင်း မဉ်းနဲုင်းစွူစွူယိုတဲ့ ယင်းအနေင်း 20 တဲ့ ပအိုဝ်းလို့မျို့ထို့မား ( မဲဉ်အွဉ်းငါး အဝွေးဖန်းသား အွဉ်ငါခါးခါးဟနော်... )
Post a Comment