မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို ပြင်းထန်စွာ လာခေါက်ခြင်း

By ခိုင်လင်း(မေဃ၀တီ) | မတ်ခ်ျလ ၀၇၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သမိုင်းလိမ်တွေချပြပြီး မွတ်ဆလင်နိုင်ငံတွေရဲ့ထောက်ခံမှုတွေရနိုင်ပေမယ့် မြန်မာနိုင်ငံတော်ထဲမှာတော့ ရှမ်း၊ ရခိုင်၊ ဗမာ၊ မွန် စတဲ့တိုင်းရင်းသားတွေလို ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တိုင်းရင်းသားဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ရဲရဲကြီးအာမခံရဲတယ်။ ကိုယ့်တိုင်းရင်းသားတွေထဲက သစ္စာဖောက်မှုတွေရှိလာရင်လည်း သစ္စာဖောက်တဲ့လူတွေဟာ ဘယ်သူဘဲဖြစ်ဖြစ် သမိုင်းတရားခံအဖြစ်နဲ့ သမိုင်းအမှိုက်တောင်းထဲ ရောက်သွားပါလိမ့်မယ်။ ရိုဟင်ဂျာအမည်နဲ့ မြန်မာတိုင်းရင်းသားဖြစ်သွားမယ့်နေ့ဟာ ကျနော်တို့အားလုံး မိုက်မဲမှုတွေကို လက်ခံလိုက်တဲ့နေ့ဘဲလို့ ပြောချင်တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကျော်လောက်ကပင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲမှာ ရခိုင်တွေထက်စောပြီး နေထိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းလိမ်တွေကတဆင့် လက်ရှိမြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မွတ်ဆလင်တွေအားလုံးဟာလည်း ရိုဟင်ဂျာအဖြစ်ပုံဖော်လာ တာတွေရှိလာခဲ့ပါပြီ။ ရှေးခေတ် မွန်နိုင်ငံတော်ထဲမှာတောင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မွန်တွေထက်စောပြီး နေထိုင်ခဲ့တယ် ဆိုတဲ့ သမိုင်းလိမ်တွေအပြင် လက်ရှိမွန်တွေဟာလည်း ကုလားကပြားတွေအဖြစ် လိမ်ညာမှုတွေဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို အကြီးမားဆုံးထိခိုက်စေပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မွတ်ဆလင်တွေနဲ့ မြန်မာတိုင်းရင်းသားအဖြစ် လိုချင်နေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကို ကွဲပြားစွာ မြင်လိုပေမယ့် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မြန်မာတိုင်းရင်းသား ဖြစ်ရေး အိပ်မက်ရှည်ကို မွတ်ဆလင်တွေအများစုက မျှော်လင့်ချက်ထက် ကျော်လွန်လာခဲ့တယ်လို့ မြင်တယ်။ ဆိုလိုတာက မျှော်လင့်ချက်ကို ရင်ထဲက ထုတ်ပြီး နည်းမျိုးစုံနဲ့ လက်တွေ့ပူးပေါင်းပါဝင်လာပြီလို့ ပြောချင်တယ်။

ရခိုင်ပြည်ကို ချန်လှပ်ထားပြီး အခြားပြည်နယ်နဲ့ တိုင်းတွေမှာ မွတ်ဆလင်တွေဟာ နိုင်ငံသားဆိုတဲ့ဘောင်ထဲမှာ ရှိနေပါတယ်။ နိုင်ငံသားဖြစ်နေခြင်းက ကျော်လွန်ပြီး သမိုင်းလိမ်တွေချပြကာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေလို တိုင်းရင်းသားတွေပါလို့ မပြောဘူး။ ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံသားဘောင်ထဲမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ နိုင်ငံသားစတဲ့ မှတ်ပုံတင်တွေကို ကိုင်ထားတာတွေရှိသလို ဘင်္ဂလားဒေ့(ရှ်)က ရည်ရွယ်ချက်မျိုးစုံနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေလည်း ထုနဲ့ထည်နဲ့ ရှိနေပါတယ်။

ဘင်္ဂလားဒေ့(ရှ်)ဟာ နိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းနဲ့ လူထုဟာ ဘယ်လိုမှ သဟဇာတဖြစ်တဲ့အနေအထားမှာ ရှိနေတာမဟုတ်သလို ပညာရှင် တွေရဲ့သုံးသပ်ချက်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာအောက်မှာ ပျောက်ဆုံးသွားမယ့် မြေဧရိယာဟာလည်း ဘင်္ဂလားဒေ့(ရှ်)လူထုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာသို့ ဖြန့်ထွက်သွားအောင် လျှို့ဝှက်ချက် မဟာဗျူဟာတွေအဖြစ် ပုံဖော်တာတွေလည်း ဖြစ်နိုင်ပါတယ်။ တဘက်မှာလည်း ဘာသာရေးနယ်ချဲ့ချင်တဲ့ မဟာဗျူဟာတွေလည်း ကျွဲကူးရေပါဆိုသလို ပါဝင်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံလွတ် လပ်ရေးမရမီကပင် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအိပ်မက်ဟာ ဒီနေ့အချိန်ထိ ယှဉ်သန်နေဆဲဖြစ်တယ်ဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတိုင်းက သက်သေခံနေပါတယ်။

နိုင်ငံသားဖြစ်ရေးတောင်မှ ရိုဟင်ဂျာလူမျိုးအဖြစ်ဖော်ပြလိုမှုဟာ ပါလီမန်ခေတ်က တီထွင်ခဲ့တဲ့ ရိုဟင်ဂျာသမိုင်းသစ်နဲ့ ဆက်စပ်လိုလို့ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ပါလီမန်ခေတ်က စတင်သုံးစွဲခဲ့တဲ့ ရိုဟင်ဂျာသမိုင်းဟာ အထက်က တင်ပြခဲ့သလို နှစ်ပေါင်းငါးထောင်လောက်ကပင် နေထိုင်ခဲ့တဲ့ လူမျိုးတွေဖြစ်တယ်။ ဒါကြောင့် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးတွေလို တိုင်းရင်းသားတွေဖြစ်တယ်။ အဲဒီတိုင်းရင်းသားတွေလို ပြည်နယ်တခု ဖန်တီးပေးရမယ်။ တန်းတူပေးရမယ် ဆိုတဲ့ လှုပ်ရှားမှုတွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ နိုင်ငံတကာ အခင်းအကျင်းတွေကြည့်ပြီး ပြောရမယ်။

ဆိုတော့ ရခိုင်ပြည်ရဲ့ အခြားတဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ နိုင်ငံသားဘောင်ထဲမှာ ရှိနေပေမယ့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့လှုံ့ဆော်မှုတွေကြောင့် “အနာဂတ်မှာ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားအဖြစ် တရားဝင်ဖြစ်ခဲ့ရင်“ ဆိုတဲ့ မျှော်လင့်ချက်ကို လက်တွေ့နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်လာမှုဟာ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို ပြင်းပြင်းထန်ထန် လာခေါက်နေပြီလို့ ပြောချင်တယ်။

ရန်ကုန်စတဲ့မြို့ကြီးတွေက မွတ်ဆလင်တွေဟာ နိုင်ငံတော်ဘက်က မရပ်တည်ဘဲ ခိုးဝင်ဘင်္ဂလီတွေရဲ့ နိုင်ငံတော်ကို ဖဲ့ထုတ်ရန် ကြိုးပမ်းမှုဘက်က ရပ်တည်ခြင်း၊ သမိုင်းလိမ်တွေနဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ ဒေါသကို ဆွပေးခြင်း၊ ရခိုင်ပြည်အရေးအခင်း၊ မွတ်ဆလင်နိုင်ငံတွေက ၄င်းတို့ဘက်က ရပ်တည်လာခြင်း စတဲ့ ဖြစ်ရပ်တိုင်း၊ ဖြစ်ရပ်တိုင်းဟာ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီစတဲ့ မြန်မာတိုင်းရင်းသားတွေကို တပ်လှန့်သလိုဖြစ်စေခဲ့တယ်။

အကျိုးဆက်အနေနဲ့ (၉၆၉) စတဲ့ စတေကာတွေ လုပ်ပြီး လူထုက လှုံ့ဆော်လာတယ်။ ကရင်ပြည်နယ်က ခြံမြေ မရောင်းရစတဲ့ လှုပ်ရှားမှုတွေအထိ ဖြစ်ပေါ်စေခဲ့တယ်။ ဒါတွေဟာ သက်ရောက်မှုရဲ့ “ အား” လို့မြင်တယ်။ ဒါကြောင့် ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ ပြဿနာရဲ့ရင်းမြစ် (ပြဿနာရဲ့အခြေခံ) ဖြစ်တယ်ဆိုတာကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုတဲ့ မွတ်ဆလင်တွေ သိထားဖို့လိုသလို ဆန့်ကျင်ဖို့လဲလို အပ်တယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နိုင်ငံသားဖြစ်ရေးကို ကျော်လွန်ပြီး တိုင်းရင်းသားဖြစ်ရေးကို တစိုက်မတ်မတ်လုပ်လာခြင်းတွေက သူတို့ရဲ့ပန်းတိုင် မဟုတ်ဘူး။ သူတို့ရဲ့ပန်းတိုင်းဟာ တိုင်းပြည်ဖဲ့ထုတ်ရေးသာဖြစ်တယ်။ တကယ်လို့ မြန်မာတိုင်းရင်းသားအဖြစ် တရားဝင်ဥပဒေကြောင်းအရ သတ်မှတ်ခဲ့ရင် နိုင်ငံတကာမှာ ရိုဟင်ဂျာနာမည်ခံပြီး ရောက်ရှိနေတဲ့ ဘင်္ဂလီအုပ်စုတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရေးအဖြစ်လှုံ့ဆော်ပြီး မြန်မာနိုင်ငံထဲက ရခိုင်ပြည်ထဲကို ပြန်ဝင်လာပါလိမ့်မယ်။ ပြည်တွင်းနေ မွတ်ဆလင်တွေဟာလည်း အလိုအလျောက် ရိုဟင်ဂျာအဖြစ် အသွင်ပြောင်းသွားပြီး အဲဒီအင်အားတွေ စုပေါင်းသွားပါလိမ့်မယ်။ အဲဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက် ကိုင်လှုပ်လာမှာ ဖြစ်သလို အန္တိမပန်းတိုင်ဖြစ်တဲ့ အစ္စလာမ်မစ်နိုင်ငံ ထူထောင်ရေးလှုပ်ရှားမှုတွေဟာလည်း အင်အားကောင်းစွာ သက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။

ဆိုတော့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီအရေအတွက်ဟာ ဘယ်လောက်ရှိသလဲဆိုတာ တိကျတဲ့ ကိန်းဂဏန်းတွေနဲ့ မချပြနိုင်ပေမယ့် တကယ့် ကြောက်စရာကောင်းတဲ့ အရေအတွက်တွေဖြစ်မှာကတော့ သေချာပါတယ်။ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေ ပြည်ပမှာ ရိုဟင်ဂျာဖြစ်သွားသလို ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသားတွေ ဒုတိယနိုင်ငံမှာ ရိုဟင်ဂျာနာမည်နဲ့ ဒုက္ခသယ်ခံယူပြီး တတိယနိုင်ငံထွက်သွားမှုတွေက ထုနဲ့ထည်နဲ့ရှိပါတယ်။ တဘက်မှာလည်း ဘင်္ဂလားဒေ့(ရှ်)စာအုပ်နဲ့ ဥရောပစတဲ့ နိုင်ငံတွေကို အရောက်သွားပြီး ရိုဟင်ဂျာ အရေခြုံကာ နိုင်ငံရေးခိုလှုံခွင့်တောင်းမှုတွေကလည်း အများကြီးရှိပါတယ်။

အထူးသဖြင့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့(ရှ်) က ဘင်္ဂလီတွေဟာ ထိုင်း၊ မလေးစတဲ့ ဒုတိယနိုင်ငံတွေမှာ အလုပ်ထွက်လုပ်ကြရင်း တဖက်မှာလည်း အဲဒီက တဆင့် တတိယနိုင်ငံတွေမှာ အခြေချနေထိုင်နိုင်တယ်ဆိုတဲ့ မက်လုံးတွေပေးပြီး လှုပ်ရှားနေတဲ့ ကွန်ယက်တွေရှိပါတယ်။ ဒီကွန်ယက်တွေထဲကို ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလှုပ်ရှားသူတွေက ချိတ်ဆက်ထားပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ဘင်္ဂလား ဒေ့(ရှ်)နိုင်ငံသား ဘင်္ဂလီတွေရဲ့ အရေအတွက်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။

မြန်မာ ပယ်လယ်ကမ်းရိုးတန်း၊ ထိုင်းပင်လယ်တွေထဲမှာ မကြာခဏဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ထဲက ဘင်္ဂလီနည်းနည်းနဲ့ ဘင်္ဂလား ဒေ့(ရှ်)က ဘင်္ဂလီတွေ များများဖြစ်နေခြင်းတွေဟာ ဘင်္ဂလားဒေ့(ရှ်)အစိုးရရဲ့ အဆမတန်တိုးပွားနေတဲ့ လူဦးရေကို လျော့ချရေး လျှို့ဝှက် စီမံကိန်းတခု ဖြစ်နေမယ်ဆိုတာ ထင်ရှားပါတယ်။ တဖက်မှာလည်း နိုင်ငံတကာရောက်ရင် အလိုအလျောက်ရိုဟင်ဂျာဖြစ်သွားတတ်တဲ့ စီမံကိန်းဟာလည်း ရေရှည်စီမံကိန်းတခုဖြစ်ပါလိမ့်မယ်။

လှေစီးပြီး နိုင်ငံတကာကို ဖြန့်ကျက်ထွက်နေတဲ့ ဘင်္ဂလီတွေဟာ သြစရေးလျားအထိရောက်ပါတယ်။ လှေစီးပြီး မသွားခင် သင်တန်းလို ပုံစံမျိုးတွေရှိနိုင်ပါတယ်။ တကယ်လို့ နိုင်ငံတခုခုက မိရင် မြန်မာအစိုးရက ဘာသာရေးဖိနှိပ်လို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါလို့ ပြောရန် စတဲ့သင်တန်းမျိုးပါ။ ဒါကြောင့် နည်းမျိုးစုံနဲ့ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေရော၊ ဘင်္ဂလားဒေ့(ရှ်)က ဘင်္ဂလီတွေဟာ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ ရိုဟင်ဂျာတွေဖြစ်သွားတတ်ပြီး နိုင်ငံတကာမှာ ခန့်မှန်းလို့မရနိုင်လောက်အောင် ထုနဲ့ထည်နဲ့ ရောက်ရှိနေပါပြီ။

ဆိုတော့ မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားအဖြစ် တကယ်လို့ အသိအမှတ်ပြုပေးခဲ့မယ်ဆိုရင် . . . .

(က) ရခိုင်ပြည်ထဲမှာ လက်ရှိနေထိုင်နေတဲ့ ဘင်္ဂလီအင်အားစု
(ခ) မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာ ရိုဟင်ဂျာအမည်ခံပြီး အင်အားစုအဖြစ်ပူးပေါင်းလာမယ်
(ဂ) နိုင်ငံတကာမှာ ထုနဲ့ထည်နဲ့ရောက်ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေပြိုဆင်းလာမယ် (ဒီအထဲမှာ ရခိုင်ပြည်ထဲမှာ နေထိုင်ခဲ့ဖူးတဲ့ ဘင်္ဂလီတွေနဲ့ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသား စစ်စစ်တွေကိုယ်တိုင် ရိုဟင်ဂျာအမည်နဲ့ ပူးပေါင်းလာမှာ သေချာတယ်)
(ဃ) ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲက နောက်ထပ် အသစ်အသစ်တွေ ထပ်ဝင်လာမယ်

အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိမ်းထားလို့ ရနိုင်တော့မှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာအခင်းအကျင်းတွေအရ ပြောနိုင်တယ်။ 

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နှစ်ငါးဆယ် နှစ်တရာကို မျှော်ကြည့်ခြင်းမဟုတ်ဘူးဆိုတာ နိုင်ငံတော်အနေနဲ့ရော မြန်မာတိုင်းရင်းသားထုတရပ်လုံးပါ သိဖို့ လိုအပ်တယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ နှစ်တထောင်ကို အနည်းဆုံးထားပြီး မျှော်ကြည့်ဖို့နဲ့ ချင့်တွက်တတ်ဖို့ ပြောလိုတယ်။ အမေရိကန်တွေ အလွန်သေးငယ်တဲ့ ရွာ၊ မြို့ တည်တဲ့အခါ အနည်းဆုံး နှစ်တထောင်လောက်ကို ချင့်တွက်ပြီး တည်ဆောက်ကြတယ်လို့ မြင်တယ်။ နောက်ထပ် မျိုးဆက်သစ်တွေအတွက် အိမ်သစ်တွေပေါ်လာမယ်။ အိမ်သစ်တွေ ပေါ်လာရင် ဘာတွေဖြစ်လာမယ် စတဲ့ ချင့်တွက်မှုတွေနဲ့ တည်ဆောက်ကြတယ်။

မြန်မာနိုင်ငံတော်အနေနဲ့လည်း လာမယ့်အနှစ်တရာကို မျှော်ကြည့်ဖို့ထက် အနည်းဆုံး နှစ်တထောင်လောက်ကို မျှော်ကြည့်ဖို့ လိုလိမ့်မယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ လျှို့ဝှက်ထားတဲ့ ဘင်္ဂလားဒေ့(ရှ်)အဖွဲ့အစည်းတွေနဲ့ နှစ်တထောင်လောက်ကို မျှော်ကြည့်ပြီး အလုပ်လုပ်နေပေမယ့် ကိုယ့်ဘက်က နှစ်ငါးဆယ်လောက်မှာ သူတို့အိပ်မက်ကို အကောင်အထည်ဖော်ပေးလိုက်တဲ့ ပုံစံမျိုးဖြစ်သွားမှာ စိုးတယ်။

နိုင်ငံတော်အနေဖြင့် ကိုင်တွယ်ဖြေရှင်းနေတာက နိုင်ငံသားဖြစ်မှု မဖြစ်မှုနဲ့ နိုင်ငံတွင်းသို့ ခိုးဝင်မှုကိစ္စဖြစ်တယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဘက်ကတော့ နိုင်ငံသားဖြစ်မှုထက် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အပေါ်မှာ ရပ်တည်တယ်။ နိုင်ငံတော်ကရော၊ မြန်မာတိုင်းရင်းသားပေါင်းစုံကပါ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတာ ပြတ်သားစွာ ရှင်းထားတယ်။ နိုင်ငံသားဖြစ်မှုဘောင်ထဲမှာ ရှင်းရမယ့် ပြဿနာကို ကျော်လွန်ပြီး ပြဿနာဖြစ်စေမယ့် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား ဆိုတဲ့မူဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အပြင်းထန်ဆုံးရိုက်ခတ်စေပါတယ်။ 

ထို့အတူ သင်္ဘောပျက်ပုံပြင် စတဲ့ သမိုင်းလိမ်တွေနဲ့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်တွေကို ရန်ကုန်၊ မန္တလေးစတဲ့ဒေသတွေက မွတ်ဆလင်တွေကပါ နည်းမျိုးစုံ၊ အသွင်မျိုးစုံနဲ့ ပူးပေါင်းပါဝင်လှုပ်ရှားမှုတွေနဲ့အတူ (OIC ) စတဲ့ အဖွဲ့အစည်းတွေကပါ ဟန်ချက်ညီညီ လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတံခါးကို ပြင်းထန်စွာ လာခေါက်ခြင်းဖြစ်တယ်ဆိုတာ ပြောချင်တယ်။   ။

ခိုင်လင်း(မေဃ၀တီ)
မတ်ခ်ျ ၀၆၊ ၂၀၁၃ ည ၇း ၅၃

1 comment:

HkunPa.O said...

ကိုခိုင်လင်း

နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုက တိုင်းရင်းသားအဖြစ်တရားဝင်အသိအမှတ်ပြုခဲ့တာကို ချေပတဲ့ ဆောင်းပါးတပုဒ်ကို ရေးသင့်ပါတယ်။ ကျနော်သာ -----ဖြစ်ရင်တော့ အဲဒီအချက်ကို ပဲထပ်ခါထပ်ခါ ပြောနေမှာပဲ။ သက်သေပြုနေမှာပဲ။အဲဒီအချိန်တုန်းက ဦးနုက နိုင်ငံတကာကလေးစာမှု အတော်အတန်ရှိခဲ့တဲ့။ သူတယောက်လေ။ နိုင်ငံတောင်္င်္ရဲ့  ၀န်ကြီးချုပ် ကိုယ်တိုင်က အသိအမှတ်ပြုခဲ့တာနော်။ အဲဒီအချက်နဲ့ သမိုင်းတုနဲ့ တွဲရင် တော်တော်ကို ခိုင်မာသွားတဲ့သဘောရှိတယ်။ ဒါကြောင့်မို့  အဲဒါနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ရေးသင့်ပါတယ်။

လေးစားစွာ
ခွန်ထွန်းတောက်