အင်းလေးဝန်းကျင် ဖွံ့ဖြိုးရေး အီးယူကူမည်

22 September 2012 | By Pyi Myanmar

အင်းလေးနှင့် အနီး ပတ်ဝန်းကျင် ဒေသများ တိုးတက် ဖွံ့ဖြိုးရေး အတွက် အီးယူမှ အမေရိကန်ဒေါ်လာ သုံးသန်း ကူညီရန် လျာထားကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးတက်ထွန်းက ပြောကြားခဲ့သည်။

၎င်းအပြင် နော်ဝေနှင့် UNDP မှ ချထားပေးသည့် အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် environmental education centre, water collection, ecotourism စသည့် လုပ်ငန်းသုံးခုအား နှစ်နှစ်စီမံကိန်းဖြင့် ယခုနှစ် ၈ လပိုင်းမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းလုပ်ငန်းသုံးခုမှ environmental education centre ဆိုသည်မှာ အင်းလေးနှင့် ပတ်သက်သည့် ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို သိရှိစေနိုင်ရန်အတွက် ပုဂံပြတိုက်ကဲ့သို့ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းများ workshopများ ပြုလုပ်ရာ၌ အဆင်ပြေအောင် စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။

Water collection မှာ သောက်သုံးရေအတွက် ရေလှောင်ကန်များ စီစဉ်မည်ဖြစ်ပြီး၊ eco tourism မှာ ဧည့်လမ်းညွှန်များ နားနေရန် အဆောင်နှင့် ၎င်းနေရာတွင် အင်းလေးဒေသ၏ ထွက်ကုန် လက်မှုပညာဖြင့်ထွက်သော ပစ္စည်းများ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


No comments: