ပအိုဝ်းလူငယ်မှ "အာရုဏ်သစ်" ဂျာနယ်ထုတ်ဝေ

တောင်ကြီးတိုင်းမ် | မေလ ၁၀၊ ၂၀၁၁ | အင်္ဂါနေ့ | နောင်ခမ်းခါ

ပအိုဝ်းဘာသာဖြင့် "အာ;ရုဏ်;တသာ" ၊ အိင်္ဂလိပ်ဘာသာဖြင့် "New Dawn" လို့ အမည်ပေးထားတဲ့ ပအိုဝ်းဘာသာဂျာနယ်စာစောင်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ယခုလမှာ စတင်ထုတ်ဝေလိုက်ပါတယ်။

ဂျာနယ်စာစောင်ထုတ်ဝေရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပအိုဝ်းစာပေနှင့် ပအိုဝ်းဝေါဟာရအသုံးအနှုန်းများ တိုးတက်မြင့်မာလာစေရန်၊ ပအိုဝ်းပြည်သူလူထုအတွင်းဖြစ်ပွားပြောင်းလဲနေသည့် အဖြစ်အပျက်များကို မှတ်တမ်းတင်သွားရန်၊ ပအိုဝ်းပြည်သူများ အသိအမြင် ဗဟုသုတပိုမိုမြင့်မားလာစေရန်၊ တရားမျတမှုရှိလာစေရန်နှင့် အကြောက်တရားများ ကင်းဝေးလာစေရန် စတဲ့ အချက်တွေဖြစ်ပါတယ်။

ယင်း "အာ;ရုဏ်;တသာ" စာစောင်အား ပြည်တွင်းတွင် နိုင်သလောက်အဓိက ထုတ်ဝေဖြန့်ချီသွားမှာဖြစ်ပြီး နိုင်ငံတကာရောက်ပအိုဝ်းလူမျိုးများကြားတွင် အွန်လိုင်း ဖြင့် ဖြန့်ဝေသွားမည်ဟုလည်း စာစောင်ထုတ်ဝေရာတွင် အဓိက ပါဝင်သူ ခွန်ဆန်ကီက ဆိုပါတယ်။

ယင်းစာစောင်အား တစ်လ တစ်ကြိမ် ပုံမှန်ထုတ်ဝေ သွားမည်လို့လည်း ၎င်းက ဆိုပါတယ်။

No comments: