၂။ ပဒေသရာဇ်ဆိုးအောက်မှ တော်လှန်လွတ်မြောက်လာခဲ့သော ပအိုဝ်းအမျိုးသားများအပါ အဝင် လူမျိုး ပေါင်းစုံ ပြည်သူတရပ်လုံးသည် ပဒေသရာဇ်စနစ်ထက် အဆပေါင်းများစွာ ပိုမိုဆိုးသွမ်း ရက်စက်ကြမ်း ကြုတ်သော ဖက် ဆစ်စစ်အာဏာရှင်စနစ်ဒဏ်ကိုအလှုးအလှဲ ထပ်မံခံစားနေကြရသည်မှာ ရင်နင့်စရာ ဖြစ်ပေ သည်။ ပင်လုံစာချုပ်၏ အနှစ် သာရဖြစ်သော လွတ် လပ်ရေး၊ တန်းတူရေး နှင့် ဒီမိုကရေစီရေးတို့ ကိုပစ်ပယ် ချိုးဖေါက်ခဲ့ကြသည့် မဟာလူမျိုးကြီး ဝါဒအခြေခံ အာဏာရှင် အဆက်ဆက်တို့က လက်နက် နှင့်ဒီမိုကရေ စီလဲလှယ် မည်ဟုလည်းကောင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဟု လည်းကောင်း၊ ဘဝတူညီနောင် တိုင်းရင်းသားများနှင့်အတူ ပအိုဝ်းအမျိုးသားတို့အား ဖိတ် ခေါ်ကမ်းလှမ်း၍ အကြိမ်ကြိမ် လိမ်လည်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပေသည်။ ပင်လုံစာချုပ်နှင့် လမ်းညွန်မှု (၇) ချက် တို့ကို ဆန့်ကျင်ကာ ရေးဆွဲ ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက် ပွဲရလဒ်တို့ဖြင့်လည်း နအဖ စစ်အုပ်စုက စစ်ပဒေသရာဇ် စနစ်ကိုထူထောင်ကာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတို့ကို ဆက်လက်ကျွန်ပြု လိမ်လည်လှည့်ဖြား ကြဦးမည် ဖြစ် ပေသည်။ သို့ဖြစ်၍ ပဒေသ ရာဇ်စနစ်အပါအဝင် စနစ်ဆိုးအမျိုးမျိုးကို ဆန့်ကျင်တော်လှန် အောင်ပွဲခံခဲ့သည့် သမိုင်း အစဉ် အလာ ကောင်းရှိသော ပအိုဝ်းအမျိုးသားတို့၏ ယနေ့အမျိုးသားရေးတာဝန်မှာ စစ်ပဒေသရာဇ်စနစ် (ဝါ) စစ်အာဏာ ရှင်စနစ်ကို ဖျက်သိမ်း၍ ဘဝတူ ညီနောင် တိုင်းရင်းသားများနှင့်အတူ ဖက်ဒရယ်ပြည် ထောင်စု ထူ ထောင်ရေးပင် ဖြစ်ပေသည်။
၃။ သို့ဖြစ်၍ တိုင်းရင်းသားညီနောင် အဖွဲ့စည်းများက ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းဆောင် ရွက်မှုများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က အလေး အနက်ကြိုဆို ထောက်ခံ အပ်ပေသည်။
၎။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်း ဆောင်များ တိုင်းရင်းသားခေါင်း ဆောင်များက ကြိုပမ်းဆောင်ရွက်လျက်ရှိသည့် ဒုတိယပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဖက်ဒ ရယ် ပြည် ထောင်စု ပေါ်ထွန်းရေး လုပ်ငန်းစဉ် များတွင် ပြည်ထောင်စုဖွားညီနောင်များနှင့်အတူ လက်တွေ့ ကျကျ ပူပေါင်းဖေါ်ဆောင် သွားမည် ဖြစ်ပါကြောင်း ပအိုဝ်းအမျိုး သားရေးလွတ်မြောက်ရေးအဖွဲ့ချုပ်က တည် ကြည်စွာ အဓိဌာန်ပြုလျက် (၆၁) နှစ် မြောက် ပဒေသ ရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ကြေ ငြာချက်ကို ထုတ်ပြန်အပ်ပါ သည်။
ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နတ်တော်လဆန်း (၅) ရက်
ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်
ဗဟိုကော်မတီ
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
Contact points
Phone: 081-9502-158, 084-4956-225.
No comments:
Post a Comment