ပင်လောင်းမြို့တွင် အအေးဆုံးစံချိန်တင်

ဒီဗွီဘီ ၊ ၂၇ ဒီဇင်ဘာ ၊ ၂၀၁၀

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ အအေးဓာတ်လွန်ကဲပြီး အနုတ် ၃ ဒဿမ ၂ ဒီမိုဂရီ စင်တီဂရိတ်အထိ ကျသွားတဲ့အတွက် ဒါဟာ ၄၄ နှစ်အတွင်း အအေးဆုံးစံချိန်တင်သွားတယ်လို့ မြန်မာအလင်းသတင်းစာက ဖေါ်ပြပါတယ်။

၁၉၇၅ ဒီဇင်ဘာ ၉ ရက်နေ့တုန်းက အနုတ် ၂ ဒဿမ ၇ အထိ ကျဖူးတဲ့ စံချိန်ကို အခုလ ၂၆ ရက်နေ့မှာ စံချိန်တင်သွားတာဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။

ပြီးခဲ့တဲ့သတင်းပတ် ထုတ်ပြန်ချက်တွေအတွင်းမှာလည်း ချင်းပြည်နယ် မြို့တော် ဟားခါး မှာ အနုတ် ၂ ကျော်တဲ့အထိ ကျဆင်းတဲ့အကြောင်း၊ ရှမ်း၊ ကချင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တချို့မှာလည်း အအေးလွန်ကဲ့ပြီး တခြားဒေသတွေမှာလည်း အပူဓာတ်နိမ့်ဆင်းလာနေတယ်လို့ သတင်းစာက ဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သတ်လို့ ဝေဖန်အကြံပေးလိုပါက ma@dvb.no ကို ဆက်သွယ်နိုင်ပါတယ်။

No comments: