ခေတ်ပြိုင် | ||
| ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) နှင့် မကြာမီက ပြန်လည်တောခိုလာသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) တို့က နှစ်ဘက်စစ်တပ်ဖွဲ့ကို တဖွဲ့တည်းအဖြစ် ပူးပေါင်းရန် သဘောတူ ဆုံးဖြတ်လိုက်သည်။ ယခုလ (၁၁) နှင့် (၁၂) ရက်တို့တွင် SSA-S | |
တွဲဖက်အထွေထွေအတွင်းရေးမှူး ခူးရီမာန်ထူးတို့က SSA-S ၏ လွယ်တိုင်းလန် ဌာနချုပ်တွင် ဆွေးနွေးကာ သဘောတူညီမှု ရရှိခဲ့သည်။ သဘောတူညီချက်များမှာ တပ်ဖွဲ့တဖွဲ့တည်းဖြစ်အောင် ပေါင်းစည်းရေး၊ ကျန်ရှိနေသည့် ရလလဖ အင်အားများကို ပြန်လည်စုစည်းရေး၊ ရလလဖ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ခေတ္တရပ်စဲ ထားရေး၊ ရလလဖ၏ စစ်အင်အား စုဆောင်းရေး၊ လေ့ကျင့်ရေး၊ စားဝတ်နေရေးများကို SSA-S က တာဝန်ယူဆောင်ရွက်ပေးရေးနှင့် နှစ်ဦးနှစ်ဘက် အပြန်အလှန် စစ်ကိုယ်စားလှယ် ထားရှိရေးတို့ ဖြစ်သည်။ SSA-S ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်က ရလလဖနှင့် ပူးပေါင်းခြင်းသည် အနာဂတ်တွင် ရှမ်းပြည်အရေး ကိစ္စအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောသည်။ ၎င်းက “ရလလဖဟာ ရှမ်းပြည်ထဲက လက်နက်ကိုင်အင်အားစုတဖွဲ့ ဖြစ်တယ်။ ရှမ်းပြည်အရေးကို သယ်ပိုးနေတဲ့ အဖွဲ့ဖြစ်တယ်။ ရှမ်းပြည်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ တစုတစည်းတည်းဖြစ်မှ ကျနော်တို့အင်အားရှိမယ်။ ဒါကြောင့်မို့ ပူးပေါင်းတာဖြစ်တယ်။ ဒီလိုပူးပေါင်းခြင်းဟာ အခြား အဖွဲ့အစည်းတွေအတွက်လည်း နမူနာကောင်းတခုဖြစ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။ ရလလဖသည် (၁၉၉၄) ခု အောက်တိုဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သည်။ ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်နေသည့် ယင်းအဖွဲ့ကို နအဖမှ လက်နက်အပ်ရန် ဖိအားပေး လာသဖြင့် အင်အားတရာကျော်ဖြင့် (KNPP) ထိန်းချုပ်နယ်မြေသို့ ဇွန်လဆန်းပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။ စိုင်းလောဝ်ဆိုင်က ယခုကဲ့သို့ SSA-S နှင့် ရလလဖတို့ ပူးပေါင်းခြင်းကြောင့် ရှေ့ဆက်၍ စစ်အင် အားများနှင့် နယ်မြေများတိုးချဲ့နိုင်သည့် အကျိုးကျေးဇူးများကို ရရှိမည်ဟုလည်း ရှင်းပြသည်။ ၎င်းက “ကျနော်တို့ နှစ်ဖွဲ့ပေါင်းစည်းခြင်းအားဖြင့် ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်း ရရှိလာ SSA-S အနေဖြင့် ရလလဖနှင့် စစ်ရေးမဟာမိတ်မှတဆင့် နှစ်ဖွဲ့ပေါင်းစည်းရေးအဆင့်ထိ ရောက်ရှိ သွားရန် အဆင့်ဆင့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စိုင်းလောဝ်ဆိုင်က ပြောသည်။ ၁၉၉၆ ခု အစောပိုင်းတွင် နအဖနှင့် ပူးပေါင်းလိုက်သည့် ခွန်ဆာ၏ မုန်ထိုင်အဖွဲ့မှခွဲထွက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S ကို ဗိုလ်မှူးကြီးရွက်ဆစ်က တည်ထောင်ခဲ့သည်။ ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် SSA-S က နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် နှစ်ဘက်သဘောတူ ချိန်းဆိုထားသော်လည်း ချိန်းဆိုသည့်နေရာသို့ နအဖဘက်က မလာရောက် သည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့သည်။ ။ |
SSA-S တပ်နှင့် ရလလဖတပ်ဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်အနာဂါတ်ရေး ဆောင်ရွက်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment