ပအို၀််းပြည်သူကို ဘာသာရေးမှိုင်းတိုက်ခြင်း

မနေ့တနေကမှ အာဏာရူးစစ်ခွေးတွေ တိုင်းပြည်လူထုအာဏာကို မတရားလုယူတယ်။ ပြည်သူလူထုတရပ်လုံးကို မင်းမဲ့စရိုက်နဲ့ သေနတ်ပြောင်း၀မှာ အနိုင်ကျင့်မင်းမူနေတယ်။ အခုလက်ရှိ ဒီစက်ကန့် ဒီမိနစ် ဒီအချိန်မှာတောင် စစ်ခွေးတွေ တတိုင်းလုံး တပြည်လုံးက အပြစ်မဲ့ပြည်သူတွေကို ဖမ်းချင်သလိုဖမ်း သေနတ်တကားကားနဲ့ ပစ်ချင်သလိုပစ်ပြီး ဥပဒေမဲ့ထင်တိုင်းလိုက်ရမ်းကားနေဆဲ ဖြစ်နေတာကို ဘာမှမဖြစ်သလို မျက်ကွယ်ပြုနေသလား။

စစ်ခွေးတွေရဲ့မတရားအာဏာသိမ်းယူမှုကို နာကျည်းစွာခံစားနေရတဲ့ ပအို၀််းပြည်သူတွေရဲ့ ခံစားမှုကို မထီမဲ့မြင်လုပ်နေသလား။
 
ပအို၀််းပြည်သူအပါအ၀င် တိုင်းပြည်တ၀န်းလုံးက ပြည်သူလူထုတွေ မတရားစစ်ကျွန်ပြုမှာကို မလိုလားပဲ အလွှာပေါင်းစုံလူထုက အာဏာရှင်စစ်ခွေးကိုနည်းမျိုးစုံနဲ့လမ်းမပေါ်််တက်ပြီးဆန့်ကျင်ကန့်ကွက်ဆန်ဒပြနေကြတာကို မမြင်သလို မသိသလို ကိုယ်နဲ့မဆိုင်သလို လုပ်နေသလား။

ဒီပျော််််််််ပွဲရွှင်ပွဲကို ဦီးစီးဦီးဆောင်စီစဥ်််််တဲ့လူတွေအနေနဲ့ အချိန်ကာလရဲ့ အခြေအနေကို စဥ််းစားချင့်ချိန်သင့်တယ်။ ပအို၀််းပြည်သူတွေကို ဘာသာရေးပွဲတော်််််နဲ့ အပျော််််််််အပါးတွေနဲ့ပဲ မနစ်မွန်းစေသင့်ပါဘူး၊ အမျိုးသားရေး နိုင်ငံရေး မိမိတို့လွတ်လပ်ခွင့်အရေးနဲ့ တိုင်းရေးပြည်ရေးမှာ ပိုမိုအမြင်ကျယ်ဖို့ ပိုပြီးအရေးပေးအလေးထားလာဖို့ ပိုအရေးပါတယ်။ မတရားမှုတွေကို ဆန့်ကျင့်ဖီဆန်တတ်တဲ့ အကျင့်တွေ၊ မမှန်တာ မဟုတ်တာ မတရားတာကို ခေါင်းငုံ့မခံပဲ တွန်းလှန်တတ်တဲ့စိတ်ဓာတ်တွေ မွေးကြဖို့ အလိုအပ်ဆုံးအချိန်ဖြစ်တယ်။

မတရားမှုကို မတရားမှန်းသိသိရင်းနဲ့ ဘာမှမလုပ်ပဲ မည်သည့်တုန့်ပြန်မှုတစုံတရာမှမလုပ်ပဲ နေနေတာဟာ ဘာမှမပြောလိုပေမယ့် အဲဒီမတရားမှုကို တွန်းလှန်မှုမပြုအောင် သို့မဟုတ် မတရားမှုကိုမေ့လျော့သွားအောင် ပအို၀််းပြည်သူတွေကို အဲလိုအပျော််််အပါးပွဲတော််််နဲ့နစ်မွန်းမျောပါသွားအောင် လုပ်တာဟာ လုံး၀မဖြစ်သင့်ပါ။ ဒီပွဲတော််််််််််််ကျင်းပတာဟာ ပအို၀််းပြည်သူတွေ စစ်ခွေးရဲ့မတရားမှုကို ဆန့်ကျင်တွန်းလှန်တဲ့တိုက်ပွဲမှာ ပါ၀င်မှုအားနည်းအောင် အာရုံပြောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ မြင်တယ်။
 
အဲဒီလိုလုပ်ရပ်မျိုုးက အာဏာသိမ်းစစ်ခွေးတွေ လုပ်နေကြအပြုအမူတွေဖြစ်တယ်။ နိုင်ငံတ၀န်းလုံးမှာရှိတဲ့လူထုတွေကို လိုက်ဖမ်းဆီးညင်းဆဲ စိတ်ထင်တိုင်းလိုက်ရမ်းကားနေပြီးတော့ တလောကလုံးမှာ စစ်ခွေးတွေ ဥပဒေမဲ့ပရမ်းပတာလိုက်ချုပ်နှောင်နေတာကို MRTV နဲ့ MWD ရုပ်သံတွေမှာ စစ်ခွေးရူးတွေ ဘုရားခိုးတဲ့ပုံတွေ ဘုရားတန်းဆောင်းမှာ သန့်ရှင်းရေးလုပ်တဲ့ပုံတွေ ဘုရားထီးတင်ပွဲတွေ လွင့်နေတာ မမြင်ချင်မှ အဆုံးပါပဲ။

ပျော််ပွဲရွှင်ပွဲ ဘုရားပူဇော်််််ပွဲ ဘုရားထီးတင်ပွဲတွေလုပ်ရင်းနဲ့ ပအို၀််းပြည်သူတွေ ဆင်းရဲမွဲတေနေပြီးလက်ညိုးထောင် ခေါင်းညိပ် စစ်ကျွန်သဘောက်ဘ၀မှာ နစ်သထက်ပိုပြီး မနစ်မြုတ်စေလိုပါ။

No comments: