လက်နက်ကိုင် အင်အားစုများ နိုးထကြလော့


တတိုင်းပြည်လုံးက အလွှာပေါင်းစုပြည်သူလူထုများ နိုးကြားထကြွစွာ စစ်အာဏာရှင်အမြှစ်ပြုတ်ခြေမှုန်းရေး ဒီမိုကရေစီရေး တိုက်ပွဲ၀င်နေကြပြီ။ အထူးသဖြင့် ကျောင််းသား/သူများ နိုင်ငံ့၀န်ထန်းများနှင့် တိုင်းရင်းသားလူငယ်ထုအင်အားစုများ တတိုင်းပြည်လုံးရှေ့တန်းက ဦီးဆောင်နေတာကို ကြည့်ရင်းအားရလွန်းလို့ မျက်ရည်တောင် ကျမိတယ်။
 
ဒီအချိန်မှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုရေးနဲ့ မိမိတို့အမျိုးသားတန်းတူရေးရဖို့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်တိုက်ပွဲ၀င်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးလဲ ဒီတိုင်းညိမ်မနေပဲ ဘုံရန်သူစစ်အာဏာရှင်အုပ်စုကို တပြေးညီ ဝိုင်းတိုက်ဖို့လိုတယ်။
 
စစ်အာဏာရှင်စနစ်အမြှစ်ပြုတ်‌တဲ့ အလားအလာအရှိဆုံးအချိန် အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းဖို့အဖြစ်နိုင်ဆုံးအချိန်က ဒီအချိန်မဟုတ်ရင် ဘယ်အချိန်ဖြစ်တော့မှာလဲ။

လူထုအစိုးရရှိတုန်းက ရန်သူစစ်အာဏာရှင်နဲ့ အပစ်ရပ်ဖို့ထိုးတဲ့စာချုပ်တွေ လူထုအစိုးရနဲ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်််််ငန်းတွေ ခုချိန်မှာ ပြာပုံထဲရောက်သွားပြီ၊ အဲဒါတွေကိုပဲ မျော်််််််််််လင့်နေရင် ဘာမှထူးလာမှာ မဟုတ်ပါ။

အခုချိန်ဆို ရန်သူက နေရာအနံ့မှာ ဗျာများအောင် အလုပ်ရှုပ်နေတယ်။ ကဏှာမငြိမ် သွေးရူးသွေးသန်းဖြစ်နေတယ်။ မြို့တွင်းမှာ ဆန်ဒပြတဲ့ပြည်သူလူထုအပေါ် အင်အားအလုံးအရင်းနဲ့ဖြိုခွဲဖို့ အလုပ်ရှုပ်နေကြတယ်။ ဆန်ဒပြပြည်သူလူထုအပေါ်အာရုံစူးစိုက်နေချိန်ဖြစ်တယ်။

ရန်သူစစ်တပ်အင်အားနဲ့ အရင်းအမြှစ် ပြန့်ကျဲနေတဲ့ အခုလိုကာလမှာ အာဏာရှင်စစ်တပ်စခန်းများ စစ်ဌာနချုပ်များအားလုံး တချိန်တည်းတပြေးညီ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရမယ်။ လမ်းပေါ်တက်ဆန်ဒပြနေတဲ့ ပြည်သူလူထုကို ရပ်ကြည့်နေရမည့် အချိန်မဟုတ်။
ပြည်သူလူထုနဲ့ အတူရှိကြောင်း ကူညီရန်အသင့်‌ရှိကြောင်း စတဲ့ စကားလုံးလေးနဲ့ ထုတ်ပြန်ချက်လေးနဲ့သာ အချိန်ကုန်ခံနေရမည့် အချိန်မဟုတ်ပါ။
 
အခုတတိုင်းပြည်လုံးဆန်ဒပြပွဲဟာ အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ထောက်ခံတဲ့ပွဲမဟုတ်ဘူးဆိုတာ သိထားရမယ်။ စစ်အာဏာရှင်နဲ့ NLD ကြားဖြစ်ပွားတဲ့ အာဏာပြိုင်မှုအရှုပ်အထွေးမဟုတ်ပါ။
 
ဒီတိုက်ပွဲဟာ မည်သူ့တဦးတစ်ယောက်အတွက် မည့်သည့်အစုအဖွဲ့တခုအတွက်တိုက်တဲ့ တိုက်ပွဲမဟုတ်ဘူးဆိုတာ သိထားရမယ်။
ဒီတိုက်ပွဲဟာ တိုင်းပြည်နဲ့ပြည်သူလူထုများအားလုံး စစ်အာဏာရှင်ဖိနှိပ်မှုအောက်မှ လွတ်မြောက်ဖို့အတွက်တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဟာ အာဏာရှင်စနစ်အမြှစ်ပြုတ်ဖို့တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဟာ မဟာလူမျိုးကြီး၀ါဒကို တိုက်တဲ့တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဟာ တိုင်းပြည်ရဲ့အရင်းအမြစ်နဲ့ သဘာ၀သယံဇာတများကို မိမိကိုယ်ကျိုးအတွက် မိမိတို့မိသားစုကောင်းစားရေးအတွက်တရားမ၀င် သိမ်းပိုက်တဲ့ အာဏာရှင်လူတစ်စုကို တိုက်တဲ့တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဟာ ပြည်သူလူထုတစ်ရပ်လုံး ပါ၀င်ဆင်နွဲတဲ့ တရားမျတသော မြင့်မြတ်သော တိုက်ပွဲဖြစ်တယ်။
 
ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ တိုက်ပွဲ၀င်တဲ့ တိုင်းရင်းလက်နက်ကိုင်အင်းအားစုများဖြစ်စေ၊ အမျိုးသားလွတ်မြောက်ရေးတောင်းဆိုတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်စေ ဗမာလူမျိုးနိုင်ငံရေးပါတီဖြစ်စေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုင်စွဲတဲ့ အင်အားများဖြစ်စေ စစ်အာဏာရှင်စိုးမိုးအုပ်ချုပ်မှုအောက်မှာ မည်သည့်အခွင့်အရေးမှ ဆွေးနွေးတောင်းဆိုလို့ရမှာမဟုတ်။
 
စစ်အာဏာရှင်််််််လက်အောက်က အဲဒီအရေးတွေတောင်းဆိုလာခဲ့တာ နှစ်‌ပေါင်း ၆၀ လောက်ရှိပြီ။ ဒီနှစ်ပေါင်း ၆၀ ကာလမှာ ဗိုလ်နေ၀င်း ဗိုလ်စောမောင် ဗိုလ်သန်းရွှေ ဗိုလ်သိန်းစိန် စတဲ့အာဏာရှင် တဆက်ပြီးတဆက်သာ လွဲပြောင်းအုပ်ချုပ်သွားတယ်။ မည်သည့်လွတ်လပ်ခွင့် တန်းတူခွင့် ပြဌာန်းခွင့်တွေရမလာဘူး။ တိုင်းပြည်တခုလုံး ကမ်ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတယ်။ ပြည်သူလူထုဆင်းရဲငတ်ပြတ်လာတယ်။ စစ်အာဏာရှင်လူတစ်စုနဲ့ သူတို့မိသားစုလောက်သာ မတရားချမ်းသာလာတယ်။ စစ်တပ်ဟာ လူတန်းစားတစ်ခုဖြစ်လာတယ်။
ဒီအတွက် အာဏာရှင်အမြှစ်ပြုတ် ဖြိုချနိုင်ဖို့အတွက် ပြည်သူလူထုနဲ့ တချိန်တည်း တပြေးညီတိုက်ပွဲ၀င်ပါ။ တိုင်းပြည်တ၀န်းမှာရှိတဲ့ အာဏာရှင်ရန်သူ စစ်တပ်စခန်းတွေကို တချိန်တည်းတခါတည်း တက်ညီလက်ညီ ၀င်တိုက်ပါ၊ အရှိန်အဟုန်မြန်မြန်နဲ့ တစ်ခုပြီးတစ်ခု တက်သိမ်းပိုက်ပါ။
 
ရခိုင်တပ်ဖြစ်တဲ့ AA မှ ရခိုင်ပြည်ကအာဏာရှင်စစ်စခန်းအားလုံးကို ၀င်တိုက်ပါ၊ ရှမ်းပြည်က ရှမ်းတပ်ဖြစ်တဲ့ SSA တောင်ပိုင်း SSA မြောက်ပိုင်း၊ မိုင်းလားအဖွဲ့၊ ပလောင်တပ်ဖြစ်တဲ့ TNLA, ၀တပ်ဖြစ်တဲ့ UWSA ၊ ပအို၀်းတပ်ဖြစ် PNLA စတဲ့အင်အားစုတွေက ရှမ်းပြည် နယ်မြေအသီးသီးက ရန်သူရှေ့တန်းစစ်စခန်းတွေကို တချိန်တည်း၀င်ကြုံးကြပါ၊ ကချင်တပ်ဖြစ်တဲ့ KIA ကလဲ ကချင်ပြည်နယ်က အာဏာရှင်တပ်စခန်းတွေ ၀င်စော်််ပါ။ KNU, DKBA, BGF စတဲ့ကရင်တပ်ဖွဲ့တွေလဲ ကရင်ပြည်နယ်က ရန်သူတပ်စခန်းတွေ တက်ချပါ။ ‌ကျောင်းသားတပ်မတော်််််််််ဖြစ်တဲ့ ABSDF လဲမိမိရှိတဲ့နေရာက ရန်သူအာဏာရှင်စခန်းတွေကို ၀င်တိုက်ပါ၊ ကရင်နီတပ်ဖြစ်တဲ့ KNPP ကလဲ ကရင်နီပြည်နယ်ထဲ ရန်သူစခန်းတွေ အကုန်လုံး၀င်ကြုံးပါ။ အဲဒီလို တပြေးညီ တချိန်တည်း တက်ညီလက်ညီ၀င််််််််််တိုက်ရင် ဒီအာဏာရှင် ပြုတ်ကျဖို့ မြေကြီးလက်ခတ်မလွဲပါ။ လက်နက်မလောက် ကျည်ဆံချို့တဲ့နေရင် ရန်သူစခန်းထဲက လက်နက်ဂိုဒေါင်ရုံမှာ လက်နက်တပြုံတပန်းကြီးရှိတယ်။
 
ပြည်သူလူထုတရပ်လုံးက နည်းမျိုးစုံနဲ့တိုက်ပွဲ၀င်နေတာ တွေ့မြင်နေရပြီ၊ လမ်းပေါ်လျှောက်တဲ့လူကလျှောက်၊ ကျောင််းဆရာများ၊ ဆေးရုံဆေးခန်းမှဆရာ၀န်များ သူနာပြုများ၊ ဘဏ််််၀န်ထမ်းများ၊မီးရထား၀န်ထမ်းများ၊ လျပ်စစ်၀န်ထမ်းများ ယဥ််််််ထိမ်းရဲများ မီးသတ်တပ်ဖွဲ့များ ပြည်သူ့ရဲများ စတဲ့နိုင်ငံ့၀န်ထမ်းများ ရုံးမတက်ပဲ သပိတ်မောက်ဆန်ဒပြနေကြပြီ။ အာဏာရှင်အစိုးရ ယန်းတရားတစ်ခုလုံးရပ်တန့်ပြီး ကြံရာမရ သွေးရူးသွေးသန်း အလုပ်ရှုပ် ခေါင်းရှုပ်နေပြီ။

အာဏာရှင်အမြှစ်ပြုတ်ချေမှုန်းရေး အောင််််််််််ပွဲခံနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးက အခုချိန်ပဲဖြစ်တယ်။ ယခုချိန်ထက် ကောင်းတဲ့အလားအလာ မရှိနိုင်။

အာဏာရှင်အုပ်စုကို ဒီတိုက်ပွဲမှာ အပြုတ်မတိုက်နိုင်ရင် ဘယ်သောအခါမှ အောင်နိုင်မည်မဟုတ်။

No comments: