ကိုယ်ကျိုးမက်တဲ့ အုပ်စုနှစ်ခုကြားက အလူးအလဲခံနေရတဲ့ ပအို၀််းပြည်သူ

မနေ့တနေ့ကမှ post နှနှစ်ခုရေးတင်လိုက်ပါသေးတယ် Post နှစ်ခု။ ပအိုဝ်းအနုပညာအဖွဲ့တွေ ဘုရားပူဇော်ပွဲလုပ်မယ့်အကြောင်းနဲ့ အမျိုး ဘာသာ သာသနာအကြောင်း

​Post မှာ သတိပေးရေးတင်တဲ့အတိုင်း တိတိကျကျကို ဖြစ်လာတာ။
 
ဒီလောက် တိုင်းပြည်လောက်ထနေလို့ စစ်ခွေးတွေ သဇေသရဲအလား နေရာတကာမှာလူတွေ ကယောင်ခြောက်ခြားအောင် လိုက်နှိပ်စက်နေတာ ပျော်ပွဲတွေ လုပ်တာမသင့်တော်ဘူးလို့ပြောတာကို လွန်တယ်လို့ပြောတဲ့လူတွေက မနဲ။

ပအိုဝ်းပြည်သူတွေ သိပ်တကိုယ်ကောင်းဆန်လွန်းတဲ့ အုပ်စုနှစ်ခုရဲ့ လိုရာစွဲအသုံးချခံနေရတယ်။

တစ်ခုက ဘာသာရေးအရူးတွေ။ ပအိုဝ်းပြည်သူတရပ်လုံး စစ်ခွေးရဲ့အနိုင်ကျင့်နေတာ တိုင်းပြည်တခုလုံး ခြောက်ထဲ့ကျနေတာကို ဂရုမစိုက်ဘူး။ ပွဲကြီးပဲဇွတ်အတင်းလုပ်နေတာ။ ဘုရားပွဲလုပ်လို့ ပအိုဝ်းတွေ ချမ်းသာသွားမယ် ပအိုဝ်းတွေ ဖိနှိပ်အနိုင်ကျင့်မှုအောက်လွတ်မြောက်မယ် ပအိုဝ်းတွေပညာတတ်လာ အမြင်ကျယ်မယ်ထင်နေကြသလားမသိ။

တဖွဲ့က အာဏာရှင်စစ်ခွေးကိုရှိခိုး ကပ်ဖားနေတဲ့ အဖွဲ့။ ဒါက ရသေ့ကြီးအောင်ခမ်းထီအမှူးပြုပြီးတော့ သိန်းဖေ စံလွင် မောင်သောင်း နေဝင်းထွန်း စတဲ့ ပအိုဝ်းပြည်သူကို ရောင်းစားတဲ့ ကိုယ်ကျိုးဖက် ကပ်ဖားကြီး PNO ပဲဖြစ်တယ်။ တတိုင်းပြည်လုံးက အာဏာရှင်ကို ဆန့်ကျင်နေတာ သူတို့ကမှ ပအိုဝ်းရွာသားတွေကို လိမ်လည်လှည့်ဖြားပြီးတော့ စစ်ခွေးတွေကို ထောက်ခံဖို့ခေါ်သွားတာ။ အရှက်မဲ့လွန်းတဲ့ ပြည်သူ့သစ်စာဖေါက်တွေ ဖြစ်တယ်။
 
ပအိုဝ်းပြည်သူတွေခမျာ စစ်ခွေးကိုရှိခိုးတဲ့ PNO အဖွဲ့နဲ့ ဘာသာရေးဂဏှာထနေတဲ့ ဘာသာရေးအရူးတို့အုပ်စုနှစ်ခုကြားမှာ ကျုပ်တို့မျက်စိရှေ့မောက်မှာပဲ ဘာမသိညာမသိနဲ့ ဓားစာခံဖြစ်သွားတယ်။
 
ဘာသာရေးမှိုင်းနဲ့ စစ်အာဏာရှင်ကြီးစိုးရေးမှိုင်း နှစ်ခုကြားမှာ ပအိုဝ်းပြည်သူတွေ အနာဂါတ်မျိုးဆက်သစ်တွေ လူညွတ်မသုံးဖို့ ပအိုဝ်းလူငယ်တွေ နိုးကြားထကြွပြီး တိုက်ပွဲဝင်နေတာပဲ ဖြစ်တယ်။

No comments: