တစ်နေ့သောအခါဝယ် ရွာတစ်ရွာတွင် သားကောင်များကို နေ့တိုင်းလိုက်ပစ်သည့် တောလိုက် အလွန်ကျွမ်းကျင်သည့် မုဆိုးကြီး တစ်ယောက်ရှိ၏။
တနေ့တ၌ ယင်းမုဆိုးသည် နက်နဲမည်းမှောင်သည့် တောနက်ကြီးထဲသို့ တနေကုန်တနေခန်း တောလိုက်သော်လည်းပဲ အလွန်သေးငယ်သည့် ငှက်ကလေးတစ်ကောင်မှလွဲ၍ မည်သည့်သားကောင်မှ မရပဲ စိတ်ညစ်ညစ်ဖြင့်သာ အိမ်ပြန်ခဲ့ရ၏။
မုဆိုးသည် အိမ်ရောက်၍ အမွေးနုတ်ပြီးသည့်အခါ တစ်ကောင်လုံးမှ ကွမ်းသီးလောက်သာရှိသည့် ငှက်ကလေးကို မီးဖုတ်ပြီး မိန်းမကို နည်းနည်းလေးမှ ခွဲဝေ ပေးမစားပဲ သူတစ်ယောက်တည်းသာ အကုန်လုံး ၀ါးစားလိုက်ရာ မိန်းမဖြစ်သူက ငှက်သားကို မစားရ၍ မုဆိုးဖြစ်သူ လင်ယောင်္ကျားကို စိတ်ကောက်နေလေတော့၏။
သူ့မိန်းမက ငှက်သားမစားရ၍ မကျေမနပ်ဖြစ်ပြီးတော့ သူ့အပေါ် တစ်ညလုံး စိတ်ကောက်နေသည်ကို မုဆိုးတစ်ယောက်ခမျာ သတိမထားမိ မသိရရှာပေ။
ညနေ အိပ်ယာဝင်ချိန်တွင် အိပ်ခန်းထဲဝင်၍ မိန်းမပေါင်ကို ထုံးစံအတိုင်း ခဏတဖြုတ်ခုအိပ်ရန်အပြု မိန်းမဖြစ်သူက ပေးမခုပဲ သူ့ပေါင်ကိုဖယ်ပြီး “ရှင်နော်.. ရှင်နော်.. ဒီည ကျမပေါင်ကို ခုမအိပ်နဲ့ ရှင်တို့ ငှက်ကလေးပေါင်ကို သွားခုအိပ်ပါလား…" ဟု ပြောထည့်လိုက်၏။
မုဆိုးကြီးလည်း မျက်နှာငယ်လေးနှင့် ဘာပြန်ပြောရမှန်းမသိပဲ မိမိအမှုကို သတိပြန်ပြုမိ၍ နောင်တကြီးစွာနဲ့ တညစ်လုံးတစ်ယောက်တည်း စခန်းသွားလေရတော့၏။
တောလိုက်တတ်သည့် အိမ်ထောင်ရှိ မုဆိုးဖြစ်သူနှင့် မုဆိုးမဟုတ်သူ အပေါင်းတို့၊ ကြီးသည် ငယ်သည်၊ နည်းသည် များသည် မည်သည့်သားကောင်များမဆို ရရှိပါက ဤကဲ့သို့ တစ်ယောက်ကောင်းမစားသုံးပဲ မိမိချစ်သူ ကြင်ယာတော်များနှင့် ဝေငှ မျစားကြပါကုန်။ :)
----------------------------------------------------
မှတ်ရန်။ ။ ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ်လူရွယ်များကြား ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း ရေးသား တင်ပြထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment