၂၀၁၀ ပြည်ထောင်စု ရွေးကောက် ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ အချို့၏ မှတ်တမ်းများ

နိုင်ငံရေး လောက အတွင်း ၀င်ရောက် လာတာ ၂၂ နှစ် ရှိပါပြီ။ ဒီ အတွေ့အကြုံ တွေနဲ့ တိုင်းပြည် အတွက် ကျကျ နန လုပ်ပေး နိုင်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ခက်ခဲတဲ့ အချိန် တွေကိုလည်း ကျော်ဖြတ် ခဲ့ပြီး ပါပြီ။ ပြည်သူတွေ အနေနဲ့ နိုင်ငံရေးကို မထိရဲ ဖြစ်ခဲ့ပေမယ့် အခု ဒီအခြေ အနေကို ပြောင်းပြန် လှန်ပစ် မှာပါ။ ပြည်သူ တွေဟာ နိုင်ငံရေးကို ဆုံးဖြတ် သူတွေ၊ ထိန်းသိမ်း သူတွေ ဖြစ်လာမှာပါ။
(ဦးအေးလွင်၊ ဧပြီလ ၆ ရက်နေ့)

ပါတီအမည် - ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ရက်
- မတ်လ ၂၂ ရက်
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ
- ဦးအေးလွင် (ဥက္ကဋ္ဌ)၊
ဦးခင်မောင်ဦး (ဒုတိယဥက္ကဋ္ဌ)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ - နိုင်ငံတစ်ဝန်းလုံး




ပါတီအမည် - ၈၈ မျိုးဆက်သစ်ကျောင်းသား လူငယ်များ (မြန်မာပြည်)
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ရက်
- မတ်လ ၂၂ ရက်
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ
- ဦးရဲထွန်း (ဥက္ကဋ္ဌ)၊ ဦးသန်းဦး (ဒုတိယဥက္ကဋ္ဌ)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
- နိုင်ငံတစ်ဝန်းလုံး
မှတ်ချက် ။ ။ နိုင်ငံအနှံ့ ကျေးလက် နေသူများ ၏ ဘ၀၊ လယ်သမားများ၏ ဘ၀ကို မြှင့်တင် သွားမယ်။ စီးပွားရေး ပိတ်ဆို့ မှုကို ဆန့်ကျင်တယ်။

(ဦးရဲထွန်း-မတ်လ ၃၁ ရက်နေ့)


ပါတီအမည် - ကရင်ပြည်သူ့ပါတီ
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ရက်
- မတ်လ ၃၁ ရက်
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာပါတီအဖွဲ့ဝင်များ
- ဦးထွန်းအောင်မြင့်(ဥက္ကဋ္ဌ)၊ ဒေါက်တာ စောစိုင်းမွန်သာ (ဒုတိယဥက္ကဋ္ဌ-၁)၊ ဦးစော အေးကို (ဒုတိယဥက္ကဋ္ဌ-၂)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
- ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း
မှတ်ချက်။ ။ တိုင်း ဒေသကြီး သုံးခုနဲ့ ပြည်နယ် တစ်ခုကို ဦးတည်ပြီး လှုပ်ရှား ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲဒီ ဒေသ တွေမှာ ကရင် လူမျိုး တွေလည်း နေထိုင်ကြတဲ့ အတွက် ကြောင့်ပါ။ နောက် ပိုင်းမှာတော့ ကျန်တဲ့ နေရာတွေ ကိုလည်း တိုးချဲ့ သွားဖို့ ရှိပါတယ်။ ကရင် လူမျိုးတွေ အနေနဲ့ ကလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုအနေ နဲ့ ပါဝင် သင့်တယ်လို့ ထင်တဲ့ အတွက် ပါတီဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
(ဒေါက်တာစောစိုင်းမွန်သာ- မတ်လ ၂၇ ရက်)


ပါတီအမည် - ကချင်ပြည်နယ်တိုးတက်ရေးပါတီ
မှတ်ပုံတင်ရန်လျှောက်ထားသည့်နေ့ရက်
- ဧပြီလ ၅ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ
- မြစ်ကြီးနားမြို့ (ကချင်ပြည်နယ်)
စီနီယာပါတီအဖွဲ့ဝင်များ
- ဒေါက်တာတူးဂျာ(ဥက္ကဋ္ဌ)၊ ဦးခေါဘွမ်(ဒုတိယဥက္ကဋ္ဌ-၁)၊ ဦးစန်းခေါင်(ဒုတိယဥက္ကဋ္ဌ-၂)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ကချင်ပြည်နယ်
မှတ်ချက်။ ။ ပါတီအနေနဲ့ ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့မှာ ၀င်ရောက် ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
(ဒေါက်တာတူးဂျာ၊ ဧပြီ ၆ ရက်နေ့)


ပါတီအမည် - ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်
မှတ်ပုံတင်ရန် လျှောက်ထားသည့် နေ့ရက်
- ဧပြီ ၂ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ
- တောင်ကြီး
စီနီယာပါတီအဖွဲ့ဝင်များ
-ဦးအောင်ခမ်းထီ (နာယက)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
- ရှမ်းပြည်နယ်တောင်ပိုင်း
မှတ်ချက်။ ။ ကျွန်တော်တို့ နေရာတိုင်းမှာ မပါဝင်ချင်ပါဘူး။ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ကိုင်မှာပါ၊ ကျွန်တော်က အခြေခံဥပဒေအပေါ်မှာ အကောင်းမြင်ရှိပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ထွက်ပေါက်တစ်ခုလိုမြင်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ဒေသတစ်ခုတည်းတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် မျှော်လင့်ချက်လို့ ကျွန်တော်မြင်ပါတယ်။
(ဦးအောင်ခမ်းထီ-အောက်တိုဘာ ၁ ရက်)



ပါတီအမည်- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရှိရန် လျှောက်ထားသည့်နေ့ရက် - မတ်လ ၂၉ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ
- ဦးထွန်းရီ (ဥက္ကဋ္ဌ)၊ ဦးသန်းတင်၊ ဦးခင်မောင်ကြီး
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
- နိုင်ငံတစ်ဝန်း မဲဆန္ဒနယ် ၂၀၀ ကျော်တွင် ၀င်ရောက်အရွေးခံရန်ရှိ
မှတ်ချက် ။ ။ ဒီရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ကို ကူးပြောင်းမယ့် ရွေးကောက်ပွဲပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးတည်ပြီးလုပ်ဆောင်သွားမှာပါ။
(ဦးသိန်းထွန်း၊ ပါတီ နိုင်ငံရေးရာကော်မတီအတွင်းရေးမှူး - ဧပြီ ၇ ရက်)


ပါတီအမည် - ခေတ်သစ်ပြည်သူ့ပါတီ
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ရက်
- ဧပြီလ ၅ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ
- ဦးထွန်းအောင်ကျော် (ဥက္ကဋ္ဌ)၊ ဦးတင်စိုး (ဒုတိယဥက္ကဋ္ဌ)
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ - ရန်ကုန်၊ ဧရာဝတီ
မှတ်ချက်။ ။ အခြေခံလူတန်းစားတွေနဲ့ လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ချင်ပါတယ်။ အရင်းရှင် အနေနဲ့က သူ့ရဲ့စီးပွားရေးလုပ်ငန်းမှာ ပြန်လည်ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်တဲ့အတွက် အရင်းရှင်စနစ် အောက်မှာ တိုးတက်နိုင်မှ သူတို့ ရဲ့ဘ၀က တိုးတက်နိုင်မှာဖြစ်တယ်။
(ဦးထွန်းအောင်ကျော် - ဧပြီ၃ရက်)



ပါတီအမည် - အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ရက်
- ဧပြီ ၁ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ - ဦးတင်ထွန်းမောင်၊ ဦးအုန်းလွင်၊ ဦးကြည်ဝင်း
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ - မဲဆန္ဒနယ် ၂၀ ခန့် (အများအားဖြင့် တိုင်းဒေသကြီးများတွင်)
မှတ်ချက် ။ ။ ပြည်သူ့လွှတ်တော်အတွင်းကနေ တိုင်းပြည်အတွက် အကျိုးရှိမယ့် မူဝါဒတွေကို ထောက်ခံမယ်။ (ဦးအုန်းလွင်-ဧပြီ ၅ ရက်နေ့)



ပါတီအမည် - ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့
- မတ်လ ၃၁ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ
- ဦးသုဝေ (ဥက္ကဋ္ဌ)၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ဒေါ်သန်းသန်းနု
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်များ
- နိုင်ငံတစ်ဝန်းတွင် ယှဉ်ပြိုင်ရန်မျှော်လင့်
မှတ်ချက်။ ။ မဲတစ်ပြားဟာ အင်မတန်မှ တန်ဖိုးရှိ ပါတယ်၊ တိုင်းပြည်ကို ကောင်းအောင်ဖန်တီးပေးနိုင်သလို၊ ဆိုးအောင်လည်း ဖန်တီးပေးနိုင်တယ်၊ သေသေချာချာ မဲပေးပါ၊ ကိုယ်ယုံကြည်တဲ့ ပါတီအမတ် လောင်းကို မဲပေးပါ။ (ဒေါ်ချိုချိုကျော်ငြိမ်း- ဧပြီ ၆ ရက်နေ့)



ပါတီအမည် - ပြည်ထောင်စုဒီမိုကရေစီပါတီ
မှတ်ပုံတင်ရန် လျှောက်ထားသည့်နေ့ - ဧပြီလ ၇ ရက်နေ့
ရုံးချုပ်တည်ရှိရာဒေသ - ရန်ကုန်
စီနီယာ ပါတီအဖွဲ့ဝင်များ - ဦးဖြိုးမင်းသိန်း (ဥက္ကဋ္ဌ)၊ ဦးဌေး (ဒု-ဥက္ကဋ္ဌ ၁)၊ ဦးသိန်းဌေး (ဒု-ဥက္ကဋ္ဌ ၂)
မှတ်ချက်။ ။ကျွန်တော်တို့က ၁၃၅ မျိုးသော လူမျိုးစုအားလုံးအတွက် အကျိုးရှိမယ့် ပြည်ထောင်စုကို ထူထောင်မယ်။ ကျွန်တော်တို့က လူမျိုးကြီးဝါဒကိုလည်း ဆန့်ကျင်တယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားအမြင်ကိုလည်း ဆန့်ကျင်တယ်။
(ဦးရွှေအုံး - နာယက၊ ဧပြီ ၂၁ ရက်)

http://www.htwdnews.org.uk.tt/

No comments: