အရပ်ဘက်လူ့အဖွဲ့စည်းများ တောင်ကြီးမြို့ ရေမြောင်းသန့်ရှင်းရေးပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီ ၆ ရက် ၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



လူအများစု မလုပ်ချင်သော မြောင်းသန်းရှင်းရေးကို ရပ်ကွက်အတွက် အကျိုးရှိစေရန်ဖြင့် သစ်တောရပ်ကွက် နာရေးကူညီရေးအသင်းနှင့် ဘာသာပေါင်းစုံလူမှုကူညီအသင်းတို့ ပူးပေါင်းပြီး တောင်ကြီးမြို့ သစ်တောရပ် အထက (၁) ကျောင်းဘေး ရေမြောင်းများ အညစ်အကြေးများ ဧပြီ ၆ ရက်နေ့တွင် ရှင်းလင်းကြောင်း သိရသည်။

“တောင်ကြီးမြို့တွင်အမိုက်ပုံများရှိလျက်နှင့် အမိုက်များကို အမိုက်ပုံသို့သွားရောက်စွန့်ပစ်ခြင်းမရှိ၊ ဖြစ်သလိုမြောင်းထဲပစ်ချတဲ့ပြည်သူ၏စိတ်ဓါတ်ကိုပြင်စေချင်သည်” ဟု အဖွဲ့နှစ်ဖွဲ့လုံးအဖွဲဝင်တစ်ဦး ဆရာ ဦးနှင်းထွေးအောင်က ပြောသည်။

ကောင်းတာလုပ်သည်ဖြစ်တဲ့အတွက် ခွင့်ပြုချက်မယူဘဲ၊ တိုင်းပြည်အတွက် တဖက်တလှမ်းအကျိုးရှိစေမည်ဟု ထင်ကြောင်း၊ မြောင်းထဲ သံတိုသံစရှိကြောင်း၊ ကျောင်းနှင့်နီးသော် ကျောင်းကျန်းမာရေးကို မထိခိုက်နိုင်အောင်လည်း ရည်ရွယ်ကြောင်း၊ စည်ပင်ဘက်ကလည်း ကူညီနိုင်မည့် စက်ပစ္စည်းများရှိလျင် လုပ်ပေးမည်ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ပြည်သူလူထုများ အသိစိတ်ရှိရှိဖြစ် အတုယူစေကြောင်း၊ သန်းခေါင်းစာရင်းကိစ္စနှင့် အလုပ်ရှုပ်ကာ လူအင်အားနည်းနေရခြင်းဖြစ်ကြောင်း၊ ဒီထက်ပိုပြီးဆက်လက်ဆောင်ရွက်ရန်ရှိသေးကြောင်း သိရသည်။



No comments: